Tuesday 16 September 2014

ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရိုက်ပြချင်ပါတယ်လို့ ဆိုတဲ့ ဒါရိုက်တာနေပိုင်

 Photo: ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရိုက်ပြချင်ပါတယ်လို့ ဆိုတဲ့ ဒါရိုက်တာနေပိုင်
Tuesday, September 16, 2014

ဒါရိုက်တာတစ်ယောက်ရဲ့ဖန်တီးတင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်အတွက် ပြောစရာ မလိုအောင် ကြိုးစားတင်ဆက်နေတဲ့ ဒါရိုက်တာနေပိုင်ရဲ့ ခုလက်ရှိ ရိုက်ကူးနေတဲ့ကားကတော့ အနီရောင်ပုံရိပ်ဆိုတဲ့ ကားလေးပါတဲ့။ ဒီကားလေးမှာ အောင်ရဲလင်းရယ်၊ ၀တ်မှုန်ရွှေရည်ရယ် ၊ ကောင်းဆက်ထူး ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီကားလေးက တစ်ခြားကားတွေနဲ့ မတူ ၀ိဥာဉ်ကားဖြစ်တာကြောင့် ဘာ့ကြောင့် ရိုက်ဖြစ်သွားတယ်ဆိုတာ သူ့ကို မေးကြည့်လိုက်တော့ “ဘာလို့ရိုက်ရတာလဲဆိုတော့ ကစ်ကစ် ကိုယ်တိုင်လဲ ၀ိဥာဉ်ကားနည်းတယ်။ ကစ်ကစ်ရဲ့ ဒုတိယကားလေးပေါ့။ ပထမကားက ၀ိဥာဉ်ဆိုတဲ့ သီချင်းသံ ပေါ့။ ကျွန်တော်က ပြင်ပလူနေမှု စရိုက်မှာလဲ မယုံလို့မရတာတွေ ရှိတယ်။ ပရလောကမှာလေ။ ကျွန်တော်တို့ က ရုပ်ရှင်ကို နေရာစုံမှာ လိုက်ရိုက်ရတာဆိုတော့ သင်္ချီုင်းတွေမှာ ရိုက်ရတာရှိတယ်။  

အိမ်ကြီးအိမ်ဟောင်းတွေမှာ ရိုက်ရတာရှိတယ်။ အဲ့ဒါမျိုးကျရင် မရှိဘူးလို့ ငြင်းလို့မရဘူး။ ရှိကိုရှိတယ်။ ကြုံတွေဖူးတဲ့ အဖြစ်အပျက်ဆို ဟိုတုန်းကပေါ့ ကြာပြီ။ ကလောကအိမ်ကြီး တစ်အိမ်မှာ သရဲကားသွားရိုက်တာ ကိုကျော်သူနဲ့ထက်ထက်မိုးဦးနဲ့လားမသိဘူး။ အဲ့ဒီအိမ်ကြီးမှာလဲ တကယ်ဆွဲကြိုးချသေခဲ့ဖူးတယ်။ အဲ့ဒီတော့ အန်းတိတ်နာရီကြီးတစ်လုံးကို ရန်ကုန်ကနေ ငှားသွားတာပေါ့။ နာရီကြီးက လုံးဝ အစုတ်သုံးလို့မရဘူး။ ရိုက်ဖို့သီးသန့်ယူသွားတာ။ ရိုက်လို့ပြီးတော့ အဲ့ဒီအိမ်က ဗီရိုကြီးထဲမှာထည့်ပြီး သိမ်းထားတာ နာရီအပျက်ကြီးက ထမြည်ရော၊ အဲ့ဒါက ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က ပရလောကသားတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးကို အသံနဲ့ တောင်းဆိုတာပေါ့။ ဒီကားလေးကို ရိုက်ဖြစ်တာက သရဲကားဆို အောင်ရဲလင်းရော၊ ကစ်ကစ်ရော သရဲကားရှားတယ်လေ။ အဲ့ဒါကြောင့်လဲပါတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ဖြစ်တာကြောင့် လဲပါတယ်။ ထုတ်လုပ်ရေးကြောင့် လဲပါတယ်။ အဲ့ဒီလိုအားလုံးမျှပြီး ရိုက်ရတဲ့ အနေအထားတစ်ခုမှာ ရှိတာပေါ့။”လို့ သူက ရှင်းပြသွားပါတယ်။

ဈေးကွက်မှာ နာမည်ရနေပြီဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူရိုက်ချင်တဲ့ ဇာတ်ကားကိုလည်း ခုလို ပြောပြသွားပါသေးတယ်။ “ကိုယ့်အနေနဲ့ ခုချိန်မှာ အရမ်းရိုက်ချင်နေတဲ့ဇာတ်လမ်းဆို ဆလုံလူမျိုးတွေရဲ့စရိုက်ကို ရုပ်ရှင်ကားကြီးအနေနဲ့ရိုက်ချင်တယ်။ ရိုက်ခွင့်ရဖို့အတွက် ကြိုးစားနေတုန်းပါပဲ။ အားလုံးထဲကမှ ဆလုံကို ရွေးရိုက်ချင်တာက သူတို့ကထူးခြားတယ်။ ရေငုတ် ကျွမ်းကျင် တယ်။ ဆလုံဆိုတာ တိုင်းရင်းသားလူမျိုးထဲမှာ နည်းနည်းလေးစိမ်းတယ်။ သိပ်လဲမသိကြဘူး။ အဲဒါကြောင့်ရိုက်ချင်တာပါ”တဲ့။

