Tuesday 16 September 2014

ဆောက်သမ်းအသင်း ပြည်ပနည်းပြနေရာတွင် ပြည်တွင်းနည်းပြအစားထိုးမည်

ဆောက်သမ်းမြန်မာ အသင်းကို ငါးနှစ်ကြာတာဝန်ယူ ကိုင်တွယ်ခဲ့သည့် သြစတြေးလျ နိုင်ငံသား ကင်ဝေါ်ဒန် မှာ ယခုရာ သီကုန်တွင် အသင်းနှင့် လမ်းခွဲ တော့မည်ဖြစ်၍ ၎င်း၏ နေရာတွင်ပြည်တွင်း နည်းပြ တစ်ဦးဖြင့်သာ အစားထိုးသွားမည်ဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့တွင် အသစ်ခေါ်ယူ ထား သည့် နိုင်ငံခြားသားကစားသမားများကိုလည်း ထပ်မံစာချုပ်သစ် ချုပ်ဆိုတော့မည် မဟုတ်ကြောင်း သတင်း ရရှိ သည်။‘‘ရာသီကုန်မှာ ဆောက်သမ်း အသင်းနဲ့ လမ်းခွဲတော့မယ်။ ဒီမှာ နေခဲ့တဲ့ ငါးနှစ်အတွင်းမှာ အသင်းပိုင်ရှင်၊ အသင်းမှာ တာဝန်ရှိသူ တွေရဲ့ ကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်’’ဟု ကင်ဝေါ် ဒန်က ပြောသည်။
ဆောက်သမ်းနည်းပြအနေ ဖြင့် ဆောက်သမ်းအသင်းကို မြန် မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ချိန်မှ ကိုင် တွယ် ခဲ့ပြီး အသင်းရှိ လူငယ်ကစားသမားများ၏ ခြေ စွမ်းပိုင်းတွင် တိုးတက်လာ ခဲ့ကြောင်း  ဆောက်သမ်း အသင်းကိုလည်း အ လယ်အလတ်အဆင့်တစ်ခုတွင် ရောက်ရှိအောင် စွမ်းဆောင်ပေး နိုင် ခဲ့ကြောင်း ဆောက်သမ်းအသင်းအုပ်ချုပ်သူ ဦးမြင့်ကြူးက ပြောသည်။

‘‘ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတာ ဟုတ်ပါ တယ်။ ကျွန်တော်တို့ အသင်းထက် ပိုက်ဆံ ပိုပေးနိုင် မယ့် နိုင်ငံခြား ကလပ်အသင်းကို ပြောင်းမှာပါ’’ဟု ၎င်းကပြောသည်။ ဆောက်သမ်းအသင်းသည် နည်းပြ ကင်ဝေါ်ဒန်ထွက်ခွာသွားပါက ၎င်း၏ နေရာတွင် ပြည်တွင်းနည်းပြကိုသာ အစားထိုးသွားမည်ဖြစ်ပြီး အသင်းတွင် ကစားလျက်ရှိသော ကစားသမားများ၏ ခြေစွမ်းပိုင်းတိုးတက်ရန် အဓိကထားကြောင်း ဦးမြင့်ကြူးက ပြောသည်။

ဆောက်သမ်းနည်းပြ ကင် ဝေါ်ဒန်သည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲလက် ကျန်နှစ်ပွဲကို ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ ၁၉ ရက်တွင်မနောမြေ အသင်းနှင့် ယှဉ်ပြိုင်ရ မည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment