Tuesday 16 September 2014

မန္တလေးမြို့ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြင်သစ်အခြေစိုက်အဖွဲ့ တစ်ဖွဲ့ လေ့လာ အကဲဖြတ်

မန္တလေးမြို့၏ သယ် ယူပို့ဆောင်ရေးစနစ်ကို   ပြင် သစ် နိုင်ငံအခြေစိုက်အဖွဲ့တစ်ဖွဲ့က လေ့လာ အကဲဖြတ် ကာ စာတမ်း တစ်စောင်တင်သွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၅ ရက်က ပြင်သစ်နိုင်ငံအခြေစိုက် FASEP အဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော် မတီအပါအဝင် မန္တလေးမြို့ရှိ သယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်သည့် ဌာနဆိုင်ရာအဖွဲ့ အစည်း များမှ တာဝန်ရှိသူများ မန္တလေးစည်ပင် အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတကာအတွေ့အကြုံရှိ ပြင် သစ်အခြေစိုက် FASEP အဖွဲ့က မန္တလေးမြို့ တွင်ဖြစ်ပေါ်နေသော သယ်ယူပို့ဆောင်ရေးအခက်အခဲ များအား ဖြေရှင်းနိုင်မည့် စာတမ်း တစ်စောင် တင်သွင်း သွားကာ အကြံပြုဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့မှ Team Leader Mr Christian Moncet က ပြောကြား သည်။

မန္တလေးမြို့သည် အရေးပါသော မြို့တစ်မြို့ဖြစ်၍  အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကောင်း မွန်စေရန်လုပ် ဆောင်သင့်ကြောင်း၊ လက်ရှိ မန္တလေးမြို့တွင် ဆိုင်ကယ်ခုနစ် သိန်းကျော် ရှိသည်ဟု ဆိုသည့် အတွက် ယင်းဆိုင်ကယ်ပြဿနာ မှာ ကြီးမားနေကြောင်း အထက် ပါပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင် အရေးပါသောလမ်းသတ်မှတ် ချက်များ  လုပ်ဆောင်ထားသည်ကို မတွေ့ရှိ ရကြောင်း၊ မီးရထား သယ်ယူပို့ဆောင်ရေးစနစ်လိုအပ် ချက်ရှိနေသည်ကိုလည်း တွေ့ရှိ ရကြောင်း ၎င်းတို့ က ပြောသည်။

FASEP အဖွဲ့သည် ပြင်သစ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် မန္တလေး မြို့တော် ဖွံ့ဖြိုးရေးအတွက် နည်း ပညာပိုင်း ဆိုင်ရာအကူအညီများ ပံ့ပိုးပေးနေခြင်းဖြစ်သည်။ ယင်းအဖွဲ့သည် မန္တလေးမြို့တော်၏ သယ်ယူ ပို့ဆောင်ရေး အပြင် မြို့ပြ ဖွံ့ဖြိုးရေး၊ ရေဆိုးစွန့်ထုတ်မှု အစရှိသည့်လုပ်ငန်းများကိုလည်း နည်းပညာပိုင်း ကူညီပေးရန် စီစဉ် လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment