Tuesday, 16 September 2014

ပီအာရ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း

Photo: ပီအာရ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း
Tuesday, September 16, 2014

ဒီမိုကရေစီစနစ် ကို စတင်အကောင်အထည်ဖော် နေရသော ယခုကဲ့သို့ အချိန်အခါ တွင် နိုင်ငံအတွက် အခြားအရေး တကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများ မှာ သင့်လျော်မှုမရှိသော လုပ် ဆောင်ချက်များဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသောစာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ယခုလ ၁၅ ရက်တွင် ပြည် ထောင်စုလွှတ်တော်တွင် ကျင်းပ ပြုလုပ်သော ၂၀၁၄ ခုနှစ် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား၌ အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်က စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ယနေ့အ ချိန်အခါကို အခွင့်ကောင်းယူကာ  ယခုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး အ ချိုးကျ ကိုယ်စားပြုစနစ် PR ကဲ့သို့သော ရွေးကောက်ပွဲစနစ် ပြောင်းလဲရေးကိစ္စရပ်များသည် ပြည်သူများ၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီ အချို့မှသာစတင်သော ကိစ္စဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြထား သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်တွင်းရောက်ရှိနေ သည့် နိုင်ငံရေးပါတီ ၁၈ ခုမှ စာ တမ်း ၁၈ စောင် တင်သွင်းခဲ့ကာ ကျောင်းသားလူငယ်များ၏ စာ တမ်း၊ ပြည်သူလူထုကိုယ်စားပြု ကိုယ်စားလှယ်၏ စာတမ်းများ အ ပါအ၀င် စာတမ်း ၁၈ စောင် တင် သွင်းခဲ့သည်။

‘‘ဒီစာတမ်းတွေက တင်ပြီး ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တင်တဲ့အထဲမှာ ကောင်းနိုးရာရာ အချက်တွေကို ရွေးထုတ်ပြီး လွှတ် တော်အနေနဲ့ ဆက်လုပ်သင့်တာ လုပ်သွားမှာပါ။ ပါတီတွေအနေ နဲ့ကလည်း သူတို့ရဲ့ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာဖြစ် တဲ့အတွက် ဆက်ပြီးတော့ ဆောင် ရွက်နေကြမှာပါ’’ ဟု အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက 7Day ၏ မေး မြန်းမှုကို ဖြေကြားရာတွင် ထည့် သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ ဦးဆောင်၍ အဆိုပါ အခမ်းအနား ကို ကျင်းပခဲ့သည်မှာ လေးကြိမ် ရှိပြီဖြစ်ပြီး ယခုနှစ် အခမ်းအနား သို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း စာတမ်းတင်သွင်းမှု မပြုခဲ့ခြင်းအ တွက် မေးမြန်းမှုအပေါ်ဦးဌေးဦး က မိမိတို့ကော်မတီ၏ ဆုံးဖြတ်ချက်အရတင်သွင်းမှုမပြုစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

7Day DAILY 

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ဒီမိုကရေစီစနစ် ကို စတင်အကောင်အထည်ဖော် နေရသော ယခုကဲ့သို့ အချိန်အခါ တွင် နိုင်ငံအတွက် အခြား အရေး တကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများ မှာ သင့်လျော်မှုမရှိသော လုပ် ဆောင်ချက်များဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသောစာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။
ယခုလ ၁၅ ရက်တွင် ပြည် ထောင်စုလွှတ်တော်တွင် ကျင်းပ ပြုလုပ်သော ၂၀၁၄ ခုနှစ် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား၌ အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်က စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီး အထက်ပါ အတိုင်း ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ယနေ့အ ချိန်အခါကို အခွင့်ကောင်းယူကာ  ယခုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး အ ချိုးကျ ကိုယ် စားပြု စနစ် PR ကဲ့သို့သော ရွေးကောက်ပွဲ စနစ် ပြောင်းလဲရေးကိစ္စရပ်များ သည် ပြည်သူ များ၏ တောင်း ဆိုမှုကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီ အချို့မှသာစတင်သော ကိစ္စဖြစ်ကြောင်း ယင်းစာတမ်း တွင် ဖော်ပြ ထား သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်တွင်းရောက်ရှိနေ သည့် နိုင်ငံရေးပါတီ ၁၈ ခုမှ စာ တမ်း ၁၈ စောင် တင် သွင်းခဲ့ကာ ကျောင်းသားလူငယ်များ၏ စာ တမ်း၊ ပြည်သူလူထုကိုယ်စားပြု ကိုယ်စားလှယ်၏ စာတမ်း များအပါအ၀င် စာတမ်း ၁၈ စောင် တင် သွင်းခဲ့သည်။

‘‘ဒီစာတမ်းတွေက တင်ပြီး ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တင်တဲ့အထဲမှာ ကောင်းနိုးရာရာ အချက်တွေ ကို ရွေးထုတ်ပြီး လွှတ် တော်အနေနဲ့ ဆက်လုပ်သင့်တာ လုပ်သွားမှာပါ။ ပါတီတွေအနေ နဲ့ကလည်း သူတို့ရဲ့ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာဖြစ် တဲ့အတွက် ဆက်ပြီးတော့ ဆောင် ရွက်နေကြ မှာပါ’’ ဟု အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်း အနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက 7Day ၏ မေး မြန်းမှုကို ဖြေကြားရာတွင် ထည့် သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ ဦးဆောင်၍ အဆိုပါ အခမ်းအနား ကို ကျင်းပခဲ့သည်မှာ လေးကြိမ် ရှိပြီဖြစ်ပြီး ယခုနှစ် အခမ်းအနား သို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း စာတမ်းတင် သွင်းမှု မပြုခဲ့ခြင်းအတွက် မေးမြန်းမှုအပေါ်ဦးဌေးဦးက မိမိတို့ကော်မတီ၏ ဆုံးဖြတ်ချက်အရ တင်သွင်းမှု မပြုစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment