Tuesday 16 September 2014

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တပ်မတော်အရာရှိ တစ်ဦးကိုပုဒ်မ ၄၃၆ပြင်ဆင် လှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကြောင့် အ ရေးယူထားသည်ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ဘဲ မူလ ကတည်းက အုပ်ချုပ်မှု လျော့ရဲသည့်ဖြစ်စဉ် ကြောင့် တပ်တွင်းအရေးယူ မှုကို ပြုလုပ် ထားခြင်းဖြစ်ကြောင်း တပ် မတော်အရာရှိကြီးတစ်ဦးကပြော ကြားလိုက်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် လုံခြုံရေးနှင့် နယ်စပ် တည်ငြိမ်အေးချမ်းရေး တာဝန်  ထမ်းဆော င်နေသော ဗိုလ်မှူး  ကျော်စွာဝင်းမှာ မန္တလေးမြို့တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီနှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်းဆောင်ရွက်သည့်ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင် ရေးလှုပ်ရှားမှုတွင် ပါဝင်လက် မှတ်ရေးထိုးခြင်းကြောင့် ပြင်ဦး လွင်မြို့တွင် ဖမ်းဆီးခံနေရ ကြောင်းသတင်းများအပေါ်တပ်မ တော်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူက  ငြင်းဆို လိုက်ခြင်း လည်း ဖြစ် သည်။

‘‘တပ်မှာ သူက အရင်က တည်းက Case တစ်ခုရှိနေတယ်။ ဒီပုဒ်မ ၄၃၆ကိစ္စကြောင့်အရေးယူ တာမဟုတ် ပါဘူး။ အဲဒီလက်မှတ် ထိုးတဲ့အချိန်မှာတောင် အရေးယူ တဲ့ဖြစ်စဉ်က ဖြစ်နေပြီ။အုပ်ချုပ် မှု လျော့ရဲတဲ့ဖြစ်စဉ် ပါ။ သူ့ကြောင့် ဆရာကြီးတစ်ဦးဆုံးသွားတာဖြစ် တယ်။ တာဝန်ရှိတဲ့ အဆင့်အ လိုက်မှာ သူက နည်းနည်းလေးကြီး တဲ့အမှု ကျူးလွန်ထားတာ ဖြစ် တယ်။ အဲဒါနဲ့ပတ်သက်လို့အရေး ယူဖို့လုပ်နေတုန်းမှာ အခုကိစ္စဖြစ် လာတာပါ။ အခု ပြင်ဦးလွင်မှာ ချုပ်ထားတာတော့မဟုတ်ပါဘူး’’ ဟု ၎င်းကပြောသည်။

တပ်မတော်သားများကိုမည် သည့်ပါတီ၊ မည်သည့်နိုင်ငံရေးသ ဘောထားကိုမဆို မိမိစိတ်ဆန္ဒနှင့် အညီထောက်ခံရပ်တည်နိုင်ခွင့်ရှိ ကြောင်းနှင့်ပုဒ်မ ၄၃၆လက်မှတ်မ ရေးထိုးရန် ဖိအားပေးထားခြင်း၊ ကန့်သတ်ထားခြင်းလည်း မရှိ ကြောင်း ၎င်းကပြောသည်။

အဆိုပါဗိုလ်မှူး၏ လက်ရှိ အခြေအနေကို ထုတ်ဖော်ပြော ဆိုနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

သို့တော် တပ်မတော်တွင် တပ်မတော်အရာရှိများသာမက ၎င်းတို့၏ မိသားစုဝင်များပါသက် ဆိုင်ရာ တပ်ရင်းမှူးများ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်လှုပ်ရှားမှုများတွင်မှ ပါဝင်လေ့မရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ တာ ၀န်ရှိသူ တစ်ဦးက ပြောကြား သည်။

ဗိုလ်မှူးကျော်စွာဝင်းမှာ ရခိုင်ပြည်နယ်တွင်တာဝန်ကျနေပြီး မန္တလေးတွင် ပုဒ်မ ၄၃၆လက်မှတ် လာရောက်ရေးထိုးစဉ်က တရား ၀င်ခွင့် (သို့မဟုတ်) တာဝန်ဖြင့်လာရောက်ခြင်း မဟုတ်ခဲ့ပါကတာဝန် ပျက်ကွက်မှုဖြင့် ထပ်မံအရေးယူခံရခြင်း ဖြစ်နိုင်ကြောင်းဒုတိယဗိုလ်မှူးကြီးဟောင်း တစ်ဦးကလည်း ပြော ကြား သည်။

ပုဒ်မ ၄၃၆လက်မှတ်ရေးထိုး ရေးလှုပ်ရှားမှုများတွင် အစိုးရ၀န် ထမ်းများ၊ တပ်မတော်အရာရှိ များ လက်မှတ်ရေးထိုးမှု များရှိခဲ့ ပြီး နောက်ပိုင်းတွင်လက်မှတ်ရေး ထိုးသည့်နေရာ၌ သတင်းအထူး တပ်ဖွဲ့မှ မှတ်တမ်းများ လိုက်လံရယူခြင်း၊ ဌာနတွင်း ခေါ်ယူမေးမြန်းခြင်းတို့ ပြုလုပ်ခြင်း ခံခဲ့ရသည်။

လက်ရှိတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုအ တွက် လက်မှ တ်ပေါင်း ငါးသန်းရ ရှိထားပြီး ယခုလွှတ်တော်အစည်း အဝေးတွင် လွှတ်တော်သို့တင်ရန် စီစဉ်ထားပြီးဖြစ် သည်။

7Day DAILY

No comments:

Post a Comment