Tuesday 16 September 2014

အရေးပေါ်လူနာတင်ဆောင်လာသည့် မည်သည့်ယာဉ်မဆို ယာဉ်ကြောကျပ်တည်းမှုပြဿ နာကြောင့် လူနာမထိခိုက်စေရန် အရေးပေါ်အနေဖြင့် ရှေ့မီးထိုး၍ မောင်းခွင့်ရှိသည်ဟုဆို

Photo: အရေးပေါ်လူနာတင်ဆောင်လာသည့် မည်သည့်ယာဉ်မဆို ယာဉ်ကြောကျပ်တည်းမှုပြဿ နာကြောင့် လူနာမထိခိုက်စေရန် အရေးပေါ်အနေဖြင့် ရှေ့မီးထိုး၍ မောင်းခွင့်ရှိသည်ဟုဆို
Tuesday, September 16, 2014

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လမ်းမ ကြီးများပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များတွင် အရေးပေါ်လူနာတင် ဆောင်လာသည့် မည်သည့်ယာဉ် မဆို အရေးပေါ်အနေဖြင့် ရှေ့မီးထိုး ၍ မောင်းခွင့်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင် ကဆိုသည်။

''လူနာတင်ယာဉ်အတွက် တော့ သီးသန့်ယာဉ်ကြော ရှင်းလင်းတာမရှိ ဘူး၊ ဒါပေမဲ့ အရေးပေါ်လူနာပါလာ ရင်တော့ လူနာတင်ယာဉ်မှမဟုတ် ဘူး မည့်သည့်ယာဉ်မဆို ရှေ့မီးကို ဖွင့်ပြီး မောင်းလို့ရပါတယ်။ ဒါဆို အရေးပေါ် အခြေအနေမို့လို့ယာဉ် ထိန်းရဲကလဲ လမ်းကူရှင်းပေးပါ လိမ့်မယ်'' ဟု ၄င်းကဆိုသည်။

ယခုလက်ရှိတွင် ဖြစ်ပေါ်နေ သည့် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာများကြောင့်လူနာများနှင့်အရေးပေါ်ကိစ္စများနှောင့်နှေးမှုများ၊ အ ခက်အခဲများမဖြစ်စေရန် အရေးပေါ် ယာဉ်များဖြစ်သည့် လူနာတင်ယာဉ် များ၊ မီးသတ်ယာဉ်များ၊ လူနာတင် ဆောင်လာသည့် အရေးပေါ်ယာဉ် များစသည့် ယာဉ်များအား ရှေ့မီး ဖွင့်၍ မောင်းလာလျှင် ယာဉ်ထိန်းရဲ များမှ လမ်းကြောင်းဝိုင်းဝန်းကူညီရှင်းလင်းပေးမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ် နေရခြင်းသည် ကိုယ်ပိုင်ယာဉ်၊ အငှား ယာဉ်၊ လမ်းသွားလမ်းလာ၊ လမ်းဘေး ဈေးရောင်းများကြောင့် ဖြစ်ပေါ် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေတစ်ထောင်တွင် ကားအစီး ရေတစ်ရာမှ ခုနစ်ရာအထိ ရှိသော် လည်း မြန်မာနိုင်ငံတွင် လူဦးရေတစ် ထောင်တွင် ကားအစီးရေ ၄ဝခန့် သာရှိသည့်အတွက် ယာဉ်ကြောကျပ် တည်းမှုများသည် ယာဉ်အစီးရေများ လာခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ် စည်းကမ်း ချိုးဖောက်သည့် ယာဉ် မောင်းများကြောင့် ယာဉ်ကြောကျပ် တည်းမှုများ ဖြစ်ပေါ်နေကြောင်း မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုတိ ယဥက္ကဋ္ဌ ဦးအောင်မြင့်က ယာဉ်ကြော ကျပ်တည်းမှု ပြဿ နာဖြစ်ပေါ်နေ သည့် လက်ရှိအခြေအနေအား သုံး သပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာနှင့် ရင်ဆိုင်နေရသည့် နေရာပေါင်းခုနစ် ဆယ်၊ ရှစ်ဆယ်ကျော်ရှိကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆို သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ် တည်းမှုများ ဖြေလျှော့နိုင်ရန် အတွက် ယာဉ်မရပ်ရ လမ်း၈ဝကျော်သတ်မှတ် ကာ ဖမ်းဆီးအရေးယူမှုများ၊ အထူး အဖွဲ့များဖွဲ့ကာ မိုဘိုင်းစနစ်ဖြင့် လှည့် လည်ဖမ်းဆီးမှုများ ပြုလုပ်နေသော် လည်းယနေ့ထိ စည်းကမ်းလိုက်နာ မှုမရှိသည့် ယာဉ်မောင်းများရှိနေသေး ကြောင်း၎င်းကဆိုသည်။

NMK
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Media Group
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လမ်းမ ကြီးများပေါ်တွင် မောင်းနှင်နေသည့် ယာဉ်များတွင် အရေးပေါ် လူနာတင် ဆောင်လာသည့် မည်သည့်ယာဉ် မဆို အရေးပေါ်အနေဖြင့် ရှေ့မီးထိုး ၍ မောင်းခွင့်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင် ကဆိုသည်။
''လူနာတင်ယာဉ်အတွက် တော့ သီးသန့်ယာဉ်ကြော ရှင်းလင်းတာမရှိ ဘူး၊ ဒါပေမဲ့ အရေးပေါ်လူနာပါလာ ရင်တော့ လူနာတင်ယာဉ်မှမဟုတ် ဘူး မည့်သည့်ယာဉ်မဆို ရှေ့မီးကို ဖွင့်ပြီး မောင်းလို့ရပါတယ်။ ဒါဆို အရေးပေါ် အခြေအနေမို့လို့ယာဉ် ထိန်းရဲကလဲ လမ်းကူရှင်းပေးပါ လိမ့်မယ်'' ဟု ၄င်းကဆိုသည်။

ယခုလက်ရှိတွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာများကြောင့်လူနာများနှင့်အရေးပေါ်ကိစ္စ များနှောင့်နှေးမှုများ၊ အခက်အခဲများမဖြစ်စေရန် အရေးပေါ်ယာဉ်များဖြစ်သည့် လူနာတင်ယာဉ်များ၊ မီးသတ် ယာဉ်များ၊ လူနာတင် ဆောင်လာသည့် အရေးပေါ်ယာဉ်များစသည့် ယာဉ်များအား ရှေ့မီးဖွင့်၍ မောင်း လာလျှင် ယာဉ်ထိန်းရဲများမှ လမ်းကြောင်းဝိုင်းဝန်းကူညီရှင်းလင်းပေး မည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ် နေရခြင်းသည် ကိုယ်ပိုင်ယာဉ်၊ အငှား ယာဉ်၊ လမ်းသွားလမ်းလာ၊ လမ်းဘေး ဈေးရောင်းများကြောင့် ဖြစ်ပေါ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေ တစ်ထောင်တွင် ကားအစီး ရေတစ်ရာမှ ခုနစ်ရာအထိ ရှိသော်လည်း မြန်မာနိုင်ငံတွင် လူဦးရေ တစ် ထောင်တွင် ကားအစီးရေ ၄ဝခန့် သာရှိသည့်အတွက် ယာဉ်ကြောကျပ် တည်းမှုများသည် ယာဉ် အစီးရေများလာခြင်းနှင့် မသက်ဆိုင်ဘဲ ယာဉ်စည်းကမ်း ချိုးဖောက်သည့် ယာဉ် မောင်းများကြောင့် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုတိ ယဥက္ကဋ္ဌ ဦးအောင်မြင့် က ယာဉ်ကြော ကျပ်တည်းမှု ပြဿ နာဖြစ်ပေါ်နေ သည့် လက်ရှိအခြေအနေအား သုံး သပ်ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်တည်းမှု ပြဿ နာနှင့် ရင်ဆိုင်နေရသည့် နေရာပေါင်းခုနစ် ဆယ်၊ ရှစ်ဆယ်ကျော်ရှိကြောင်း အ မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆို သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ် တည်းမှုများ ဖြေလျှော့နိုင်ရန် အတွက် ယာဉ်မရပ်ရ လမ်း၈ဝကျော် သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုများ၊ အထူး အဖွဲ့များဖွဲ့ကာ မိုဘိုင်းစနစ်ဖြင့် လှည့် လည်ဖမ်းဆီး မှုများ ပြုလုပ်နေသော် လည်းယနေ့ထိ စည်းကမ်းလိုက်နာ မှုမရှိသည့် ယာဉ်မောင်းများ ရှိနေသေး ကြောင်း ၄င်းကဆိုသည်။

NMK
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group
 

No comments:

Post a Comment