Tuesday 16 September 2014

ဖေဖော်ဝါရီဆယ့်လေးကဗျာမျိုးတွေ စောဝေ ဘာ့ကြောင့် မရေးချင်တော့တာလဲ

Photo: ဖေဖော်ဝါရီဆယ့်လေးကဗျာမျိုးတွေ စောဝေ ဘာ့ကြောင့် မရေးချင်တော့တာလဲ
Tuesday, September 16, 2014

အာနာရူးကြီးမှူးကြီးသန်းရွှေဆိုတဲ့ ထိပ်ဆုံးစကားလုံးတွေပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေးကဗျာ ရေးသားခဲ့တဲ့ ကဗျာဆရာစောဝေကတော့ လာမယ့် Valentine Day မှာတော့ ဒီလိုကဗျာမျိုး မရေးချင်တော့ဘူးလို့ ပြောပါတယ်။ စောဝေက ဘယ်အကြောင်းအရာကိုပဲ ရေးချင်နေတာလဲ။

“ဖေဖော်ဝါရီဆယ့်လေး ထပ်မရေးချင်တော့ပါဘူး။ ထပ်ရေးချင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အခုလည်း တွေ့နေရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီ
ဆယ့်လေးကဗျာထဲက အာနာရူးကြီးမှူးကြီးသန်းရွှေလို ကဗျာမျိုး မရေးပါရစေနဲ့။ ရေးလည်း မရေးချင်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွင့်လင်းမြင်သာပြီးတော့ လူသားအချင်းချင်း အသားအရောင် ဘာသာမခွဲ လူမျိုးမခွဲဘဲ ငြိမ်းချမ်းတဲ့
တိုင်းပြည်ဖြစ်တဲ့ ကဗျာမျိုးကိုပဲ ရေးပါရစေ”လို့ စောဝေက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။

အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စောဝေရဲ့ ဖေဖော်ဝါရီဆယ့်လေး ကဗျာကြောင့် စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရပြီး လူသိများခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း စောဝေတစ်ယောက် ဘာတွေရေးနေလဲ။

“ကျနော့်သမီးတွေလည်း အရွယ်ရောက်လာပြီဆိုတော့ ဒီခေတ်အမျိုးသမီးတွေ
ဘက်ကနေ ခံစားရေးဖွဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဒီရက်ပိုင်းအတွင်းမှာ ရေးဖြစ်
ပါတယ်။ ဒီကဗျာကို တိတ်တခိုးလို့ နာမည်ပေးထားပါတယ်။ 

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာနဲ့ ခေါင်းစဉ်တူတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကဗျာရဲ့အကြောင်းအရာကတော့ ကွဲပြားခြားနားမှာပါ”လို့ ဆိုပါတယ်။
ကဗျာဆရာ စောဝေဟာ လူချစ်လူခင်ပေါများသူဖြစ်ပေမယ့် နာမည်ကြီးသူတွေ
ကို သူငယ်ချင်းတော်ရကောင်းလားဆိုပြီး မောင်သာချိုက မြားနတ်မောင်မဂ္ဂဇင်း
ကနေ ထိုးနှက်ရေးသားဖူးပါတယ်။ 

ဒါပေမယ့် သူရဲ့ဖေဖော်ဝါရီဆယ့်လေးကဗျာနဲ့ သူ့သမိုင်းကိုသူ လှအောင်ရေးပြီး သူ့ရဲ့ပင်ကျရည်ကဗျာတွေဟာ လူထုကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

(ရွှေညာခိုင်စိုး)
Kamayut Media
အာနာရူးကြီးမှူးကြီးသန်းရွှေဆိုတဲ့ ထိပ်ဆုံးစကားလုံးတွေပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေးကဗျာ ရေးသားခဲ့တဲ့ ကဗျာဆရာစောဝေကတော့ လာမယ့် Valentine Day မှာတော့ ဒီလိုကဗျာမျိုး မရေးချင်တော့ဘူးလို့ ပြောပါ တယ်။ စောဝေက ဘယ်အကြောင်းအရာကိုပဲ ရေးချင်နေတာလဲ။
“ဖေဖော်ဝါရီဆယ့်လေး ထပ်မရေးချင်တော့ပါဘူး။ ထပ်ရေးချင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အခုလည်း တွေ့နေရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီ ဆယ့်လေးကဗျာထဲက အာနာရူးကြီးမှူးကြီး သန်းရွှေ လို ကဗျာမျိုး မရေးပါရစေနဲ့။ ရေးလည်း မရေးချင်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွင့်လင်းမြင် သာပြီးတော့ လူသားအချင်းချင်း အသားအရောင် ဘာသာမခွဲ လူမျိုးမခွဲဘဲ ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်တဲ့ ကဗျာမျိုးကိုပဲ ရေးပါရစေ”လို့ စောဝေက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။

အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စောဝေရဲ့ ဖေဖော်ဝါရီဆယ့်လေး ကဗျာကြောင့် စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရပြီး လူသိများခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း စောဝေတစ်ယောက် ဘာတွေရေးနေ လဲ။

“ကျနော့်သမီးတွေလည်း အရွယ်ရောက်လာပြီဆိုတော့ ဒီခေတ်အမျိုးသမီးတွေဘက်ကနေ ခံစားရေးဖွဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဒီရက်ပိုင်းအတွင်းမှာ ရေးဖြစ်ပါတယ်။ ဒီကဗျာကို တိတ်တခိုးလို့ နာမည်ပေးထားပါတယ်။

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကဗျာနဲ့ ခေါင်းစဉ်တူတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကဗျာရဲ့ အကြောင်း အရာကတော့ ကွဲပြားခြားနားမှာပါ”လို့ ဆိုပါတယ်။ ကဗျာဆရာ စောဝေဟာ လူချစ်လူခင်ပေါများ သူဖြစ်ပေ မယ့် နာမည်ကြီးသူတွေကို သူငယ်ချင်းတော်ရကောင်းလားဆိုပြီး မောင်သာချိုက မြားနတ်မောင် မဂ္ဂဇင်းကနေ ထိုးနှက်ရေးသားဖူးပါတယ်။

ဒါပေမယ့် သူရဲ့ဖေဖော်ဝါရီဆယ့်လေးကဗျာနဲ့ သူ့သမိုင်းကိုသူ လှအောင်ရေးပြီး သူ့ရဲ့ပင်ကျရည် ကဗျာတွေ ဟာ လူထုကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

(ရွှေညာခိုင်စိုး)
Kamayut Media

No comments:

Post a Comment