Tuesday 16 September 2014

IS အစ္စလာမ္မစ် ဂျီဟတ်များကို ချေမှုန်းရန် ကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစုဖွဲ့ရေး နိုင်ငံခြားရေး ဝန်ကြီးများ ပဲရစ်တွင် ညီလာခံပြုလုပ်

Photo: IS အစ္စလာမ္မစ် ဂျီဟတ်များကို ချေမှုန်းရန် ကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစု ဖွဲ့ရေး နိုင်ငံခြားရေး ဝန်ကြီးများ ပဲရစ်တွင် ညီလာခံပြုလုပ်
Tuesday, September 16, 2014

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် ကမ္ဘာအနှံ့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြကာ အစ္စလာမ္မစ်နိုင်ငံတော် IS ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် တပ်ပေါင်းစုဖွဲ့ရေး ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗြိတိန် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတစ်ဦးကို ခေါင်းဖြတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် IS ကို ချေမှုန်းရေးတစ်ခုခု လုပ်မှ ဖြစ်တော့မည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒဲလ်က ပြောကြားလိုက်သည်။

အာရပ် ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ က အီရတ်နှင့် ဆီးရီးယားရှိ IS များကို တိုက်ခိုက်မည့် ယင်းတပ်ပေါင်းစုတွင် ပါဝင်မည်ဟု စာရင်းသွင်းထားကြသည်။

အီရတ်နိုင်ငံ အတွင်းရှိ IS တိုက်ခိုက်ရေးသမားများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရန်အတွက် အာရပ်နိုင်ငံပေါင်း များစွာက ကမ်းလှမ်းထားကြောင်း အမေရိကန် အရာရှိများက ပြောကြားကြသည်။

“ဒီစစ်သွေးကြွ အုပ်စုကို ကိုင်တွယ်ဖို့အတွက် စစ်ရေးအရ အကူအညီပေးမယ်လို့ ကတိကဝတ်တွေ ရရှိတဲ့ အတွက်ကြောင့် အလွန်အမင်း စိတ်အားတက်မိ ပါတယ်” ဟု ဂျွန်ကယ်ရီက ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အရှေ့အလယ်ပိုင်းတစ်ခွင် သွားရောက်ခဲ့ကာ IS နှိမ်နင်းရေး အစီအစဉ်အပေါ် ထောက်ခံမှုများ ရယူခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့ကို နှိမ်နင်းရာတွင် သုံးမည့် နည်းဗျူဟာများမှာ အီရတ်ကို စစ်ရေးအရ ထောက်ပံ့ခြင်း၊ IS သို့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ ဝင်ရောက် လာနေခြင်းကို တားဆီးခြင်း၊ ရန်ပုံငွေ ဝင်နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းနှင့် ၎င်းတို့၏ နိုင်ငံရေး အတွေးအခေါ်များကို တန်ပြန်ခြင်းတို့ ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မကြာသေးခင်က CIA အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထုတ်ပြန်ချက် တွင် IS အဖွဲ့၌ စုစုပေါင်း အင်အား သုံးသောင်းကျော် ရှိနေပြီဟု ထည့်သွင်း ဖော်ပြထားသည်။

ပဲရစ်ညီလာခံသို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟမ်မွန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အီရတ်သမ္မတ ဖိုအက်ဒ်မက်စ်ဆိုအမ်တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

“ဆီးရီးယားကလည်း အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေတာမို့ အကြမ်းဖက် သမားတွေကို တိုက်ခိုက်မယ့် တိုက်ပွဲမှာ အဓိကနေရာက ပါဝင်သင့်ပါတယ်” ဟု ဆီးရီးယား နိုင်ငံခြားရေး ဒုဝန်ကြီး ဖိုက်ဆယ်မက်က်ဒက်က ဆိုလိုက်ပြီး အမေရိကန် ဦးဆောင်သော တပ်ပေါင်းစုတွင် အီရတ်၏ အဓိက အိမ်နီးချင်း ဆီးရီးယား ပါသင့်သည်ဟု ဆိုထားသည်။

