Tuesday 16 September 2014

ကားမောင်းစနစ်ပြောင်းလဲခြင်းက မြန်မာအတွက် ပြဿနာဖြစ်လာနိုင်

Photo: ကားမောင်းစနစ်ပြောင်းလဲခြင်းက မြန်မာအတွက် ပြဿနာဖြစ်လာနိုင်
Tuesday, September 16, 2014

မြန်မာနိုင်ငံက  လမ်း များပေါ်မှာ ခပ်ကြမ်းကြမ်း  ဖို့ဒ်ထရက် ကားကနေပြီး ဂျက်ကွာပြိုင်ကား ထိ နိုင်ငံခြားဖြစ်ကားမျိုးစုံများက ရောက်ရှိလာနေကြပါသည်။ သို့ အတွက် ကားအများစုက လမ်း ကြောင်း   ပြောင်းပြန်မောင်းနေ သည့် မြန်မာနိုင်ငံမှာ ယာဉ်မောင်းနှင်သည့်ပုံစံပြောင်းလဲဖို့အတွက် ပထမဆုံးရှေ့ပြေးခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ရန်ကုန်ရှိ ခမ်းနားသော ကား အရောင်းပြခန်းကြီးများတွင် မ ကြာသေးခင်ကမှ ရောက်လာကြ သည့် အနောက်တိုင်းထုတ်ကား တွေက နည်းပါးပါသေးသည်။ သို့ သော်လည်း ကားလမ်းကြောင်းက ညာဘက်မောင်းစနစ်သုံးပြီး ညာ ဘက်မောင်းသူတွေများသည့် နိုင် ငံအတွက် ပြဿနာတွေ တိုးလာ ပါသည်။

ထိုပြဿနာက တကယ့်ကို နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ပြဿနာကြီးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတကာစီးပွားရေးစနစ်တွင် တိုးဝင်လာသော မြန်မာနိုင်ငံအနေဖြင့်     လူထုဘေးကင်းအန္တရာယ်ကင်းရေးအတွက် အနှစ်ငါးဆယ်ကျော် ထိန်းသိမ်းလာသော အစဉ်အလာတစ်ခုကို စွန့်လွှတ်မလားဆိုတာ အငြင်းအခုံဖြစ်လာပါပြီ။

‘‘ဒါက အဓိပ္ပာယ်မရှိတဲ့ မူဝါ ဒတွေရဲ့ ဥပမာတစ်ခုပဲ။ ဒီကိစ္စ က   ဆယ်နှစ်ကျော်လောက်က တည်းက ပြောင်းသင့်နေတာ’’ဟု အရှေ့တောင်အာရှလေ့လာရေး ဆိုင်ရာ   ပညာရှင်အဖွဲ့တစ်ခုမှ ဒေါ်မိုးသူဇာက ပြောကြားသည်။

ညာမောင်းကားတွေက မြန် မာနိုင်ငံက လမ်းတွေပေါ်မှာ မောင်းနေကြသော ကားများ၏ ကိုးဆယ် ရာခိုင်နှုန်းဖြစ်ပြီးနေ့တိုင်း ရင်တ မမဖြစ်နေရပါသည်။ ယာဉ်မောင်းတွေက ကားတွေကို ကျော်ရသည့် အခါ အခြားယာဉ်ကြောဘက်မှ မြင်ကွင်းကို ကွယ်သွားသလိုမျိုး ဖြစ်ကြသည်။ ဘတ်စ်ကားဒရိုင် ဘာများအနေနှင့်လည်း ညာဘက် မှာ ခရီးသည်တင်ချရသည့်အခါ ပလက်ဖောင်းဘေးထက် လမ်းမ ပေါ်မှာချရသလို ဖြစ်နေသည်။

‘‘အဝေးပြေးမောင်းတဲ့အခါ တော့     ပြဿနာနည်းနည်းရှိ တယ်’’ဟု ရန်ကုန်မှ အငှားယာဉ် မောင်းသူ ကိုမင်းက ပြောပါသည်။တစ်ခါတလေတွင် သူက ဘယ် ဘက်ကမမြင်ရသောအရာများအ  တွက် ခေါင်းကိုရှင်ရှင်ထားကြည့် ပြီး မောင်းရသည်။

ရက်စက်သော စစ်အာဏာ ရှင် ဦးနေ၀င်းလက်ထက်တွင် မြန် မာက ဘယ်ဘက်မောင်းစနစ်က နေ ညာဘက်ကိုပြောင်းခဲ့ခြင်းဖြစ် ပြီး အနှစ်လေးဆယ်လောက် ကျော်နေပြီ ဖြစ်ပါသည်။ ဗြိတိသျှ ကိုလိုနီစနစ်အောက်တွင်    ဘယ် မောင်းစနစ်ကနေ   ညာဘက်သို့ ပြောင်းရခြင်းမှာ ဗေဒင်ကို ယုံ ကြည်သောသူ၏ ကံကောင်းသော ဂဏန်းပါသည့် ငွေစက္ကူများထုတ် ဝေခဲ့သည့် ခေါင်းဆောင် ဦးနေ ၀င်းကြောင့်ဟု    ပြောလေ့ရှိကြ သည်။ မြန်မာစစ်အာဏာရှင်များ လက်ထက်တွင် အနောက်နိုင်ငံ များက ပိတ်ဆို့မှုများကြောင့် ဘယ် မောင်းစနစ်ဖြစ်သည့် မြောက်အ မေရိကနှင့် ဥရောပမှကားများ တင်သွင်းခွင့်ပိတ်ထားရသည်။ ထို့ကြောင့် ဘယ်ရောညာရောမောင်း သည့် ဂျပန်နှင့် ထိုင်းကဲ့သို့ နိုင်ငံ များမှ ကားများကို တင်သွင်းရ သည်။

၂၀၁၁ ခုနှစ် မြန်မာစစ်တပ်က  အာဏာကိုလွှဲပြောင်းမှုကြောင့် အနောက်နိုင်ငံက ကားထုတ်လုပ်သူ များလည်း မြန်မာကို ပြန်လည်ဝင် ရောက်လာပြီး ဘယ်မောင်းကား တွေကို သွင်းလာကြပါသည်။ အ ချို့နေရာများတွင် ကားအသစ် တင်ပို့မှုများသည် တစ်ပုံစံတည်း ဖြစ်ရမည်ဟု ဆိုသည်။

‘‘ဒါဘေးကင်းစေရေးမှာ တာ ၀န်ရှိတဲ့ အနေအထားပဲလို့ ကျွန် တော်ထင်ထားတယ်။ ကျွန်တော် တို့ကတော့ ဘယ်မောင်းဈေး ကွက်ကို ထူထောင်ထားတယ်’’ဟု ဖို့ဒ်ကားကုမ္ပဏီက အာရှဈေး ကွက်ဆိုင်ရာ တာဝန်ရှိသူဒေးဗစ် ၀ကိစတာမန်က ဆိုပါသည်။

သို့သော်လည်း မြန်မာကား ဈေးကွက်ကို လွှမ်းမိုးထားသည့် ပုဂ္ဂလိက ကားတင်သွင်းသူများထံ မှ ကန့်ကွက်သံတွေ ထွက်လာပါ သည်။ အကဲခတ်တချို့က လူအ နည်းငယ်လောက်ပဲ အမေရိက နှင့် ဥရောပမှ  ဘယ်မောင်းကား များကို တင်သွင်းနိုင်သည်ဟု ဆို သည်။ မြန်မာနိုင်ငံမှာ တိုးတက် နေသော်လည်း လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ တစ်နှစ်ကို ဒေါ်လာတစ်ထောင်အောက်မှာသာ ရှိသေးသည်။

