Tuesday 16 September 2014

မြ၀တီနယ်စပ်မှာ ၂ရက်ဆက်တိုက် ချိန်ကိုက်ဗုံးတွေ တွေ့

သတင်းဓာတ်ပုံ - ဖိုးစီ
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မြို့နယ်တရားရုံးနဲ့ စီးပွားရေးဘဏ် အနားမှာ ကြွတ်ကြွတ်အိတ် အမည်းရောင် နဲ့ ထုတ်ထားတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဒီနေ့စက်တင်ဘာ ၁၆ရက် မနက် ၈း၄၅နာရီလောက်က ထပ် မံ တွေ့ရှိပါတယ်။


အဲဒီ့နားက လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ သန့်ရှင်းရေးလုပ်တာမှာ မသင်္ကာစရာ အိတ်ကို တွေ့လို့ မြဝတီရဲဌာနကို သတင်းပေးပြီး ဌာနဆိုင်ရာတွေက လာရောက် စစ်ဆေးတာမှာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးကို တွေ့ရှိတဲ့အတွက် စစ်မြေပြင် မိုင်းအင်ဂျင်နီယာ တပ်ရင်း ၉ဝ၄ က လာရောက် ရှင်းလင်းသွားပါတယ်။


ဌာနဆိုင်ရာ ဒုဗိုလ်မှုးကြီး ၀င်းထွန်းနဲ့ တပ်သားများ၊ သင်္ကန်းညီနောင် ဗျူဟာမှုး ဗိုလ်မှုးကြီးမျိုးခိုင်နဲ့ တပ်သား များက ရှင်းလင်းနိုင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ၂ရက်ဆက်တိုက် ချိန်ကိုက်ဗုံး ၂လုံး တွေ့ရှိခဲ့ပြီး ၂ကြိမ်လုံးမှာလည်း ပေါက် ကွဲ ချိန် ၁၂နာရီကို အချိန်ကိုက်လုပ်ထားတာလို့ သိရပါတယ်။

DVB

No comments:

Post a Comment