Tuesday 16 September 2014

ထိုင်းရဲက မြန်မာများအား ငွေတောင်းခြင်းနှင့် KNLA က ထိုင်းကုန်တင်ကားများ တားဆီးခြင်းကိစ္စ ထိုင်းနှင့် မြန်မာတာဝန်ရှိသူများဆွေးနွေး

Photo: ထိုင်းရဲက မြန်မာများအား ငွေတောင်းခြင်းနှင့် KNLA က ထိုင်းကုန်တင်ကားများ တားဆီးခြင်းကိစ္စ ထိုင်းနှင့် မြန်မာတာဝန်ရှိသူများဆွေးနွေး
Tuesday, September 16, 2014

မြန်မာနိုင်ငံသားများ ထံမှ ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေကြေးတောင်းခံနေသည် ဆို ခြင်းနှင့် KNU/KNLA-PC အဖွဲ့ က ထိုင်းကုန်ကားများအား တား ဆီးပိတ်ဆို့ခဲ့သည့်ဖြစ်စဉ်ကို မြန် မာနှင့် ထိုင်းအစိုးရတာဝန်ရှိသူ များ မြ၀တီခရိုင်ထွေ/အုပ်ရုံးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၁၄ ရက်က မြ၀တီခရိုင်နှင့် ထိုင်းနိုင်ငံ တာ့(ခ်) ခရိုင်တို့မှ ခရိုင်အဆင့် တာဝန်ရှိ သူများဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မှ အကြောင်း အမျိုးမျိုးဖြင့် သွားလာနေသူများ ဥပဒေအတိုင်းလိုက်နာကြရန် ဦး စားပေးဆွေးနွေးခဲ့ကြောင်း မြ၀ တီခရိုင်ထွေ/အုပ်ရုံးအရာရှိတစ် ဦးကပြောသည်။ ထို့အပြင် မြန် မာနိုင်ငံသားများအား နည်းမျိုးစုံ သုံး၍ ငွေညှစ်နေသည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်ရန် ထိုင်း အစိုးရတာဝန်ရှိသူများအား အသိ ပေးခဲ့ကြောင်း ၎င်းကပြောသည်။

မြ၀တီမြို့နှင့် နယ်စပ်မြို့ဖြစ် သော ထိုင်းနိုင်ငံ မဲဆောက်သို့ အကြောင်းအမျိုးမျိုးဖြင့် သွား သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲ ငွေညှစ်မှုမှာ ဆိုးရွားနေ ပြီး ယင်းဖြစ်စဉ်ကို နှစ်နိုင်ငံတာ ၀န်ရှိသူများ ဖြေရှင်းမပေးသော ကြောင့်ဟုဆိုကာ KNU/KNLA- PC အဖွဲ့ မြ၀တီမြို့သို့ ၀င်လာ သည့် ထိုင်းကုန်တင်ကားများအား တားဆီးခဲ့သည်။ စက်တင်ဘာ ၁၃ ရက် နံနက်က ကားအစီးရေ ၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ဗိုလ် မှူးကြီး တိုက်ဂါး ဦးဆောင်ကာ တားဆီးခဲ့ခြင်းဖြစ်ပြီး မြ၀တီမြို့ နယ်နယ်ခြားကော်မတီရုံးအရာရှိ များနှင့် ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ညှိနှိုင်းမှုဖြင့် ပြန်လည်ထွက်ခွာခွင့်ပေးခဲ့သည်။

‘‘သူတို့ဆွေးနွေးတာက လည်း အလွတ်သဘောလုပ်သွား တာ။ ဘာသတင်းမှ ထုတ်ပြန်တာ မျိုးလည်း မရှိဘူး။ ထိုင်းဘက်ကို ပြောထားတယ်။ အရေးယူလိမ့် မယ်ဆိုတာပဲ သိရတယ်။ ဘာ အာမခံချက်မှ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း အခြေအ နေကို စောင့်ကြည့်သွားမှာပါ’’ ဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဆက်ဆံရေးအရာရှိက ပြော သည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ မဲ ဆောက်မြို့သို့သွား၍ အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသား ခရီးသွားများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲမှ နည်းမျိုးစုံသုံး၍ ဖမ်းဆီးငွေညှစ် နေသောလုပ်ရပ်ကို ဖြေရှင်းမပေး ပါက စက်တင်ဘာ ၁၈ ရက် နောက်ပိုင်းတွင် အရေးယူဆောင် ရွက်မှုများ လုပ်သွားမည်ဖြစ် ကြောင်း ကရင်ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး က VOA သတင်းဌာနသို့ ပြော ထားသည်။

မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာနေသည့် မြန်မာနိုင်ငံသားနှင့် အလုပ်သမား များနေ့စဉ်ထောင်နှင့်ချီ၍ ရှိနေပြီး ထိုင်းရဲ၊ လ၀ကနှင့် ယာဉ်ထိန်းရဲ များကလည်း နည်းမျိုးစုံဖြင့် ငွေ ကြေးတောင်းခံဖမ်းဆီးခြင်းများရှိ နေကြောင်း မဲဆောက်မြို့မှ မြန် မာအလုပ်သမားအရေး ဆောင် ရွက်သူ ကိုစိုးထွန်းကပြောသည်။

၂၀၁၄ နှစ်ဦးပိုင်းကလည်း ထိုင်းရဲ၏ အတင်းအကျပ်ငွေ တောင်းခံရသော မြန်မာအလုပ် သမားအချို့ ထိုင်းနိုင်ငံဘန် ကောက်မြို့တွင် ကားလမ်းပိတ် ဆို့၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း အပါအ၀င် မြန်မာအလုပ်သမားများ ထိုင်းရဲကို ဆန္ဒပြမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။

7 Day Daily
မြန်မာနိုင်ငံသားများ ထံမှ ထိုင်းရဲက နည်းမျိုးစုံသုံး၍ ငွေကြေးတောင်းခံနေသည်ဆို ခြင်းနှင့် KNU/KNLA-PC အဖွဲ့က ထိုင်းကုန်ကားများအား တားဆီးပိတ်ဆို့ခဲ့သည့်ဖြစ်စဉ်ကို မြန်မာနှင့် ထိုင်းအစိုးရတာဝန်ရှိသူ များ မြ၀တီခရိုင်ထွေ/အုပ်ရုံးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက်က မြ၀တီခရိုင်နှင့် ထိုင်းနိုင်ငံ တာ့(ခ်) ခရိုင်တို့မှ ခရိုင်အဆင့် တာဝန်ရှိ သူ များဆွေးနွေး ခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မှ အကြောင်း အမျိုးမျိုးဖြင့် သွားလာနေသူများ ဥပဒေအတိုင်း လိုက်နာကြရန် ဦး စားပေးဆွေးနွေးခဲ့ကြောင်း မြ၀တီခရိုင်ထွေ/အုပ်ရုံးအရာရှိတစ် ဦးကပြောသည်။ ထို့ အပြင် မြန် မာနိုင်ငံသားများအား နည်းမျိုးစုံ သုံး၍ ငွေညှစ်နေသည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်ရန် ထိုင်း အစိုးရတာဝန်ရှိသူများအား အသိ ပေးခဲ့ကြောင်း ၎င်းကပြောသည်။

မြ၀တီမြို့နှင့် နယ်စပ်မြို့ဖြစ် သော ထိုင်းနိုင်ငံ မဲဆောက်သို့ အကြောင်းအမျိုးမျိုးဖြင့် သွား သည့် မြန်မာနိုင်ငံ သားများကို ထိုင်းရဲ ငွေညှစ်မှုမှာ ဆိုးရွားနေ ပြီး ယင်းဖြစ်စဉ်ကို နှစ်နိုင်ငံတာ ၀န်ရှိသူများ ဖြေရှင်း မပေးသော ကြောင့်ဟုဆိုကာ KNU/KNLA- PC အဖွဲ့ မြ၀တီမြို့သို့ ၀င်လာ သည့် ထိုင်းကုန်တင်ကားများ အား တားဆီးခဲ့သည်။ စက်တင်ဘာ ၁၃ ရက် နံနက်က ကားအစီးရေ ၃၀ ခန့်ကို ကရင်ငြိမ်း ချမ်းရေး ကောင်စီ KNU/KNLA-PC ဗိုလ် မှူးကြီး တိုက်ဂါး ဦးဆောင်ကာ တားဆီးခဲ့ခြင်းဖြစ်ပြီး မြ၀တီမြို့ နယ်နယ်ခြားကော်မတီရုံးအရာရှိ များနှင့် ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ညှိနှိုင်းမှုဖြင့် ပြန်လည် ထွက်ခွာခွင့်ပေးခဲ့သည်။

‘‘သူတို့ဆွေးနွေးတာက လည်း အလွတ်သဘောလုပ်သွား တာ။ ဘာသတင်းမှ ထုတ်ပြန်တာ မျိုးလည်း မရှိဘူး။ ထိုင်းဘက်ကို ပြောထားတယ်။ အရေးယူလိမ့် မယ်ဆိုတာပဲ သိရတယ်။ ဘာ အာမခံချက်မှ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း အခြေအ နေကို စောင့်ကြည့်သွားမှာပါ’’ ဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဆက်ဆံရေးအရာရှိက ပြော သည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ မဲ ဆောက်မြို့သို့သွား၍ အလုပ် လုပ်နေ သည့် မြန်မာနိုင်ငံသား ခရီးသွားများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲမှ နည်းမျိုးစုံသုံး၍ ဖမ်းဆီးငွေ ညှစ် နေသောလုပ်ရပ်ကို ဖြေရှင်းမပေး ပါက စက်တင်ဘာ ၁၈ ရက် နောက်ပိုင်းတွင် အရေး ယူဆောင် ရွက်မှုများ လုပ်သွားမည်ဖြစ် ကြောင်း ကရင်ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး က VOA သတင်းဌာနသို့ ပြော ထားသည်။

မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာနေသည့် မြန်မာနိုင်ငံသားနှင့် အလုပ်သမား များနေ့ စဉ်ထော င်နှင့် ချီ၍ ရှိနေပြီး ထိုင်းရဲ၊ လ၀ကနှင့် ယာဉ်ထိန်းရဲ များကလည်း နည်းမျိုးစုံဖြင့် ငွေ ကြေးတောင်းခံ ဖမ်းဆီးခြင်းများရှိ နေကြောင်း မဲဆောက်မြို့မှ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ ကိုစိုးထွန်း ကပြော သည်။

၂၀၁၄ နှစ်ဦးပိုင်းကလည်း ထိုင်းရဲ၏ အတင်းအကျပ်ငွေ တောင်းခံရသော မြန်မာအလုပ် သမားအချို့ ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် ကားလမ်းပိတ် ဆို့၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း အပါအ၀င် မြန်မာအလုပ်သမား များ ထိုင်းရဲကို ဆန္ဒပြမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။

7 Day Daily

No comments:

Post a Comment