Tuesday 16 September 2014

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လူငယ်အင်အားစုများ ပိုမိုပါဝင် ခွင့် ပေးရေး သမ္မတတိုက်တွန်း

Photo: ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လူငယ်အင်အားစုများ ပိုမိုပါဝင် ခွင့် ပေးရေး သမ္မတတိုက်တွန်း
Tuesday, September 16, 2014

ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်နိုင်ရေး လူငယ်အင်အားစုများက ဝိုင်းဝန်း ဆောင် ရွက်ပေးကြရန်နှင့် လူငယ်များကို ပိုမိုပါဝင်ခွင့်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုက်တွန်းပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၀ ရွေးကောက် ပွဲပြီး နောက်ပိုင်း လွှတ်တော် အစည်းအဝေးများ စတင်ခေါ်ယူခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ လေးကြိမ်မြောက် ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပါတီပေါင်း ၁၈ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအချို့က ဒီမိုကရေစီ ထွန်းကားရေးနှင့် ပတ်သက်သည့် စာတမ်းနှင့် သဝဏ်လွှာများ ပေးပို့ခဲ့သည်။

လူငယ်အင်အားစုများသည် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် အဓိကကျသဖြင့် စွမ်းရည်ပြည့်ဝစွာ ပါဝင်နိုင်ရေး အခြေခံပညာကျောင်းများတွင် ကင်းထောက် အဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်း လေ့ကျင့်ပေးခြင်းနှင့် ထူးချွန်ကျောင်းသားများ ရွေးချယ်ကာ လေ့ကျင့်ပေးမှုများ ပြုလုပ်နေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်လျက် ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် လူငယ်များ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင် စေနိုင်ရေးအတွက် သမ္မတ အနေနှင့် မိန့်ခွန်းပြောကြားနေရုံဖြင့် မပြီး လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

ယင်းသဝဏ်လွှာနှင့် ပတ်သက်ပြီး လူငယ်အဖွဲ့အစည်းများကိုမူ လူငယ်များ၏ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများနှင့် လူငယ်များ ပါဝင်နိုင်မှု အခန်းကဏ္ဍ မြှင့်တင်ရန် အဓိက လိုအပ်နေကြောင်း တုံ့ပြန် ပြောဆိုကြသည်။

“ဆောင်ပုဒ်တင်မရဘူး။ အဲဒီ ဆောင်ပုဒ် အကောင်အထည်ဖော်ဖို့ လမ်းစတွေ ဖော်ဆောင်ရမယ်။ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေ၊ အားထုတ်မှုတွေ ရပြီ ဆိုရင်လည်း အစိုးရ အဖွဲ့အစည်းတွေက အသိအမှတ်ပြုဖို့ လိုပါသေးတယ်” ဟု မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောကြားသည်။

အစိုးရအဖွဲ့ လုပ်ငန်းစဉ်များတွင် လူငယ်များကို ခန့်ထားလုပ်ကိုင်စေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လက်ဆင့်ကမ်း ကူညီမှုများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ထပ်မံပြုလုပ်သင့်ကြောင်း Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

“ပညာရေးစနစ်က ပျက်စီးနေတော့ လူငယ်အများစုက စွမ်းဆောင်ရည် သိပ်မရှိကြဘူး။ အဲဒီတော့ ပါဝင်ပါလို့သာ ပြောနေတယ်။ ပါဝင်ချင်ပေမယ့် အသိပညာပိုင်း၊ အတတ်ပညာပိုင်းမှာ သိပ်မပါဝင်နိုင်ကြဘူး။ ခန္ဓာကိုယ်ပဲ ပါနိုင်တယ်” ဟု ကိုမိုဃ်းသွေးက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သဝဏ်လွှာတွင်လည်း လူငယ်များ၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုကို အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ ပေးသွားရမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုနှစ် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၏ ဆောင်ပုဒ်ကို ဒီမိုကရေစီ ဖော်ဆောင်ရေး လူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး “Engaging Youth on Democracy” ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN က သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၅၁ သန်းကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်အရေအတွက်မှာ ၁၆ သန်းခန့် အထိရှိပြီး နိုင်ငံတိုးတက်ရေးသည် လက်ရှိ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားမှုပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ၆၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အခမ်းအနား ပြုလုပ်ရန် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေ စီနိုင်ငံ ဖော်ဆောင်နိုင်ရေး လူငယ်အင်အားစု များက ဝိုင်းဝန်း ဆောင် ရွက်ပေးကြရန်နှင့် လူငယ်များကို ပိုမိုပါဝင်ခွင့်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တိုက်တွန်းပြောကြားသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ကျင်းပပြု လုပ် သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော် သမ္မတ ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၀ ရွေးကောက် ပွဲပြီး နောက်ပိုင်း လွှတ်တော် အစည်းအဝေးများ စတင်ခေါ်ယူခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မူ လေး ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ လေးကြိမ်မြောက် ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပါတီပေါင်း ၁၈ ပါတီနှင့် လွှတ်တော်ကိုယ်စား လှယ်များနှင့် အဖွဲ့အစည်းအချို့က ဒီမိုကရေစီ ထွန်းကားရေးနှင့် ပတ်သက်သည့် စာတမ်းနှင့် သဝဏ်လွှာ များ ပေးပို့ခဲ့သည်။

