Tuesday 16 September 2014

ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအတွက် လိုအပ်လျှင် တရုတ်မှ အခြားတောင်တက်အဖွဲ့များ လာရောက်ကူညီမည်

Photo: ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအတွက် လိုအပ်လျှင် တရုတ်မှ အခြားတောင်တက်အဖွဲ့များ လာရောက်ကူညီမည်
Tuesday, September 16, 2014

ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအတွက် မျှော်လင့်ချက်ရှိ နေခြင်းကြောင့် တရုတ်နိုင်ငံမှ တောင်တက်အဖွဲ့များ လာရောက်ကူညီကြမည်ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“လိုအပ်ပါက တရုတ်နိုင်ငံက အခြားတောင်တက်အဖွဲ့အစည်းတွေက ထပ်မံလာရောက် ကူညီကြမှာဖြစ်တယ် တောင်တက် သမားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၁၅ ရက်ခန့်သာ ရှိနေသေးသည့်အတွက် မျှော်လင့်ချက်ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသည့် ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၃ ရက်က ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ သွားရောက်နေသည့် တရုတ်နိုင်ငံမှ Blue Sky အရပ်ဘက်ရှာဖွေရေးအဖွဲ့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)

တရုတ်နိုင်ငံ တောင်တက်အဖွဲ့က ရောက်ရှိနေသည်မှာ နှစ်ရက်ကျော်ရှိပြီဖြစ်သော်လည်း ခါကာဘိုရာဇီ တောင်တက် အဖွဲ့မှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ရာသီဥတုအခက်အခဲကြောင့် စက်တင်ဘာ ၁၅ ရက်အထိ မစတင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဒေသရာသီဥတုမှာ တိမ်ထူပြီး မြူများဆိုင်းနေသဖြင့် မြင်နိုင်စွမ်းလွန်စွာ အားနည်းနေပါတယ်။ မိုးရွာသွန်း နေမှုကလည်း ရဟတ်ယာဉ်နဲ့ ရှာဖွေရေးလုပ်ငန်းတွေကို အခက်အခဲဖြစ်စေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ Blue Sky တောင်တက်အဖွဲ့က ၎င်းတို့ ခါကာဘိုရာဇီတောင်ပေါ်သို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ပြီးနောက် မြေပြင် ရှာဖွေရေးလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားနေ၍ မလုပ်နိုင်သေးဘဲ ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ပူတာအိုတွင် ပေါင်းစုံတောင်နှင့် အနီးဆုံးရွာဖြစ်သည့် တဟွန်ဒန်းရွာအထိ၊ ထိုမှတစ်ဆင့် ပန်နန်းဒင်ရွာ သို့ ထောက်ပံ့ကူညီရေး ပစ္စည်းများနှင့်တကွ စက်တင်ဘာ ၁၅ ရက်က ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ တောင်တက်သမားနှစ်ဦးသည် သြဂုတ် ၃၁ ရက် ညနေပိုင်းမှစ၍ အခြေစိုက်စခန်းနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

Mizzima - News in Burmese
ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအတွက် မျှော်လင့်ချက်ရှိ နေခြင်းကြောင့် တရုတ်နိုင်ငံမှ တောင်တက်အဖွဲ့များ လာရောက်ကူညီကြမည်ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင် တက် အသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“လိုအပ်ပါက တရုတ်နိုင်ငံက အခြားတောင်တက်အဖွဲ့အစည်းတွေက ထပ်မံလာရောက် ကူညီကြမှာဖြစ် တယ် တောင်တက် သမားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၁၅ ရက်ခန့်သာ ရှိနေသေးသည့်အတွက် မျှော်လင့် ချက် ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသည့် ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၃ ရက်က ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ သွားရောက်နေသည့် တရုတ်နိုင်ငံမှ Blue Sky အရပ်ဘက်ရှာဖွေရေး အဖွဲ့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)

တရုတ်နိုင်ငံ တောင်တက်အဖွဲ့က ရောက်ရှိနေသည်မှာ နှစ်ရက်ကျော်ရှိပြီဖြစ်သော်လည်း ခါကာ ဘိုရာဇီ တောင်တက် အဖွဲ့မှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ရာသီဥတုအခက် အခဲကြောင့် စက်တင်ဘာ ၁၅ ရက်အထိ မစတင်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဒေသရာသီဥတုမှာ တိမ်ထူပြီး မြူများဆိုင်းနေသဖြင့် မြင်နိုင်စွမ်းလွန်စွာ အားနည်းနေပါတယ်။ မိုးရွာ သွန်း နေ မှု ကလည်း ရဟတ်ယာဉ်နဲ့ ရှာဖွေရေးလုပ်ငန်းတွေကို အခက်အခဲဖြစ်စေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ Blue Sky တောင်တက်အဖွဲ့က ၎င်းတို့ ခါကာဘိုရာဇီတောင်ပေါ်သို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ပြီးနောက် မြေပြင် ရှာဖွေရေးလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားနေ၍ မလုပ်နို င်သေး ဘဲ ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ပူတာအို တွင် ပေါင်း စုံတောင်နှင့် အနီးဆုံးရွာဖြစ်သည့် တဟွန်ဒန်းရွာအထိ၊ ထိုမှတစ်ဆင့် ပန်နန်းဒင်ရွာ သို့ ထောက်ပံ့ကူညီရေး ပစ္စည်းများနှင့်တကွ စက်တင်ဘာ ၁၅ ရက်က ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ တောင်တက် သမားနှစ်ဦးသည် သြဂုတ် ၃၁ ရက် ညနေပိုင်းမှစ၍ အခြေစိုက်စခန်းနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment