Tuesday 16 September 2014

ဒုတိယသမ္မတဦးဥာဏ်ထွန်း နန်နင်းတွင်ပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက်

Photo: ဒုတိယသမ္မတဦးဥာဏ်ထွန်း နန်နင်းတွင်ပြုလုပ်သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက်
Tuesday, September 16, 2014

တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ် သီးအစည်းအဝေးကို တက်ရောက် ရန်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၅ရက်ညနေပိုင်းတွင် မြန် မာကုန်စည်ပြပွဲ ပြခန်းများသို့ လှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၅ရက် နံနက် ၉နာရီက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နန်နင်း မြို့သို့ တပ်မတော်လေယာဉ်ဖြင့်ထွက် ခွာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ မွန်းလွဲ ၁၂နာရီခွဲ တွင် ရောက်ရှိခဲ့ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ နန်နင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး မှ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ က ကြိုဆိုပြီး ယင်းမှ လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ထွက်ခွာခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လိယွမ်အစိုးရဧည့်ဂေဟာ တွင်ပြုလုပ်သည့် နှစ်နိုင်ငံဆွေးနွေး ပွဲကိုတက်ရောက်ခဲ့ပြီး ယင်းဆွေးနွေး ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်Mr. Zhang Gaoli နှင့်တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စ ရပ်များဆိုင်ရာကို တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group
တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြ ပွဲနှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ် သီးအစည်းအဝေးကို တက်ရောက် ရန်ရောက် ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်သော မြန်မာ ကိုယ် စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၅ရက်ညနေပိုင်းတွင် မြန် မာကုန်စည်ပြပွဲ ပြခန်းများသို့ လှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၅ရက် နံနက် ၉နာရီက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နန်နင်း မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထွက် ခွာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ မွန်းလွဲ ၁၂နာရီခွဲ တွင် ရောက်ရှိခဲ့ရာ တရုတ်ပြည် သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ နန်နင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး မှ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်း များ က ကြိုဆိုပြီး ယင်းမှ လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ထွက်ခွာခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် လိယွမ်အစိုးရဧည့်ဂေဟာ တွင်ပြုလုပ်သည့် နှစ်နိုင်ငံဆွေးနွေး ပွဲကိုတက်ရောက်ခဲ့ပြီး ယင်းဆွေးနွေး ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်Mr. Zhang Gaoli နှင့်တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စ ရပ်များဆိုင်ရာကို တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group 

No comments:

Post a Comment