‘‘တတ်နိုင်မှုဆိုတာကလည်း ပြဿနာတစ်ခုပဲ။ အခုလူလတ် တန်းစားမိသားစုတွေက ပထမ ဆုံးကားဝယ်ဖို့ တတ်နိုင်လာပြီ။ ဒါ ကောင်းတဲ့ တိုးတက်မှုပဲ။ ဒါပေမဲ့တခြားအကျိုးဆက်တွေလည်း ရှိ လာတယ်’’ဟု သမ္မတဦးသိန်းစိန် ၏ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောကြား ပါသည်။

မြန်မာအရပ်သားအစိုးရအ နေဖြင့် ဘယ်မောင်းညာမောင်း စနစ်ပြဿာနာကို ရိပ်စားသိရှိနေ သော်လည်း လာမည့်နှစ်မှာ ရွေး ကောက်ပွဲရှိနေသည့်အတွက် တိုင်းပြည်က    ကားအများစုကို လမ်းပေါ်မှ ပျောက်သွားစေတာ မျိုးလည်း မလုပ်ချင်ပါ။ သည်ပြ ဿနာကြောင့် နိုင်ငံရေးပြဿနာ ဖြစ်လာသည်မျိုးလည်း မဖြစ်စေ ချင်။  အခြားပြဿနာအများအ ပြားလည်း တိုင်းပြည်မှာရှိနေသေး သဖြင့် သည်ပြဿနာကို လတ်တ လောမှာ ဖြေရှင်းဖို့ မဖြစ်နိုင်သေး ပါ။ ‘‘ဘယ်မောင်းစနစ်ကို ပြန် သွားမယ်ဆိုရင်တော့ ယာဉ်တိုက် မှုတွေတော့ ရှိမှာပေါ့လေ။ ဒါပေ မဲ့ အခုလောက်တော့ ဆိုးမှာမ ဟုတ်ဘူး’’ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက   အကြံပြုပြောကြားပါ သည်။

(The Financial Times သတင်းစာပါဆောင်းပါးရှင် Michael Peel ရေးသားသော Car Quirk Poses Quandary For Myanmar ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)

7Day DAILY

ကမာရွတ်လှည်းတန်းခုံးကျော်တံတားအနီး ပြည်လမ်းမကိုမြင်ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
ကမာရွတ်လှည်းတန်းခုံးကျော်တံတားအနီး ပြည်လမ်းမကိုမြင်ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
မြန်မာနိုင်ငံက  လမ်းများပေါ်မှာ ခပ်ကြမ်းကြမ်း ဖို့ဒ်ထရက်ကားကနေပြီး ဂျက်ကွာပြိုင်ကားထိ နိုင်ငံခြားဖြစ် ကားမျိုးစုံများက ရောက်ရှိလာနေကြပါသည်။ သို့အတွက် ကားအများစုက လမ်း ကြောင်း   ပြောင်းပြန်မော င်းနေ သည့် မြန်မာနိုင်ငံမှာ ယာဉ်မောင်းနှင်သည့်ပုံစံပြောင်းလဲဖို့အတွက် ပထမဆုံးရှေ့ပြေးခြေလှမ်း တစ်ခု ဖြစ် လာနိုင် ပါသည်။
ရန်ကုန်ရှိ ခမ်းနားသော ကား အရောင်းပြခန်းကြီးများတွင် မ ကြာသေးခင်ကမှ ရောက်လာကြ သည့် အနောက်တိုင်းထုတ်ကား တွေက နည်းပါးပါသေးသည်။ သို့ သော်လည်း ကားလမ်းကြောင်းက ညာဘက်မောင်းစနစ်သုံးပြီး ညာ ဘက်မောင်းသူတွေများသည့် နိုင် ငံအတွက် ပြဿနာတွေ တိုးလာ ပါသည်။

ထိုပြဿနာက တကယ့်ကို နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ပြဿနာကြီးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတကာစီးပွားရေးစနစ်တွင် တိုးဝင်လာသော မြန်မာနိုင်ငံအနေဖြင့် လူထုဘေးကင်း အန္တရာယ်ကင်းရေး အတွက် အနှစ်ငါးဆယ်ကျော် ထိန်းသိမ်းလာသော အစဉ်အလာတစ်ခုကို စွန့်လွှတ်မလားဆိုတာ အငြင်း အခုံဖြစ်လာပါပြီ။

‘‘ဒါက အဓိပ္ပာယ်မရှိတဲ့ မူဝါဒတွေရဲ့ ဥပမာတစ်ခုပဲ။ ဒီကိစ္စက ဆယ်နှစ်ကျော်လောက်က တည်း က ပြောင်းသ  င့်နေတာ’’ဟု အရှေ့တောင်အာရှလေ့လာရေး ဆိုင်ရာ   ပညာရှင်အဖွဲ့တစ်ခုမှ ဒေါ်မိုးသူဇာ က ပြောကြားသည်။

ညာမောင်းကားတွေက မြန် မာနိုင်ငံက လမ်းတွေပေါ်မှာ မောင်းနေကြသော ကားများ၏ ကိုးဆယ် ရာ ခိုင်နှုန်းဖြစ်ပြီးနေ့တိုင်း ရင်တ မမဖြစ်နေရပါသည်။ ယာဉ်မောင်းတွေက ကားတွေကို ကျော်ရသည့် အခါ အခြား ယာဉ်ကြောဘက်မှ မြင်ကွင်းကို ကွယ်သွားသလိုမျိုး ဖြစ်ကြသည်။ ဘတ်စ်ကားဒရိုင် ဘာများ အနေနှင့် လည်း ညာဘက် မှာ ခရီးသည်တင်ချရသည့်အခါ ပလက်ဖောင်းဘေးထက် လမ်းမ ပေါ်မှာချရ သလို ဖြစ်နေသည်။

‘‘အဝေးပြေးမောင်းတဲ့အခါ တော့     ပြဿနာနည်းနည်းရှိ တယ်’’ဟု ရန်ကုန်မှ အငှားယာဉ် မောင်းသူ ကိုမင်း က ပြော ပါသည်။ တစ်ခါတလေတွင် သူက ဘယ် ဘက်ကမမြင်ရသောအရာများအ  တွက် ခေါင်းကိုရှင်ရှင် ထားကြည့် ပြီး မောင်းရသည်။

ရက်စက်သော စစ်အာဏာ ရှင် ဦးနေ၀င်းလက်ထက်တွင် မြန် မာက ဘယ်ဘက်မောင်းစနစ်က နေ ညာ ဘက်ကိုပြောင်းခဲ့ခြင်းဖြစ် ပြီး အနှစ်လေးဆယ်လောက် ကျော်နေပြီ ဖြစ်ပါသည်။ ဗြိတိသျှ ကိုလိုနီ စနစ်အောက် တွင်    ဘယ် မောင်းစနစ်ကနေ   ညာဘက်သို့ ပြောင်းရခြင်းမှာ ဗေဒင်ကို ယုံ ကြည်သော သူ၏ ကံကောင်းသော ဂဏန်းပါသည့် ငွေစက္ကူများထုတ် ဝေခဲ့သည့် ခေါင်းဆောင် ဦးနေ ၀င်းကြောင့် ဟု    ပြောလေ့ရှိကြ သည်။ မြန်မာစစ်အာဏာရှင်များ လက်ထက်တွင် အနောက်နိုင်ငံ များက ပိတ်ဆို့မှု များကြောင့် ဘယ် မောင်းစနစ်ဖြစ်သည့် မြောက်အ မေရိကနှင့် ဥရောပမှကားများ တင်သွင်းခွင့် ပိတ်ထားရသည်။ ထို့ကြောင့် ဘယ်ရောညာရောမောင်း သည့် ဂျပန်နှင့် ထိုင်းကဲ့သို့ နိုင်ငံ များမှ ကားများကို တင်သွင်းရ သည်။

၂၀၁၁ ခုနှစ် မြန်မာစစ်တပ်က  အာဏာကိုလွှဲပြောင်းမှုကြောင့် အနောက်နိုင်ငံက ကားထုတ်လုပ်သူ များ လည်း မြန်မာကို ပြန်လည်ဝင် ရောက်လာပြီး ဘယ်မောင်းကား တွေကို သွင်းလာကြပါသည်။ အချို့နေရာ များတွင် ကားအသစ် တင်ပို့မှုများသည် တစ်ပုံစံတည်း ဖြစ်ရမည်ဟု ဆိုသည်။

‘‘ဒါဘေးကင်းစေရေးမှာ တာ ၀န်ရှိတဲ့ အနေအထားပဲလို့ ကျွန် တော်ထင်ထားတယ်။ ကျွန်တော် တို့ကတော့ ဘယ်မောင်းဈေး ကွက်ကို ထူထောင်ထားတယ်’’ဟု ဖို့ဒ်ကားကုမ္ပဏီက အာရှဈေး ကွက်ဆိုင်ရာ တာဝန်ရှိ သူဒေးဗစ် ၀ကိစတာမန်က ဆိုပါသည်။

သို့သော်လည်း မြန်မာကား ဈေးကွက်ကို လွှမ်းမိုးထားသည့် ပုဂ္ဂလိက ကားတင်သွင်းသူများထံ မှ ကန့်ကွက် သံတွေ ထွက်လာပါ သည်။ အကဲခတ်တချို့က လူအ နည်းငယ်လောက်ပဲ အမေရိက နှင့် ဥရောပမှ  ဘယ်မောင်းကား များကို တင်သွင်းနိုင်သည်ဟု ဆို သည်။ မြန်မာနိုင်ငံမှာ တိုးတက် နေသော်လည်း လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ တစ်နှစ်ကို ဒေါ်လာတစ်ထောင်အောက်မှာသာ ရှိသေးသည်။

‘‘တတ်နိုင်မှုဆိုတာကလည်း ပြဿနာတစ်ခုပဲ။ အခုလူလတ် တန်းစားမိသားစုတွေက ပထမ ဆုံးကားဝယ်ဖို့ တတ်နိုင်လာပြီ။ ဒါ ကောင်းတဲ့ တိုးတက်မှုပဲ။ ဒါပေမဲ့တခြားအကျိုးဆက်တွေလည်း ရှိ လာတယ်’’ဟု သမ္မတ ဦးသိန်းစိန် ၏ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောကြား ပါသည်။

မြန်မာအရပ်သားအစိုးရအ နေဖြင့် ဘယ်မောင်းညာမောင်း စနစ်ပြဿာနာကို ရိပ်စားသိရှိနေ သော်လည်း လာမည့်နှစ်မှာ ရွေး ကောက်ပွဲရှိနေသည့်အတွက် တိုင်းပြည်က    ကားအများစုကို လမ်းပေါ်မှ ပျောက် သွားစေတာ မျိုးလည်း မလုပ်ချင်ပါ။ သည်ပြ ဿနာကြောင့် နိုင်ငံရေးပြဿနာ ဖြစ်လာသည်မျိုးလည်း မဖြစ်စေ ချင်။  အခြားပြဿနာအများအ ပြားလည်း တိုင်းပြည်မှာရှိနေသေး သဖြင့် သည်ပြဿနာကို လတ်တ လောမှာ ဖြေရှင်းဖို့ မဖြစ်နိုင်သေး ပါ။ ‘‘ဘယ်မောင်းစနစ်ကို ပြန် သွားမယ်ဆိုရင်တော့ ယာဉ်တိုက် မှုတွေတော့ ရှိမှာပေါ့လေ။ ဒါပေ မဲ့ အခုလောက်တော့ ဆိုးမှာမ ဟုတ်ဘူး’’ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက   အကြံပြုပြောကြားပါ သည်။

(The Financial Times သတင်းစာပါဆောင်းပါးရှင် Michael Peel ရေးသားသော Car Quirk Poses Quandary For Myanmar ဆောင်းပါးကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)

7Day DAILY

No comments:

Post a Comment