အီရန်ကလည်း ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသည့်အပေါ် မကျေမနပ် ပြောဆိုခဲ့ပြီး ယင်းညီလာခံသည် ပြယုဂ်သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

The Voice Weekly
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် ကမ္ဘာအနှံ့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြကာ အစ္စလာမ္မစ်နိုင်ငံတော် IS ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် တပ်ပေါင်းစု ဖွဲ့ရေး ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဗြိတိန် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတစ်ဦးကို ခေါင်းဖြတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် IS ကို ချေမှုန်းရေးတစ်ခုခု လုပ်မှ ဖြစ်တော့မည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒဲလ် က ပြောကြား လိုက်သည်။

အာရပ် ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ က အီရတ်နှင့် ဆီးရီးယားရှိ IS များကို တိုက်ခိုက်မည့် ယင်းတပ်ပေါင်းစုတွင် ပါဝင်မည်ဟု စာရင်းသွင်းထားကြသည်။

အီရတ်နိုင်ငံ အတွင်းရှိ IS တိုက်ခိုက်ရေးသမားများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရန်အတွက် အာရပ်နိုင်ငံပေါင်း များစွာက ကမ်းလှမ်းထားကြောင်း အမေရိကန် အရာရှိများက ပြောကြားကြသည်။

“ဒီစစ်သွေးကြွ အုပ်စုကို ကိုင်တွယ်ဖို့အတွက် စစ်ရေးအရ အကူအညီပေးမယ်လို့ ကတိကဝတ်တွေ ရရှိတဲ့ အတွက်ကြောင့် အလွန်အမင်း စိတ်အားတက်မိ ပါတယ်” ဟု ဂျွန်ကယ်ရီက ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အရှေ့အလယ်ပိုင်း တစ်ခွင် သွားရောက်ခဲ့ကာ IS နှိမ်နင်းရေး အစီအစဉ်အပေါ် ထောက်ခံမှုများ ရယူခဲ့ပြီးနောက် ယင်းသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

IS အဖွဲ့ကို နှိမ်နင်းရာတွင် သုံးမည့် နည်းဗျူဟာများမှာ အီရတ်ကို စစ်ရေးအရ ထောက်ပံ့ခြင်း၊ IS သို့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ ဝင်ရောက် လာနေခြင်းကို တားဆီးခြင်း၊ ရန်ပုံငွေ ဝင်နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းနှင့် ၎င်းတို့၏ နိုင်ငံရေး အတွေးအခေါ်များကို တန်ပြန်ခြင်း တို့ ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မကြာသေးခင်က CIA အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထုတ်ပြန်ချက် တွင် IS အဖွဲ့၌ စုစုပေါင်း အင်အား သုံးသောင်းကျော် ရှိနေပြီဟု ထည့်သွင်း ဖော်ပြထားသည်။

ပဲရစ်ညီလာခံသို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟမ်မွန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အီရတ်သမ္မတ ဖိုအက်ဒ်မက်စ်ဆိုအမ်တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

“ဆီးရီးယားကလည်း အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေတာမို့ အကြမ်းဖက် သမားတွေကို တိုက်ခိုက်မယ့် တိုက်ပွဲမှာ အဓိကနေရာက ပါဝင်သင့်ပါတယ်” ဟု ဆီးရီးယား နိုင်ငံခြားရေး ဒုဝန်ကြီး ဖိုက်ဆယ်မက်က်ဒက် က ဆိုလိုက်ပြီး အမေရိကန် ဦးဆောင်သော တပ်ပေါင်းစုတွင် အီရတ်၏ အဓိက အိမ်နီးချင်း ဆီးရီးယား ပါသင့်သည်ဟု ဆိုထားသည်။

အီရန်ကလည်း ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသည့်အပေါ် မကျေမနပ် ပြောဆိုခဲ့ပြီး ယင်းညီလာခံသည် ပြယုဂ်သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment