Tuesday 16 September 2014

ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီကား တစ်ကား ဝင်ရောက်ပြသပြီး တရုတ်နဲ့ တိဘက်ကို ချစ်ကြည်ရေးခရီးသွား မယ့် သျှီ

Photo: ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီကား တစ်ကား ဝင်ရောက်ပြသပြီး တရုတ်နဲ့ တိဘက်ကို ချစ်ကြည်ရေးခရီးသွား မယ့် သျှီ
Tuesday, September 16, 2014

တေးသံရှင်သျှီက စက်တင်ဘာ လ ၁၃ရက်နေ့မှ စက်တင် ဘာလ ၂၁ ရက်နေ့ 
(အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့)အထိကျင်းပမယ့် ငြိမ်းချမ်းရေးပန်းချီပြပွဲ မှာ ပန်းချီ ကားတစ်ကားကို ကိုယ်တိုင်ရေး ဆွဲပြီးပါဝင်ပြသမယ်လို့ သိရပါတယ်။ 

၃၅ လမ်းအလယ်ဘလောက်မှာရှိတဲ့River Ayeyarwaddy Gallery မှာ ကျင်းပမယ့် ပန်းချီပြပွဲမှာ ပါဝင်ပြသ ဖြစ်ပုံကို သျှီက “သျှီက အရှေ့မှာလည်း ပြပွဲတွေမှာ တစ်ကားစနှစ်ကားစဝင်ပြ ဖြစ်တယ်။ 

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အတွက် လုပ်တဲ့ပွဲမှာလည်း သျှီကအဲ့ဒီလိုလေးတွေ ဆွဲတတ်တာသိတော့ ပြခန်းကအစ်မက ဝင်ပြပါလား ဆိုပြီး ကမ်းလှမ်းတယ်။ အဲဒါနဲ့ သျှီလက်ထဲမှာလည်း ဆွဲထားတာ အများကြီး ရှိပေမယ့် သိပ်စိတ်တိုင်း မကျတာနဲ့ ဝင်မပြတော့ပါဘူး လုပ်ပြီးမှ တစ်ရက်မှာ ဆွဲချင်စိတ်ပေါက်လာပြီး ဆွဲဖြစ်လိုက်တော့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ကားဖြစ်နေတယ်။ စိတ်ထဲမှာ ဒီကားလေးဝင်ပြရင် ကောင်းမယ်ဆိုပြီး ပြ ဖြစ်သွားတယ်။ absolute peace ဆိုပြီး နာမည်ပေးထားတယ်” လို့ ပြော တဲ့သျှီက ဒီတစ်ခေါက်ပန်းချီကားကိုတော့ စာရွက်ပေါ်မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးပြပွဲမှာ ပန်းချီကားဝင်ရောက်ပြသတဲ့ သျှီကို ခုလိုငြိမ်းချမ်း ရေးပွဲတော်တွေ ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုမေးကြည့်တော့ “သျှီဖေ့စ်ဘုတ်မှာ ဖတ်ရတဲ့ status တစ်ခုထဲကအတိုင်း ပြောရမယ်ဆိုရင် စာတွေရေးရုံ၊ ကဗျာတွေရေးရုံနဲ့ ငြိမ်းချမ်းရေးရမယ်လို့ အတိအကျမပြော လိုပါဘူးတဲ့။ ဒါ ပေမဲ့ လူတွေကြားမှာ ငြိမ်းချမ်းရေး အသိငြိမ်းချမ်းရေးသတိ ရှိနေဖို့ ဒါက တော့ အပံ့အပိုးတစ်ခုအနေနဲ့ အနုပညာအရလိုအပ်ပါတယ်ပေါ့။ 

ဒါက ဒီအတိုင်းပဲ မပြောဘဲနဲ့ထားရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတောင် ပျောက် ကွယ်သွားနိုင်တယ်လေ။ ငြိမ်းချမ်းရေးဆိုတာက လုပ်ယူမယ်။ ဆွေးနွေးရမယ်။ အကောင်းကို တည်ဆောက်ရတာဖြစ်တဲ့အတွက် ခက်ခဲ တဲ့အရာ တစ်ခုပါ။ လူတွေရဲ့ တချို့အမြင်မှာတော့ ရှိမှာပေါ့။ စာတွေရေး၊ ပန်းချီတွေဆွဲ၊ ကဗျာတွေ ရွတ်ရုံနဲ့ရမှာလားပေါ့။ ဒီတစ်ခုခုနဲ့တော့ မရဘူးပေါ့။ အဘက်ဘက် ကနေ သတိေ ပးတဲ့ သဘောပါပဲ။ တကယ်တမ်းပြောရရင် စိတ်နှလုံးသားတွေ ပြောင်းလဲမှုကနေ ကောင်းတာတွေရော၊ ဆိုးတာတွေရောဖြစ်နိုင်တာပါ။ ဒီဟာတွေကလည်း စိတ်နှလုံး သားတွေ ငြိမ်း ချမ်းစေဖို့ပေါ့။ ကိုယ်က ကြမ်းတမ်းနေ ပေမယ့်လည်း ဒီအနုပညာနဲ့ ငြိမ်းချမ်း မှုကတစ်ဆင့် စိတ်ခံစားမှုနဲ့ ပြုပြင်ရေး လမ်းကြောင်းပေါ် ရောက်နိုင်မယ် မျှော်လင့်တယ်ပေါ့။ ငြိမ်းချမ်းရေး ဆိုတာကိုဘာမှ မပြောတာထက် စာရင် ဒီစကားလုံးလေးတွေ ရှိ နေတာကပဲ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ မြင်တယ်” လို့ သျှီ က သူ့အမြင် ကို ပြော ပြပါတယ်။ ငြိမ်းချမ်း ရေး ပန်းချီပြပွဲမှာ ပန်းချီ ကား ပါဝင်ပြသမယ့် သျှီကပြပွဲကိုတော့ မတက်ရောက်ဖြစ်ဘူး လို့သိရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ စက်တင် ဘာ ၁၅ရက် နေ့ မှာ တရုတ် နဲ့ တိဘက်ကို ချစ်ကြည်ရေး ခရီးစဉ် ၉ ရက်ကြာသွား ရောက်ရမှာကြောင့်ဖြစ်ပြီး ဒါရိုက်တာကြည်ဖြူသျှင်၊ ဒါရိုက်တာရီဇော်စသူတို့ အပြင်စာပေ နယ်မှ ပုဂ္ဂိုလ် များနဲ့အတူ သွားရောက် မှာ ဖြစ်ကြောင်းသိရပါ တယ်။

Pooular Journal
တေးသံရှင်သျှီက စက်တင်ဘာလ ၁၃ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့) အထိကျင်းပမယ့် ငြိမ်းချမ်းရေးပန်းချီပြပွဲမှာ ပန်းချီကားတစ်ကားကို ကိုယ်တိုင်ရေးဆွဲပြီး ပါဝင်ပြ သ မယ်လို့ သိရပါတယ်။
၃၅ လမ်းအလယ်ဘလောက်မှာရှိတဲ့River Ayeyarwaddy Gallery မှာ ကျင်းပမယ့် ပန်းချီပြပွဲမှာ ပါ ဝင်ပြသ ဖြစ် ပုံကို သျှီက “သျှီက အရှေ့မှာလည်း ပြပွဲတွေမှာ တစ်ကားစနှစ်ကားစဝင်ပြ ဖြစ်တယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အတွက် လုပ်တဲ့ပွဲမှာလည်း သျှီကအဲ့ဒီလိုလေးတွေ ဆွဲတတ်တာ သိတော့ ပြခန်းကအစ်မက ဝင်ပြပါလား ဆိုပြီး ကမ်းလှမ်းတယ်။ အဲဒါနဲ့ သျှီလက်ထဲမှာလည်း ဆွဲထားတာ အများကြီး ရှိပေမယ့် သိပ်စိတ်တိုင်း မကျတာနဲ့ ဝင်မပြတော့ပါဘူး လုပ်ပြီးမှ တစ်ရက်မှာ ဆွဲချင်စိတ်ပေါက် လာပြီး ဆွဲဖြစ်လိုက်တော့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ကားဖြစ်နေတယ်။ စိတ်ထဲမှာ ဒီကားလေး ဝင်ပြရင် ကောင်းမယ်ဆိုပြီး ပြ ဖြစ်သွားတယ်။ absolute peace ဆိုပြီး နာမည်ပေးထားတယ်” လို့ ပြော တဲ့သျှီက ဒီတစ်ခေါက်ပန်းချီကားကိုတော့ စာရွက်ပေါ်မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးပြပွဲမှာ ပန်းချီကားဝင်ရောက်ပြသတဲ့ သျှီကို ခုလိုငြိမ်းချမ်း ရေးပွဲတော်တွေ ပြုလုပ်ခြင်းနဲ့ ပတ် သက်ပြီး သူ့ရဲ့အမြင်ကိုမေးကြည့်တော့ “သျှီဖေ့စ်ဘုတ်မှာ ဖတ်ရတဲ့ status တစ်ခုထဲက အတိုင်း ပြောရ မယ် ဆိုရင် စာတွေရေးရုံ၊ ကဗျာတွေရေးရုံနဲ့ ငြိမ်းချမ်းရေးရမယ်လို့ အတိအကျမပြော လိုပါဘူးတဲ့။ ဒါ ပေမဲ့ လူတွေကြားမှာ ငြိမ်းချမ်းရေး အသိငြိမ်းချမ်းရေးသတိရှိနေဖို့ ဒါက တော့ အပံ့အပိုးတစ်ခုအနေနဲ့ အနုပညာ အရ လိုအပ်ပါတယ်ပေါ့။

