Tuesday 16 September 2014

မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်ဦးဆောင်နေဆဲ

ယခုဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာ သော ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကြောင်း မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သ တင်းရရှိသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုမှာ ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော ပမာဏ၏ ထက် ၀က်ကျော်ဖြစ်သော ကန် ဒေါ်လာ ၃ ဘီလီယံကျော်ဝင် ရောက်ပြီးဖြစ်သည်ဟုဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏကို ကန်ဒေါ်လာ ငါးဘီလီယံ ၀င်ရောက်ရန် မျှော်မှန်းထားပြီး ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက် ငါးလတာကာလအတွင်း၌ပင် ကန်ဒေါ်လာ ၃ ဒသမ ၃၂၅ ဘီလီ ယံဝင်ရောက် ပြီးဖြစ်ကြောင်း အ ဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင် ငံတို့၏ ရင်းနှီးမြှုပ်နှံမှုတစ်ဟုန်ထိုး ကျဆင်းသွားခြင်းကို စတမ်ဆန် အစီရင်ခံစာ၌ မှတ်တမ်းများဖြင့် ဖော်ပြထားရာ ၂၀၀၈-၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ် နှံမှုဒေါ်လာသန်း ၁၃၀၀ ကျော် ရှိခဲ့ရာက ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်ပြီး ယင်းပမာဏသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ရင်း နှီးမြှုပ်နှံမှုအများဆုံးနေရာတွင် ရှိ နေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက်ပံတန်းကြေးနီ စီမံ ကိန်းနှင့် တရုတ်-မြန်မာဓာတ်ငွေ့ပိုက် လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက် များတွင် ဒေသခံများက ဆန့်ကျင် ကန့်ကွက်ကြရာတွင် တရုတ်ရင်း နှီးမြှုပ်နှံသူများအတွက် ပြဿနာ များဖြစ်ပေါ်ခဲ့ရပြီး မသေချာ၊ မရေရာသည့် အနေအထားကို ရောက်ခဲ့ရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င် ရောက်ရာတွင် အထည်ချုပ်လုပ်ငန်းမှာ အများဆုံး ဖြစ်နေပြီး ခဲသတ္တု လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ထား ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment