Friday 28 March 2014

ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှု ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိ

Photo: ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှု ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိ
Friday, March 28, 2014

ရုရှားသမ္မတ ဗလာဒီမာပူတင် အပေါ် လူထုထောက်ခံမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီး နိုင်ငံမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသည်ဟု နိုင်ငံသား အများစုက ယုံကြည်နေကြောင်း Levada စစ်တမ်း ကောက်ယူမှု တစ်ရပ်ကို ကိုးကား RIA Novosti သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း ဒေသတွင်းရှိ ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံနှင့် ပေါင်းစည်းပေးပြီးနောက်တွင် ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှုနှုန်းမှာ ယခင်ကထက် ၈ ရာခိုင်နှုန်းကျော် မြှင့်တက်လာခဲ့ကြောင်း လွတ်လပ်သော စစ်တမ်း ကောက်ယူရေးအဖွဲ့ Levada Center က ပြောကြားသည်။

ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှု အမြင့်ဆုံး ကာလသည် ၂၀၀၈ ခုနှစ်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။

ထို့အပြင် ရုရှားနိုင်ငံမှာ အင်အားကြီး နိုင်ငံတစ်ရပ် ဖြစ်လာပြီး ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အရေးပါသော နိုင်ငံအဖြစ် ရောက်ရှိလာပြီဟု အခြားသော စစ်တမ်းကောက်ယူရာတွင် ရုရှားနိုင်ငံသားများက ဖြေဆိုထားသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံအဆင့်ကို ရုရှားနိုင်ငံ ပြန်လည် ရရှိလာပြီဟု ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းက သဘောထားပေးခဲ့ပြီး ယင်းကဲ့သို့သော ပမာဏသည် Levada Center အဖွဲ့ စစ်တမ်း စတင် ကောက်ယူခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အမြင့်မားဆုံး နှုန်းထားဖြစ်သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် The Times သတင်းစာကလည်း ရုရှားသမ္မတ ပူတင်ကို Person of Year အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ပြဿနာများ ဖြေရှင်းရေးတွင် မော်စကိုက အရေးပါသော နေရာတွင် ပြန်လည် ပါဝင်လာခြင်းကြောင့် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း Levada အဖွဲ့၏ စစ်တမ်း ပြန်လည် ဖြေဆိုသူ ၁၈ ရာခိုင်နှုန်းက သမ္မတပူတင်၏ တာဝန် ထမ်းဆောင်မှုများကို မထောက်ခံကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

လက်ရှိ စစ်တမ်းကို မတ်လ ၂၁-၂၄ ရက်အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၃၀ ရှိ နိုင်ငံသား ၁၆၀၀ ကျော်ကို မေးမြန်းခဲ့ခြင်း ဖြစ်ကာ စစ်တမ်း၏ မှားယွင်းနိုင်မှု ပမာဏမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိသည်။

The Voice Weekly
ရုရှားသမ္မတ ဗလာဒီမာပူတင် အပေါ် လူထုထောက်ခံမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီး နိုင်ငံမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသည်ဟု နိုင်ငံသား အများစုက ယုံကြည်နေကြောင်း Levada စစ်တမ်း ကောက်ယူမှု တစ်ရပ်ကို ကိုးကား RIA Novosti သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်း ဒေသတွင်းရှိ ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံနှင့် ပေါင်း စည်းပေးပြီးနောက်တွင် ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှုနှုန်းမှာ ယခင်ကထက် ၈ ရာ ခိုင်နှုန်းကျော် မြှင့်တက်လာခဲ့ကြောင်း လွတ်လပ်သော စစ်တမ်း ကောက်ယူရေးအဖွဲ့ Levada Center က ပြောကြားသည်။

ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှု အမြင့်ဆုံး ကာလသည် ၂၀၀၈ ခုနှစ်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။

ထို့အပြင် ရုရှားနိုင်ငံမှာ အင်အားကြီး နိုင်ငံတစ်ရပ် ဖြစ်လာပြီး ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အရေး ပါသော နိုင်ငံအဖြစ် ရောက်ရှိလာပြီဟု အခြားသော စစ်တမ်းကောက်ယူရာတွင် ရုရှားနိုင်ငံသား များက ဖြေ ဆို ထားသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံအဆင့်ကို ရုရှားနိုင်ငံ ပြန်လည် ရရှိလာပြီဟု ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းက သဘော ထားပေးခဲ့ပြီး ယင်းကဲ့သို့သော ပမာဏသည် Levada Center အဖွဲ့ စစ်တမ်း စတင် ကောက်ယူခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အမြင့်မားဆုံး နှုန်းထားဖြစ်သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် The Times သတင်းစာကလည်း ရုရှားသမ္မတ ပူတင်ကို Person of Year အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ပြဿနာများ ဖြေရှင်းရေးတွင် မော်စကိုက အရေး ပါသော နေရာတွင် ပြန်လည် ပါဝင်လာခြင်းကြောင့် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း Levada အဖွဲ့၏ စစ်တမ်း ပြန်လည် ဖြေဆိုသူ ၁၈ ရာခိုင်နှုန်းက သမ္မတပူတင်၏ တာဝန် ထမ်းဆောင်မှုများကို မထောက်ခံကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

လက်ရှိ စစ်တမ်းကို မတ်လ ၂၁-၂၄ ရက်အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၃၀ ရှိ နိုင်ငံသား ၁၆၀၀ ကျော်ကို မေးမြန်းခဲ့ခြင်း ဖြစ်ကာ စစ်တမ်း၏ မှားယွင်းနိုင်မှု ပမာဏမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိသည်။

The Voice Weekly

No comments:

Post a Comment