Friday 28 March 2014

"ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်နှင့်ပတ်သက်၍ သိသင့်သော အချက်များ"

Photo: "ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်နှင့်ပတ်သက်၍ သိသင့်သော အချက်များ"
Friday, March 28, 2014

(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ်သည်။

(၂) ၁၉၇၈ခုနှစ်တွင် Reinhold Messner သည် အဖော်ဖြစ်သူ Peter Habeler နှင့်အတူ ဧ၀ရတ်တောင်အား အောက်ဆီဂျင် ဗူးမပါဘဲ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည်။ နောက်ထပ် နှစ်နှစ်အကြာတွင် Messner သည် အောက်ဆီဂျင်ဗူးမပါဘဲ တစ်ဦးတည်း ထပ်မံတက်ရောက်နိုင်ခဲ့ ပြန်သည်။

(၃) ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကို မြင်ပင်မမြင်ဖူးခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧ၀ရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့သည်။

(၄) ဧ၀ရတ်တောင်ထိပ်ပေါ်ပထမဆုံးခြေချခဲ့သော Edumund Hillary သည် သားဖြစ်သူ Peter Hillary နှင့် အတူ ၁၉၉၀ ပြည့်နှစ်တွင် ယင်းတောင်ကို ထပ်မံတက်ရောက်ရာ ထိုသို့တက်ရောက်သည့် ပထမဆုံးသော သားအဖအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

(၅) ဧ၀ရတ်တောင်တည်ရှိမှုကို ၁၈၅၀ ပြည့်နှစ်များဆီက အိန္ဒိယတိုင်းတာရေး ဆာဗေးကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

(၆) ဧ၀ရတ်တောင်၏ အမြင့်ကို ပထမဆုံး တွက်ထုတ်ခဲ့သူမှာ အိန္ဒိယ သင်္ချာပညာရှင် Radhanath Sikdar ဖြစ်သည်။ သူက ၂၉၀၀၂ ပေအဖြစ်တွက်ချက်ခဲ့ရာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့သည်။ (လက်ရှိအချိန် တွင် ၂၉၀၃၅ ပေအဖြစ် အတည်ပြုထားသည်။)

(၇) ၁၉၃၃ ခုနှစ်တွင် ဧ၀ရတ်တောင်ထိပ်ပေါ်မှ ပထမဆုံးအကြိမ် လေယာဉ်ဖြတ်ပျံခဲ့သည်။ ယင်းလေယာဉ်ကို မောင်းနှင်ခဲ့သော လေယာဉ်မှူးမှာ Douglas Douglas-Hamilton နှင့် David Fowler MacIntyre တို့ဖြစ်သည်။

(၈) ထိုသို့ပျံသန်းပြီး ၁၈ နှစ်ကြာသောအခါ Douglas ၏ မြေးဖြစ်သူ Charles Douglas-Hamilton က လေကြောင်း ခရီးသည် အနေဖြင့် ဧ၀ရတ်တောင်ထိပ်မှ ဖြတ်သန်းခဲ့ပြန်သည်။

(၉)၂၀၀၅ ခုနှစ် မေလတွင် Didier Delsalle သည် ဧ၀ရတ်တောင်ထိပ်သို့ ဆင်းသက်သည့် ပထမဆုံးသော ရဟတ် ယာဉ်မှူးဖြစ်လာသည်။

(၁၀) ဧ၀ရတ်တောင်တက်ခရီးသမိုင်းတွင် လူအများဆုံး သေဆုံးခဲ့သောနှစ်မှာ ၁၉၉၆ ခုနှစ်ဖြစ်ပြီး တောင်တက်သမား (၁၅)ဦး သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့သည်။

(၁၁) ဧ၀ရတ်တောင်၏ အန္တရာယ်အကြီးဆုံး ဧရိယာမှာ ရေခဲပြိုကျသည့် khumbu ဒေသဖြစ်ပြီး မျှော်မှန်းမထားနိုင်သော ရေခဲကျဆင်းမှုက အန္တရာယ် အကြီးမားဆုံးဖြစ်စေသည်။

(၁၂) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အသက်အကြီးဆုံး တောင်တက်သမားမှ ဂျပန်နိုင်ငံမှ အသက် ၈၀ အရွယ် Yuichiro Miura ဖြစ်သည်။

(၁၃) Yuichiro Miura သည် ဒေါင်လိုက်အမြင့်ပေ ၄၂၀၀ မှ စကိတ်ဖြင့် ဆင်းနိုင်ခဲ့သော မှတ်တမ်းတင်ခဲ့သည်။ ယင်းစွမ်း ဆောင်မှုကို ဧ၀ရတ်တောင်မှ စကိတ်ဖြင့်ဆင်းသူ ဟူ၍ ရုပ်ရှင်ရိုက်ကူး ခဲ့ရာ ၁၉၇၅ ခုနှစ်၏ အကောင်းဆုံး အားကစားရုပ်ရှင် အကယ်ဒမီဆုရရှိခဲ့သည်။

(၁၄) ဧ၀ရတ်တောင်တွင် နာမည်အမျိုးမျိုးရှိသည်။ နီပေါနိုင်ငံတွင် Sagarmatha ဟုခေါ်ပြီး ကောင်းကင်၏နဖူး ဟု အဓိပ္ပါယ် ရသည်။ တိဗက်က Chomolangma ဟု သုံးနူန်းပြီး စကြာဝဌာ၏ မိခင် ဟု ဆိုလိုသည်။

(၁၅) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အငယ်ဆုံး တောင်တက်သမားမှာ အသက် ၁၃ နှစ်အရွယ် Jordan Romero ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် အမေရိကန်လူငယ် Jordan Romero သည် ယခင်နီပေါမှ အသက် ၁၅ နှစ် Ming Kipa ၏ စံချိန်ကို ချိုးခဲ့ခြင်းဖြစ်သည်။

(၁၆) ဒူဘိုင်းနိုင်ငံက ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံနှင့် လူသား၏ တည်ဆောက်မှုတွင် အမြင့်ဆုံး အဖြစ် Burj Khalifa အဆောက်အဦးကို အမြင့် ၈၂၉ မီတာဖြင့်ဆောက်လုပ်နိုင်ခဲ့သည်။ သို့သော် ဧ၀ရတ်တောင်က ယင်းအဆောက်အအုံထက် ၁၀ ဆ ပိုမြင့်သည်။

(၁၇) ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦးဖြစ်သော တိုင်ပေမှ ၁၀၁ ထပ်အဆောက်အဦးသည် ၅၀၉ မီတာသာ မြင့်ရာ ဧ၀ရတ်တောင်ထိပ်ကို မီရန် ၁၇ဆ ထပ်မြင့်ရမည်ဖြစ်သည်။

(၁၈) ဧ၀ရတ်တောင်၏ အမြင့်ဆုံး အခြေပြုစခန်းမှ တောင်ထိပ်ရောက်ရန်ပင် ပုံမှန်အားဖြင့် ၁၂ နာရီခန့် ထပ်မံတက်ရောက် ရလေ့ရှိသည်။

(၁၉) ဧ၀ရတ်တောင်ထိပ်သို့ အကြိမ်အများဆုံး တက်ရောက်ခဲ့သူမှာ Lhakpa Tenzing Sherpa ဖြစ်ပြီး ၁၉၉၀ပြည့်နှစ်မှ စ၍ ၂၁ ကြိမ်တက်ရောက်ခဲ့သည်။

(၂၀) ဗြိတိန်အမြင့်ဆုံးစံချိန်အဖြစ် Kenton Cool က ဧ၀ရတ်တောင်ထိပ်အား ၁၁ကြိမ် တက်ရောက်ခဲ့ သည်။

(၂၁) ဧ၀ရတ်တောင်ထိပ်ရှိ အပှုချိန်သည် အေးခဲသည့်ပမာဏထက် မည်သည့်အခါကမျှ မြင့်မားလေ့ မရှိဘဲ ဆောင်းရာသီတွင် (-၃၆) ဒီဂရီ စင်တီဂရိတ်နှင့် နွေရာသီတွင် (-၁၉) ဒီဂရီစင်တီဂရိတ် ပျှဉ်းမျှ ရှိသည်။

(၂၂) ၂၀၁၂ ခုနှစ်တွင် နီပေါအမျိုးသမီး Churim Sherpa သည် (၅)ရက် သာခြား၍ ဧ၀ရတ်တောင်အား နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခဲ့သည်။

(၂၃) ဧ၀ရတ်တောင်ထိပ်မှ ပထမဆုံးသော တွစ်တာမက်ဆေ့ကို Kenton Cool က ၂၀၁၁ ခုနှစ်တွင် ပေးပို့ခဲသည်။

(၂၄) Leanna Shuttleworth သည် ဧ၀ရတ်တောင်ကိုတက်ရောက်သည့် အငယ်ဆုံးသော ဗြိတိန်အမျိုးသမီးဖြစ်ခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်၊ အသက်၁၉နှစ်အရွယ်တွင် ဧ၀ရတ်တောင်ထိပ် သို့ တက်ရောက်နိုင်ခဲ့သည်။

(၂၅) ဧ၀ရတ်တောင်သည် ဆန့်ကျင်ဘက်မြေလွှာကြီးများ (tectonic plates) တွန်းတိုက်မှုကြောင့် နှစ် စဉ် ၄ မီလီမီတာ မြင့်တက်လျှက်ရှိသည်။

(၂၆) ဧ၀ရတ်တောင်ထိပ်ရှိ ကျောက်တုံးများသည် ပင်လယ် (marine limestone) များဖြစ်ပြီး လွန်ခဲ့သော နှစ်သန်းပေါင်း ၄၅၀ ခန့်က အနည်ကျခဲ့ခြင်းဟုယူဆကြသည်။

(၂၇) Edmund Hillary နှင့် Tenzing Norgayတို့ ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ပြီးနောက်မှာ ပင် ဧ၀ရတ်တောင်၏ အနောက်ဘက် တောင်တန်းများမှ မတက်ရောက်နိုင်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် အမေရိကန်လူမျိုးနှစ်ဦးဖြစ်သော Willie Unsoeld နှင့် Tom Hornbeinတို့က အဆိုပါ အနောက်ဘက်လမ်းကြောင်းမှ တက်ရောက်နိုင်ကြောင်း သက်သေထူနိုင်ခဲ့ကြသည်။

(၂၈)အံ့သြစရာ မကောင်းသောအချက်မှာ ဧ၀ရတ်တောင်တွင်လုပ်ဆောင်ခဲ့ရသော ကယ်ဆယ်ရေးများမှာ အမြင့်ဆုံး တောင်တက် ကယ်ဆယ်ရေးများဖြစ်နေခြင်းဖြစ်သည်။ ၂၀၀၁ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ကယ်ဆယ်ရေးမှာ လမ်းပြတစ်ဦးနှင့် တောင်တက်သမားတစ်ဦးကို အမြင့်ပေ ၂၈၅ ၀၀ တွင် တစ်ညအိပ် ရှာဖွေကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

(၂၉) ၂၀၀၆ခုနှစ်တွင် Edmund Hillary က ဗြိတိန်လူမျိုးတစ်ဦးကို ကယ်ဆယ်ရန်ပျက်ကွက်သဖြင့် တောင်တက်သမားများအား ပြစ်တင်ဝေဖန်ခဲ့သည်။ အသက် ၃၄ နှစ်ရှိသူ David Sharp သည် ဧ၀ရတ်တောင်တက်ခရီးတွင်သေဆုံးခဲ့သည်။

(၃၀) ကြမ္မာဆိုးငင်သော (၁၉၂၄ခုနှစ်) တောင်တက်ခရီးစဉ်တွင် ကိုဒက်ခ် (Kodak) ကင်မရာ သယ်ဆောင် သွားမှု ကြောင့် George Mallory နှင့် Andrew Irvine တို့နှစ်ဦးကို လူအများ သိရှိခဲ့ကြသည်။ သူတို့နှစ်ဦးတောင်ထိပ်အထိ တက်ရောက် နိုင်ခဲ့သည်ဟု တစ်ချို့ကယုံကြည်ကြသည်။

(၃၁) ဧ၀ရတ်တောင်ထိပ်သို့တက်ရောက်သောခရီးတွင် တောင်တက်သမားများသည် ပင်လယ် ရေ မျက်နှာပြင်တွင် အသက်ရှု သွင်းခိုက် ရရှိသော အောက်ဆီဂျင် ပမာဏအောက် သုံးပုံ တစ်ပုံသာ လျော့၍ ရရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လေထုဖွဲ့ စည်းပုံ ပြောင်းလဲသွားခြင်းကြောင့်မဟုတ်ဘဲ လေဖိအား သိသိသာသာလျော့ပါးသွးခြင်းကြောင့် အောက်စီဂျင်အား ရယူနိုင်စွမ်းနည်း ပါးသွားရခြင်းဖြစ်သည်။

