Thursday 13 December 2012

အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော်လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာ အဆင့် မမီနိုင်


အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော်လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာ အဆင့် မမီနိုင်

http://www.myawady.com.mm/tech/localtechnews/item/1687

လက်ရှိ အင်တာနက် အသုံးပြုခ ဈေးနှုန်း များအား မြန်မာ့ ဆက်သွယ်ရေးက ၁၀၀ ကီလို ဘိုက်အား ၂ ကျပ် တိုးမြှင့် ကောက်ခံ ခြင်းသည် နိုင်ငံ တကာ စံနှုန်းများနှင့် အညီ ကောက်ယူခြင်းဟု  ဆိုသော်လည်း နိုင်ငံ တကာတွင် ပေးနေသော Service ဝန်ဆောင် မှုအား
အပြည့်အဝ ပေးရမည်ဖြစ်ပြီး လက်ရှိ အနေအထားရ မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုမှာ ဈေးနှုန်းကသာ နိုင်ငံတကာ စံနှုန်းများကိုမီ၍ ဝန်ဆောင်မှုနှင့် မြန်နှုန်းမှာမူ အဆင့်မမီသေးကြောင်း၊ တစ်နေ့လျှင် ဝင်ငွေ ကိုးရာကျပ်မျှသာ ရသော ကျေး လက်နေ ပြည်သူများ အတွက်ဆိုလျှင် အင်တာနက် သုံးစွဲနိုင်ရန် ပို၍ပင် အလှမ်းဝေးကြောင်း၊ မြန် မာ့နိုင်ငံ၌ အင်တာနက် အသုံးပြုခအား တိုးမြှင့်ခြင်း အပေါ် ဦးဆောင် ကန့်ကွက်သူ တစ်ဦးဖြစ်သူ ဦးနေမျိုးဇင်က ပြောကြား သွားသည်။ 

'လက်ရှိ ဆက်သွယ်ရေးရဲ့ အင်တာနက် အသုံးပြုခ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ်ဆိုတာ မြန်မာပြည်ရဲ့ အခြေခံ လူတန်းစားအတွက် တော်တော်ကို ဝန်ပိစေတဲ့ ပမာဏပါ။ သူတို့ ကပြောရင် နိုင်ငံတကာ စံနှုန်းနဲ့အညီ ကောက်တယ်လို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို နိုင်ငံတကာ စံနှုန်းနဲ့တော့ ကောက်ချင်တယ်။ ဝန်ဆောင်မှုကတော့ ဗလချာဆိုတာတော့ မဖြစ် သင့်ဘူး။ တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် နည်းပညာ လွတ်လပ်ချိုသာစွာ သုံးစွဲနိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် အခြေခံ လူတန်းစားတွေ အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ ဝန်ဆောင် မှုကောင်းစွာ အင်တာနက် သုံးစွဲနိုင်ဖို့ အတွက် အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနမှာ တာဝန် အပြည့်အဝ ရှိတယ်' ဟု ဦးနေမျိုးဇင် က ပြောကြားသွားသည်။ 

မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က သက်ဆိုင်ရာသို့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်၍ အချက် (၃) ချက် ဆက်လက် တောင်းဆို သွားမည်ဖြစ်ပြီး ယင်းတို့မှာ အင်တာနက် အသုံးပြု ခအား ၁၀၀ ကီလိုဘိုက်လျှင် ၂ ကျပ်နှုန်း ကောက်ခံခြင်းအား လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၌ လုပ်ငန်းရှင် ခရိုနီ အချို့၏ ဈေးကစား၊ ချုပ်ကိုင်ထားခြင်းများအား ပွင့်လင်းမြင်သာမှုရှိစွာ လူထုသို့ ချပြသွားရန်နှင့် အီလက်ထရောနစ် အက်ဥပဒေထဲမှ ပြောင်းလဲ လာပြီဖြစ် သာ ခေတ်စနစ်နှင့် လျော်ညီမှု မရှိသည့် အချို့သော အချက်များအား ပြင်ဆင်ပေးရန် စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။
အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော် လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာအဆင့်မမီနိုင်လက်ရှိ အင်တာနက် အသုံးပြုခ ဈေးနှုန်းများအား မြန်မာ့ဆက်သွယ်ရေးက ၁၀၀ ကီလို ဘိုက်အား ၂ ကျပ် တိုးမြှင့် ကောက်ခံ ခြင်းသည် နိုင်ငံတကာ စံနှုန်း များနှင့် အညီ ကောက်ယူခြင်းဟု ဆိုသော်လည်း နိုင်ငံ တကာ တွင် ပေးနေသော Service ဝန်ဆောင် မှုအားအပြည့်အဝ ပေးရမည်ဖြစ်ပြီး လက်ရှိအနေ အထားရ မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုမှာ ဈေးနှုန်းကသာ နိုင်ငံတကာစံနှုန်းများကိုမီ၍ ဝန်ဆောင်မှုနှင့် မြန်နှုန်းမှာမူ အဆင့်မမီသေးကြောင်း၊ တစ်နေ့လျှင် ဝင်ငွေကိုးရာကျပ်မျှသာရသော ကျေး လက်နေ ပြည်သူများအတွက်ဆိုလျှင် အင်တာနက်သုံးစွဲနိုင်ရန် ပို၍ပင် အလှမ်းဝေးကြောင်း၊ မြန်မာ့နိုင်ငံ၌ အင်တာနက် အသုံးပြုခအားတိုးမြှင့်ခြင်းအပေါ် ဦးဆောင်ကန့်ကွက်သူ တစ်ဦးဖြစ်သူ ဦးနေမျိုးဇင် က ပြော ကြားသွားသည်။

'လက်ရှိ ဆက်သွယ်ရေးရဲ့ အင်တာနက် အသုံးပြုခ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ်ဆိုတာ မြန်မာပြည်ရဲ့ အခြေခံ လူတန်းစားအတွက် တော်တော်ကို ဝန်ပိစေတဲ့ ပမာဏပါ။ သူတို့ ကပြောရင် နိုင်ငံတကာ စံနှုန်းနဲ့အညီ ကောက်တယ်လို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို နိုင်ငံတကာ စံနှုန်းနဲ့တော့ ကောက်ချင်တယ်။ ဝန်ဆောင်မှုကတော့ ဗလချာဆိုတာတော့ မဖြစ် သင့်ဘူး။ တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် နည်းပညာ လွတ်လပ်ချိုသာစွာ သုံးစွဲနိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် အခြေခံ လူတန်းစားတွေ အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ ဝန်ဆောင် မှုကောင်းစွာ အင်တာနက် သုံးစွဲနိုင်ဖို့ အတွက် အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနမှာ တာဝန် အပြည့်အဝ ရှိတယ်' ဟု ဦးနေမျိုးဇင် က ပြောကြားသွားသည်။

မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က သက်ဆိုင်ရာသို့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်၍ အချက် (၃) ချက် ဆက်လက် တောင်းဆို သွားမည်ဖြစ်ပြီး ယင်းတို့မှာ အင်တာနက် အသုံးပြု ခအား ၁၀၀ ကီလိုဘိုက်လျှင် ၂ ကျပ်နှုန်း ကောက်ခံခြင်းအား လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၌ လုပ်ငန်းရှင် ခရိုနီ အချို့၏ ဈေးကစား၊ ချုပ်ကိုင်ထားခြင်းများအား ပွင့်လင်းမြင် သာမှုရှိစွာ လူထုသို့ ချပြသွားရန်နှင့် အီလက်ထရောနစ် အက်ဥပဒေထဲမှ ပြောင်းလဲလာပြီဖြစ် သာ ခေတ် စနစ်နှင့် လျော်ညီမှုမရှိသည့် အချို့သောအချက်များအား ပြင်ဆင်ပေးရန်စသည်တို့ ဖြစ်ကြောင်း သိရှိရ သည်။

No comments:

Post a Comment