ဒါက ဒီအတိုင်းပဲ မပြောဘဲနဲ့ထားရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတောင် ပျောက် ကွယ်သွားနိုင်တယ်လေ။ ငြိမ်းချမ်းရေးဆိုတာက လုပ်ယူမယ်။ ဆွေးနွေးရမယ်။ အကောင်းကို တည်ဆောက်ရတာဖြစ်တဲ့အတွက် ခက်ခဲ တဲ့အရာ တစ်ခုပါ။ လူတွေရဲ့ တချို့အမြင်မှာတော့ ရှိမှာပေါ့။ စာတွေရေး၊ ပန်းချီတွေဆွဲ၊ ကဗျာတွေ ရွတ်ရုံနဲ့ရမှာလားပေါ့။ ဒီတစ်ခုခုနဲ့တော့ မရဘူးပေါ့။ အဘက်ဘက် ကနေ သတိေ ပးတဲ့ သဘောပါပဲ။ တကယ်တမ်းပြောရရင် စိတ်နှလုံးသားတွေ ပြောင်းလဲမှုကနေ ကောင်းတာတွေရော၊ ဆိုးတာတွေေ ရာဖြစ်နိုင်တာပါ။ ဒီဟာတွေကလည်း စိတ်နှလုံး သားတွေ ငြိမ်း ချမ်းစေဖို့ပေါ့။ ကိုယ်က ကြမ်း တမ်းနေ ပေ မယ့် လည်း ဒီအနုပညာနဲ့ ငြိမ်းချမ်း မှုကတစ်ဆင့် စိတ်ခံစားမှုနဲ့ ပြုပြင်ရေး လမ်းကြော င်းပေါ် ရောက်နိုင် မယ် မျှော်လင့်တယ်ပေါ့။ ငြိမ်းချမ်းရေး ဆိုတာကိုဘာမှ မပြောတာထက် စာရင် ဒီစကား လုံးလေးတွေ ရှိ နေတာကပဲ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ မြင်တယ်” လို့ သျှီ က သူ့အမြင် ကို ပြော ပြပါတယ်။ ငြိမ်းချမ်း ရေး ပန်းချီပြပွဲမှာ ပန်းချီ ကား ပါဝင်ပြသမယ့် သျှီကပြပွဲကိုတော့ မတက်ရောက်ဖြစ်ဘူး လို့သိရ ပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ စက်တင် ဘာ ၁၅ရက် နေ့ မှာ တရုတ် နဲ့ တိဘက်ကို ချစ်ကြည်ရေး ခရီးစဉ် ၉ ရက်ကြာသွား ရောက်ရမှာကြောင့်ဖြစ်ပြီး ဒါရိုက်တာကြည်ဖြူသျှင်၊ ဒါရိုက်တာရီဇော်စသူတို့ အပြင်စာပေ နယ်မှ ပုဂ္ဂိုလ် များနဲ့အတူ သွားရောက် မှာ ဖြစ်ကြောင်းသိရပါ တယ်။

Pooular Journal

No comments:

Post a Comment