Tuesday 16 September 2014

စီးပွားရေးလုပ်ငန်းများလူမှုစီးပွားတာဝန်သိတတ်မှုမြင့်မားလာစေရန် မန္တလေးတွင် ဒေါက်တာအောင်ထွန်းသက် ဟောပြောမည်

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လူမှုစီးပွားတာ ၀န်သိတတ်မှု များ မြင့်တက်လာ စေရန် ရည်ရွယ်၍ မန္တလေးမြို့ တွင်ပါမောက္ခဒေါက်တာအောင် ထွန်းသက်ကဟောပြောပို့ချမည် ဖြစ်ကြောင်း မြန်မာဂလိုဘယ် ကွန် ပက်ကွန်ရက်ကသတင်းထုတ်ပြန် သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင်လူမှုစီးပွားတာ ၀န်သိတတ်မှုဆိုင်ရာ လက်တွေ့ ဆောင် ရွက်ရေး ခေါင်းစဉ်ဖြင့် ဒေါက်တာအောင်ထွန်းသက်က ဟိုတယ်မန္တလေး၌ စက်တင်ဘာ ၁၈ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ပါမောက္ခဒေါက်တာအောင်   ထွန်းသက်သည် မြန်မာဂလိုဘယ် ကွန်ပက်ကွန်ရက်တွင် ၂၀၁၂ခု နှစ်မှစ၍ ဥက္ကဋ္ဌတာဝန်ယူထားပြီး ကုလသမဂ္ဂဂလိုဘယ်ကွန်ပက်ရုံး ချုပ်၏ ကိုယ်စားလှယ်အဖြစ်တာ ၀န်ထမ်းဆောင် လျက်ရှိသည်။စီး ပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်သိတတ်မှုများမြင့် မားလာစေရန် ပါမောက္ခဒေါက် တာအောင်ထွန်းသက်က ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ ဟောပြော ပို့ချ လျက်ရှိသည်။

ပုဂ္ဂလိကကဏ္ဍ၊ အဆိုပါ ကဏ္ဍနှင့်ဆက်စပ်နေသူများအ နေဖြင့် တာဝန်သိတတ်သော စီးပွား လုပ်ငန်း အသိအမြင်များတိုး ပွားလာစေရန် ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြစ်ပြီးအ သေးစားစီးပွားရေး လုပ်ငန်း ရှင် ၁၀၀ ဦးခန့် တက်ရောက်မည်ဟု ရည်မှန်းထားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

7Day DAILY

No comments:

Post a Comment