မြ၀တီ
(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ် သည်။
(၂) ၁၉၇၈ခုနှစ်တွင် Reinhold Messner သည် အဖော်ဖြစ်သူ Peter Habeler နှင့်အတူ ဧ၀ရတ်တောင် အား အောက်ဆီဂျင် ဗူးမပါဘဲ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည်။ နောက်ထပ် နှစ်နှစ်အကြာတွင် Messner သည် အောက်ဆီဂျင်ဗူးမပါဘဲ တစ်ဦးတည်း ထပ်မံတက်ရောက်နိုင်ခဲ့ ပြန်သည်။

(၃) ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကို မြင်ပင်မမြင်ဖူး ခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧ၀ရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့သည်။

(၄) ဧ၀ရတ်တောင်ထိပ်ပေါ်ပထမဆုံးခြေချခဲ့သော Edumund Hillary သည် သားဖြစ်သူ Peter Hillary နှင့် အတူ ၁၉၉၀ ပြည့်နှစ်တွင် ယင်းတောင်ကို ထပ်မံတက်ရောက်ရာ ထိုသို့တက်ရောက်သည့် ပထမဆုံးသော သားအဖအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

(၅) ဧ၀ရတ်တောင်တည်ရှိမှုကို ၁၈၅၀ ပြည့်နှစ်များဆီက အိန္ဒိယတိုင်းတာရေး ဆာဗေးကြောင့် အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။

(၆) ဧ၀ရတ်တောင်၏ အမြင့်ကို ပထမဆုံး တွက်ထုတ်ခဲ့သူမှာ အိန္ဒိယ သင်္ချာပညာရှင် Radhanath Sikdar ဖြစ်သည်။ သူက ၂၉၀၀၂ ပေအဖြစ်တွက်ချက်ခဲ့ရာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့သည်။ (လက်ရှိအချိန် တွင် ၂၉၀၃၅ ပေအဖြစ် အတည်ပြုထားသည်။)

(၇) ၁၉၃၃ ခုနှစ်တွင် ဧ၀ရတ်တောင်ထိပ်ပေါ်မှ ပထမဆုံးအကြိမ် လေယာဉ်ဖြတ်ပျံခဲ့သည်။ ယင်းလေယာဉ် ကို မောင်းနှင်ခဲ့သော လေယာဉ်မှူးမှာ Douglas Douglas-Hamilton နှင့် David Fowler MacIntyre တို့ဖြစ်သည်။

(၈) ထိုသို့ပျံသန်းပြီး ၁၈ နှစ်ကြာသောအခါ Douglas ၏ မြေးဖြစ်သူ Charles Douglas-Hamilton က လေကြောင်း ခရီးသည် အနေဖြင့် ဧ၀ရတ်တောင်ထိပ်မှ ဖြတ်သန်းခဲ့ပြန်သည်။

(၉)၂၀၀၅ ခုနှစ် မေလတွင် Didier Delsalle သည် ဧ၀ရတ်တောင်ထိပ်သို့ ဆင်းသက်သည့် ပထမ ဆုံးသော ရဟတ် ယာဉ်မှူးဖြစ်လာသည်။

(၁၀) ဧ၀ရတ်တောင်တက်ခရီးသမိုင်းတွင် လူအများဆုံး သေဆုံးခဲ့သောနှစ်မှာ ၁၉၉၆ ခုနှစ်ဖြစ်ပြီး တောင် တက်သမား (၁၅)ဦး သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့သည်။

(၁၁) ဧ၀ရတ်တောင်၏ အန္တရာယ်အကြီးဆုံး ဧရိယာမှာ ရေခဲပြိုကျသည့် khumbu ဒေသဖြစ်ပြီး မျှော်မှန်း မထားနိုင်သော ရေခဲကျဆင်းမှုက အန္တရာယ် အကြီးမားဆုံးဖြစ်စေသည်။

(၁၂) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အသက်အကြီးဆုံး တောင်တက်သမားမှ ဂျပန်နိုင်ငံမှ အသက် ၈၀ အရွယ် Yuichiro Miura ဖြစ်သည်။

(၁၃) Yuichiro Miura သည် ဒေါင်လိုက်အမြင့်ပေ ၄၂၀၀ မှ စကိတ်ဖြင့် ဆင်းနိုင်ခဲ့သော မှတ်တမ်းတင် ခဲ့သည်။ ယင်းစွမ်း ဆောင်မှုကို ဧ၀ရတ်တောင်မှ စကိတ်ဖြင့်ဆင်းသူ ဟူ၍ ရုပ်ရှင်ရိုက်ကူး ခဲ့ရာ ၁၉၇၅ ခုနှစ်၏ အကောင်းဆုံး အားကစားရုပ်ရှင် အကယ်ဒမီဆုရရှိခဲ့သည်။

(၁၄) ဧ၀ရတ်တောင်တွင် နာမည်အမျိုးမျိုးရှိသည်။ နီပေါနိုင်ငံတွင် Sagarmatha ဟုခေါ်ပြီး ကောင်းကင်၏ နဖူး ဟု အဓိပ္ပါယ် ရသည်။ တိဗက်က Chomolangma ဟု သုံးနူန်းပြီး စကြာဝဌာ၏ မိခင် ဟု ဆိုလိုသည်။

(၁၅) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အငယ်ဆုံး တောင်တက်သမားမှာ အသက် ၁၃ နှစ်အရွယ် Jordan Romero ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် အမေရိကန်လူငယ် Jordan Romero သည် ယခင်နီပေါမှ အသက် ၁၅ နှစ် Ming Kipa ၏ စံချိန်ကို ချိုးခဲ့ခြင်းဖြစ်သည်။

(၁၆) ဒူဘိုင်းနိုင်ငံက ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံနှင့် လူသား၏ တည်ဆောက်မှုတွင် အမြင့်ဆုံး အဖြစ် Burj Khalifa အဆောက်အဦးကို အမြင့် ၈၂၉ မီတာဖြင့်ဆောက်လုပ်နိုင်ခဲ့သည်။ သို့သော် ဧ၀ရတ်တောင် က ယင်းအဆောက်အအုံထက် ၁၀ ဆ ပိုမြင့်သည်။

(၁၇) ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦးဖြစ်သော တိုင်ပေမှ ၁၀၁ ထပ်အဆောက်အဦးသည် ၅၀၉ မီတာသာ မြင့်ရာ ဧ၀ရတ်တောင်ထိပ်ကို မီရန် ၁၇ဆ ထပ်မြင့်ရမည်ဖြစ်သည်။

(၁၈) ဧ၀ရတ်တောင်၏ အမြင့်ဆုံး အခြေပြုစခန်းမှ တောင်ထိပ်ရောက်ရန်ပင် ပုံမှန်အားဖြင့် ၁၂ နာရီခန့် ထပ်မံတက်ရောက် ရလေ့ရှိသည်။

(၁၉) ဧ၀ရတ်တောင်ထိပ်သို့ အကြိမ်အများဆုံး တက်ရောက်ခဲ့သူမှာ Lhakpa Tenzing Sherpa ဖြစ်ပြီး ၁၉၉၀ပြည့်နှစ်မှ စ၍ ၂၁ ကြိမ်တက်ရောက်ခဲ့သည်။

(၂၀) ဗြိတိန်အမြင့်ဆုံးစံချိန်အဖြစ် Kenton Cool က ဧ၀ရတ်တောင်ထိပ်အား ၁၁ကြိမ် တက်ရောက်ခဲ့ သည်။

(၂၁) ဧ၀ရတ်တောင်ထိပ်ရှိ အပှုချိန်သည် အေးခဲသည့်ပမာဏထက် မည်သည့်အခါကမျှ မြင့်မားလေ့ မရှိဘဲ ဆောင်းရာသီတွင် (-၃၆) ဒီဂရီ စင်တီဂရိတ်နှင့် နွေရာသီတွင် (-၁၉) ဒီဂရီစင်တီဂရိတ် ပျှဉ်းမျှ ရှိသည်။

(၂၂) ၂၀၁၂ ခုနှစ်တွင် နီပေါအမျိုးသမီး Churim Sherpa သည် (၅)ရက် သာခြား၍ ဧ၀ရတ်တောင် အား နှစ်ကြိမ် ဆက်တိုက် တက်ရောက်ခဲ့သည်။

(၂၃) ဧ၀ရတ်တောင်ထိပ်မှ ပထမဆုံးသော တွစ်တာမက်ဆေ့ကို Kenton Cool က ၂၀၁၁ ခုနှစ် တွင် ပေးပို့ခဲသည်။

(၂၄) Leanna Shuttleworth သည် ဧ၀ရတ်တောင်ကိုတက်ရောက်သည့် အငယ်ဆုံးသော ဗြိတိန် အမျိုးသမီးဖြစ်ခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်၊ အသက်၁၉နှစ်အရွယ်တွင် ဧ၀ရတ်တောင်ထိပ် သို့ တက်ရော က်နိုင်ခဲ့သည်။

(၂၅) ဧ၀ရတ်တောင်သည် ဆန့်ကျင်ဘက်မြေလွှာကြီးများ (tectonic plates) တွန်းတိုက်မှုကြောင့် နှစ် စဉ် ၄ မီလီမီတာ မြင့်တက်လျှက်ရှိသည်။

(၂၆) ဧ၀ရတ်တောင်ထိပ်ရှိ ကျောက်တုံးများသည် ပင်လယ် (marine limestone) များဖြစ်ပြီး လွန် ခဲ့သော နှစ်သန်းပေါင်း ၄၅၀ ခန့်က အနည်ကျခဲ့ခြင်းဟုယူဆကြသည်။

(၂၇) Edmund Hillary နှင့် Tenzing Norgayတို့ ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ပြီးနောက်မှာပင် ဧ၀ရတ်တောင်၏ အနောက်ဘက် တောင်တန်းများမှ မတက်ရောက်နိုင်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြသည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် အမေရိကန်လူမျိုးနှစ်ဦးဖြစ်သော Willie Unsoeld နှင့် Tom Hornbein တို့က အဆိုပါ အနောက်ဘက်လမ်းကြောင်းမှ တက်ရောက်နိုင်ကြောင်း သက်သေထူနိုင်ခဲ့ကြ သည်။

(၂၈)အံ့သြစရာ မကောင်းသောအချက်မှာ ဧ၀ရတ်တောင်တွင်လုပ်ဆောင်ခဲ့ရသော ကယ်ဆယ်ရေးများမှာ အမြင့်ဆုံး တောင်တက် ကယ်ဆယ်ရေးများဖြစ်နေခြင်းဖြစ်သည်။ ၂၀၀၁ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ကယ် ဆယ်ရေးမှာ လမ်းပြတစ်ဦးနှင့် တောင်တက်သမားတစ်ဦးကို အမြင့်ပေ ၂၈၅ ၀၀ တွင် တစ်ညအိပ် ရှာဖွေ ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

(၂၉) ၂၀၀၆ခုနှစ်တွင် Edmund Hillary က ဗြိတိန်လူမျိုးတစ်ဦးကို ကယ်ဆယ်ရန်ပျက်ကွက် သဖြင့် တောင် တက် သမားများအား ပြစ်တင်ဝေဖန်ခဲ့သည်။ အသက် ၃၄ နှစ်ရှိသူ David Sharp သည် ဧ၀ရတ်တောင် တက်ခရီးတွင်သေဆုံးခဲ့သည်။

(၃၀) ကြမ္မာဆိုးငင်သော (၁၉၂၄ခုနှစ်) တောင်တက်ခရီးစဉ်တွင် ကိုဒက်ခ် (Kodak) ကင်မရာ သယ်ဆောင် သွားမှု ကြောင့် George Mallory နှင့် Andrew Irvine တို့နှစ်ဦးကို လူအများ သိရှိခဲ့ကြသည်။ သူတို့နှစ် ဦးတောင်ထိပ်အထိ တက်ရောက် နိုင်ခဲ့သည်ဟု တစ်ချို့ကယုံကြည်ကြသည်။

(၃၁) ဧ၀ရတ်တောင်ထိပ်သို့တက်ရောက်သောခရီးတွင် တောင်တက်သမားများသည် ပင်လယ် ရေ မျ က်နှာပြင် တွင် အသက်ရှု သွင်းခိုက် ရရှိသော အောက်ဆီဂျင် ပမာဏအောက် သုံးပုံ တစ်ပုံသာ လျော့၍ ရရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လေထုဖွဲ့ စည်းပုံ ပြောင်းလဲသွားခြင်းကြောင့်မဟုတ်ဘဲ လေဖိအား သိသိ သာသာလျော့ပါးသွးခြင်းကြောင့် အောက်စီဂျင်အား ရယူနိုင်စွမ်းနည်း ပါးသွားရခြင်းဖြစ်သည်။

မြ၀တီ

No comments:

Post a Comment