Tuesday 16 September 2014

လူငယ်များတွင် Botox ဆေးသွင်းကုသခြင်း ခံစားချက်ပိုင်းဖွံ့ဖြိုးမှုကို ထိခိုက်နိုင်

လန်ဒန်- လူငယ်များအား Botox ဆေးသွင်းကုသပေးခြင်းသည် ၎င်းတို့၏ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကို အကန့်အသတ်ရှိစေနိုင်သည်ဟု ကျွမ်းကျင်သူများကပြောကြားသည်။
အသက်ကြီးလာသူများ၌ မျက်နှာတွင် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်လာခြင်းစသည် တို့ပျောက် ကင်းစေရန် ကုသသော Botox ကုသမှုများကို အသက် (၂၅) နှစ်အောက်လူငယ်များကြားခေတ်စားလာပြီး ယင်းမှာ လူငယ်များအနေဖြင့် ခံစားချက်များအပြည့်အ၀ဖော်ပြရန် သင်ယူမှုကို  ရပ်တန့်စေနိုင်သည်ဟု Journal of Aesthetic Nursing ဂျာနယ်တွင် သုတေသီများကဖော်ပြသည်။

လူငယ်များအား အလှအပပြင်ဆင်မှုအကြောင်းပြချက်များဖြင့် Botox နှင့် အခြားဆေးဝါးများဖြင့် ကုသပေးခြ င်းမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာအရ မှားယွင်းသည်ဟုလည်း ဗြိတိန်ပလတ်စတစ်ခွဲစိတ် ပညာရှင်များ အဖွဲ့ကပြောသည်။

မျက်နှာအသားအရေကို တင်းရင်းသွားစေသော ဓာတုဆေးဝါးများမှာ လူများမျက်မှောင်ကြုတ်ပါက အရေး အကြောင်းများလျော့ပါးစေသည်။

လူသားများအနေဖြင့် မိမိတို့၏ ခံစားချက်များကို မျက်နှာအမူအရာများဖြင့် ဖော်ပြနေပြီး သနားကြင်နာမှုနှင့် ကိုယ်ချင်းစာမှုစသော ခံစားချက်များကို လေ့လာသင်ယူခြင်းဖြင့် မိမိကိုယ်ကိုယ်ယုံကြည်ပြီး ဆက် ဆံရေးကော င်းသော လူကြီးများဖြစ်လာစေသည်ဟု သုတေသနလုပ်ဆောင်ခဲ့သော သူနာပြုလုပ်ငန်းကျွမ်း ကျင် သူ ဟယ်လင်ကူလီယာကပြောသည်။

သို့သော်လူငယ်များမှာ ရုပ်သံအစီအစဉ်များနှင့် နာမည်ကျော်များ၏ ယဉ်ကျေးမှုများလွှမ်းမိုးခံရပြီး Botox ကုသသူများရှိလာခဲ့၍ခံစားချက်မဲ့အမူအရာများ ပြသလာခဲ့ရာ ၎င်းတို့၏ စိတ်ခံစားချက်ပိုင်းဆိုင်ရာနှင့် လူမှု ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နိုင်သည်ဟု မစ္စစ်ဟယ်လင်ကူလီယာက ဆက်လက်ပြောသည်။

ကားဒစ်ဖ်တက္ကသိုလ် စိတ်ပညာဌာနမှ သုတေသီဒေါက်တာ မိုက်ကယ်လူးဝစ်ကလည်း Botox ကဲ့သို့ ဆေးဝါးများဖြင့် ကုသမှုကြောင့် ထူးခြားသော မျက်နှာအမူအရာတစ်ခုပြသရန် အခက်အခဲရှိနိုင်ပြီး ယင်းအတွက် ခံစားချက်ပိုင်း သင်ယူလေ့လာမှုတွင် ထိခိုက်နိုင်သည်ဟု ပြောကြားသည်။

BBC

No comments:

Post a Comment