လူငယ်အင်အားစုများသည် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် အဓိကကျသဖြင့် စွမ်းရည်ပြည့်ဝစွာ ပါဝင်နို င်ရေး အခြေခံပညာကျောင်းများတွင် ကင်းထောက် အဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်း လေ့ကျင့်ပေးခြင်းနှင့် ထူးချွန်ကျောင်းသားများ ရွေးချယ်ကာ လေ့ကျင့်ပေးမှုများ ပြုလုပ်နေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်လျက် ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် လူငယ်များ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင် စေနိုင်ရေးအတွက် သမ္မတ အနေနှင့် မိန့်ခွန်းပြောကြားနေရုံဖြင့် မပြီး လက်တွေ့ ဆောင်ရွက်နိုင်ရန် စီမံပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

ယင်းသဝဏ်လွှာနှင့် ပတ်သက်ပြီး လူငယ်အဖွဲ့အစည်းများကိုမူ လူငယ်များ၏ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများနှင့် လူငယ်များ ပါဝင်နိုင်မှု အခန်းကဏ္ဍ မြှင့်တင်ရန် အဓိက လိုအပ်နေကြောင်း တုံ့ပြန် ပြော ဆိုကြသည်။

“ဆောင်ပုဒ်တင်မရဘူး။ အဲဒီ ဆောင်ပုဒ် အကောင်အထည်ဖော်ဖို့ လမ်းစတွေ ဖော်ဆောင်ရမယ်။ ကိုယ်ပိုင် စွမ်းဆောင်ရည်တွေ၊ အားထုတ်မှုတွေ ရပြီ ဆိုရင်လည်း အစိုးရ အဖွဲ့အစည်းတွေက အသိအမှတ်ပြုဖို့ လိုပါသေးတယ်” ဟု မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောကြားသည်။

အစိုးရအဖွဲ့ လုပ်ငန်းစဉ်များတွင် လူငယ်များကို ခန့်ထားလုပ်ကိုင်စေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လက်ဆင့်ကမ်း ကူညီမှုများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ထပ်မံပြုလုပ်သင့်ကြောင်း Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

“ပညာရေးစနစ်က ပျက်စီးနေတော့ လူငယ်အများစုက စွမ်းဆောင်ရည် သိပ်မရှိကြဘူး။ အဲဒီတော့ ပါဝင်ပါ လို့သာ ပြောနေတယ်။ ပါဝင်ချင်ပေမယ့် အသိပညာပိုင်း၊ အတတ်ပညာပိုင်းမှာ သိပ်မပါဝင်နိုင်ကြ ဘူး။ ခန္ဓာကိုယ်ပဲ ပါနိုင်တယ်” ဟု ကိုမိုဃ်းသွေးက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သဝဏ်လွှာတွင်လည်း လူငယ်များ၏ လုပ်ကိုင်ဆောင် ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုကို အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ ပေးသွားရမည် ဖြစ်ကြောင်း ထည့် သွင်းဖော်ပြထားသည်။

ယခုနှစ် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၏ ဆောင်ပုဒ်ကို ဒီမိုကရေစီ ဖော်ေ ဆာင်ရေး လူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး “Engaging Youth on Democracy” ဟု ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ UN က သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၅၁ သန်းကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်အရေအတွက်မှာ ၁၆ သန်းခန့် အထိရှိပြီး နိုင်ငံတိုးတက်ရေးသည် လက်ရှိ လူငယ်များ၏ စွမ်းဆောင် ရည် မြင့်မားမှုပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ၆၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အခမ်းအနား ပြု လုပ် ရန် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment