Tuesday 16 September 2014

ရန်ကုန်နဲ့မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB

Photo: ရန်ကုန်နဲ့မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB
Tuesday, September 16, 2014

 ဧပြီလအတွင်းက လာ ရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေ အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး မန္တ လေးမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ဒိုင်းမွန်းစင်တာအပေါ် ထပ်၌လည်းကောင်း၊ ရန်ကုန်မြို့ ၌ စက်တင်ဘာ ၂၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ လည်းကောင်းပြုလုပ်မည်ဖြစ် သည်။

‘‘ရန်ကုန်နဲ့ မန္တလေးနှစ်ပွဲ လုပ်ဖြစ်တာက ရန်ကုန်မှာတော့ ဧပြီလတုန်းက လုပ်ပြီးပြီ။ အဲဒါ ကြောင့် ဖျော်ဖြေတင်ဆက်မှု အသစ်တွေ လုပ်ပြချင်တယ်။ မန္တလေးမှာတော့ ကေပေါ့ပ်က မရောက်သေးဘူး။ အဲဒါကြောင့် မန္တလေးမှာလည်း ကေပေါ့ပ်ကို ထိုးဖောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ’’ဟု ယင်းဖျော်ဖြေပွဲစီစဉ်ကျင်း ပသည့် လရိပ်ဝါကုမ္ပဏီမှ မ ဆောင်းသက်ဇွန်စိုးကပြောသည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့ သော ဖျော်ဖြေပွဲတွင် M.I.B အဖွဲ့ သည် ပရိသတ်အများဆုံးအားပေး မှုရရှိခဲ့ပြီး ယခုဖျော်ဖြေပွဲတွင် M.I.B အဖွဲ့နှင့်အတူ အမျိုးသမီး ဆယ်ကျော်သက် ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 4 Ten အဖွဲ့ လည်း ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

လက်မှတ်ခဈေးနှုန်းများကို ရန်ကုန်တွင် ကျပ်ခုနစ်သောင်း နှင့် ကျပ်သုံးသောင်း နှစ်မျိုးသတ် မှတ်ထားပြီး မန္တလေးဖျော်ဖြေပွဲ တွင် ကျပ် ငါးသောင်းတန်လက် မှတ်များကိုပါရောင်းချပေးသွား မည်ဖြစ်သည်။

‘‘မန္တလေးပွဲအတွက် လက် မှတ်တွေကိုတော့ စက်တင်ဘာ  ၆ ရက်မှာ စ၀ယ်လို့ရပါပြီ။ ရန် ကုန်ပွဲအတွက်ကိုတော့ နောက် ရက်မှာ စရောင်းပေးမှာပါ’’ဟု  မဆောင်းသက်ဇွန်စိုးက  ပြော သည်။

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 ဧပြီလအတွင်းက လာရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့်M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။
ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေ အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး မန္တ လေးမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ဒိုင်းမွန်းစင်တာအပေါ် ထပ်၌လည်းကောင်း၊ ရန်ကုန်မြို့ ၌ စက်တင်ဘာ ၂၈ ရက် တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ လည်းကောင်းပြုလုပ်မည်ဖြစ် သည်။

‘‘ရန်ကုန်နဲ့ မန္တလေးနှစ်ပွဲ လုပ်ဖြစ်တာက ရန်ကုန်မှာတော့ ဧပြီလတုန်းက လုပ်ပြီးပြီ။ အဲဒါ ကြောင့် ဖျော်ဖြေ တင်ဆက်မှု အသစ်တွေ လုပ်ပြချင်တယ်။ မန္တလေးမှာတော့ ကေပေါ့ပ်က မရောက်သေးဘူး။ အဲဒါကြောင့် မန္တလေးမှာလည်း ကေပေါ့ပ်ကို ထိုးဖောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ’’ဟု ယင်းဖျော်ဖြေပွဲစီစဉ်ကျင်း ပသည့် လရိပ်ဝါကုမ္ပဏီမှ မ ဆောင်းသက်ဇွန်စိုးကပြောသည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့ သော ဖျော်ဖြေပွဲတွင် M.I.B အဖွဲ့ သည် ပရိသတ်အများဆုံးအားပေး မှုရရှိခဲ့ပြီး ယခုဖျော်ဖြေပွဲတွင် M.I.B အဖွဲ့နှင့်အတူ အမျိုးသမီး ဆယ်ကျော်သက် ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 4 Ten အဖွဲ့ လည်း ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

လက်မှတ်ခဈေးနှုန်းများကို ရန်ကုန်တွင် ကျပ်ခုနစ်သောင်း နှင့် ကျပ်သုံးသောင်း နှစ်မျိုးသတ် မှတ်ထားပြီး မန္တလေးဖျော်ဖြေပွဲ တွင် ကျပ် ငါးသောင်းတန်လက် မှတ်များကိုပါရောင်းချပေးသွား မည်ဖြစ်သည်။

‘‘မန္တလေးပွဲအတွက် လက် မှတ်တွေကိုတော့ စက်တင်ဘာ  ၆ ရက်မှာ စ၀ယ်လို့ရပါပြီ။ ရန် ကုန်ပွဲအတွက် ကိုတော့ နောက် ရက်မှာ စရောင်းပေးမှာပါ’’ဟု  မဆောင်းသက်ဇွန်စိုးက  ပြောသည်။

7Day DAILY

No comments:

Post a Comment