Trend Myanmar
ဒါရိုက်တာတစ်ယောက်ရဲ့ဖန်တီးတင်ဆက်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်အတွက် ပြောစရာ မလိုအောင် ကြိုးစား တင်ဆက်နေတဲ့ ဒါရိုက်တာနေပိုင်ရဲ့ ခုလက်ရှိ ရိုက်ကူးနေတဲ့ကားကတော့ အနီရောင်ပုံရိပ်ဆိုတဲ့ ကားလေးပါတဲ့။ ဒီကားလေးမှာ အောင်ရဲလင်းရယ်၊ ၀တ်မှုန်ရွှေရည်ရယ် ၊ ကောင်းဆက်ထူး ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ဒီကားလေးက တစ်ခြားကားတွေနဲ့ မတူ ၀ိဥာဉ်ကားဖြစ် တာကြောင့် ဘာ့ကြောင့် ရိုက်ဖြစ်သွားတယ်ဆိုတာ သူ့ကို မေးကြည့်လိုက်တော့ “ဘာလို့ရိုက်ရတာလဲ ဆိုတော့ ကစ်ကစ် ကိုယ်တိုင်လဲ ၀ိဥာဉ်ကားနည်းတယ်။ ကစ်ကစ်ရဲ့ ဒုတိယကားလေးပေါ့။ ပထမကားက ၀ိဥာဉ်ဆိုတဲ့ သီချင်းသံ ပေါ့။ ကျွန်တော်က ပြင်ပလူနေမှု စရိုက်မှာလဲ မယုံလို့မရတာတွေ ရှိတယ်။ ပရလောက မှာလေ။ ကျွန်တော်တို့ က ရုပ်ရှင်ကို နေရာစုံမှာ လိုက်ရိုက်ရတာဆိုတော့ သင်္ချီုင်းတွေမှာ ရိုက်ရတာရှိတယ်။ 
အိမ်ကြီးအိမ်ဟောင်းတွေမှာ ရိုက်ရတာရှိတယ်။ အဲ့ဒါမျိုးကျရင် မရှိဘူးလို့ ငြင်းလို့မရဘူး။ ရှိကိုရှိတယ်။ ကြုံတွေဖူးတဲ့ အဖြစ်အပျက်ဆို ဟိုတုန်းကပေါ့ ကြာပြီ။ ကလောကအိမ်ကြီး တစ်အိမ်မှာ သရဲကားသွားရိုက် တာ ကိုကျော်သူနဲ့ထက်ထက်မိုးဦးနဲ့လားမသိဘူး။ အဲ့ဒီအိမ်ကြီးမှာလဲ တကယ်ဆွဲကြိုးချသေခဲ့ဖူးတယ်။ အဲ့ဒီတော့ အန်းတိတ်နာရီကြီးတစ်လုံးကို ရန်ကုန်ကနေ ငှားသွားတာပေါ့။ နာရီကြီးက လုံးဝ အစုတ် သုံးလို့မရဘူး။ ရိုက်ဖို့သီးသန့်ယူသွားတာ။ ရိုက်လို့ပြီးတော့ အဲ့ဒီအိမ်က ဗီရိုကြီးထဲမှာထည့်ပြီး သိမ်းထား တာ နာရီအပျက်ကြီးက ထမြည်ရော၊ အဲ့ဒါက ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က ပရလောကသားတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးကို အသံနဲ့ တောင်းဆိုတာပေါ့။ ဒီကားလေးကို ရိုက်ဖြစ်တာက သရဲကား ဆို အောင်ရဲလင်းရော၊ ကစ်ကစ်ရော သရဲကားရှားတယ်လေ။ အဲ့ဒါကြောင့်လဲပါတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ဖြစ်တာကြောင့် လဲပါတယ်။ ထုတ်လုပ်ရေးကြောင့် လဲပါတယ်။ အဲ့ဒီလိုအားလုံးမျှပြီး ရိုက်ရတဲ့ အနေအထားတစ်ခုမှာ ရှိတာပေါ့။”လို့ သူက ရှင်းပြသွားပါတယ်။

ဈေးကွက်မှာ နာမည်ရနေပြီဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူရိုက်ချင်တဲ့ ဇာတ်ကားကိုလည်း ခုလို ပြောပြသွားပါသေးတယ်။ “ကိုယ့်အနေနဲ့ ခုချိန်မှာ အရမ်းရိုက်ချင်နေတဲ့ဇာတ်လမ်းဆို ဆလုံ လူမျိုးတွေရဲ့စရိုက်ကို ရုပ်ရှင်ကားကြီးအနေနဲ့ရိုက်ချင်တယ်။ ရိုက်ခွင့်ရဖို့အတွက် ကြိုးစားနေတုန်းပါပဲ။ အားလုံး ထဲကမှ ဆလုံကို ရွေးရိုက်ချင်တာက သူတို့ကထူးခြားတယ်။ ရေငုတ် ကျွမ်းကျင် တယ်။ ဆလုံ ဆိုတာ တိုင်းရင်းသားလူမျိုးထဲမှာ နည်းနည်းလေးစိမ်းတယ်။ သိပ်လဲမသိကြဘူး။ အဲဒါကြောင့်ရိုက် ချင်တာ ပါ”တဲ့။

Trend Myanmar

No comments:

Post a Comment