Friday 28 March 2014

ကမ္ဘာကြီးပူနွေးလာမှုက ငှက်ဖျားရောဂါပျံ့နှံ့မှုကို ပိုမိုဖြစ်ပေါ်စေ

Photo: ကမ္ဘာကြီးပူနွေးလာမှုက ငှက်ဖျားရောဂါပျံ့နှံ့မှုကို ပိုမိုဖြစ်ပေါ်စေ
Friday, March 28, 2014

အဓိကအားဖြင့် အာဖရိက၊ အာရှ၊ အလယ်အမေရိကနှင့် တောင်အမေရိက ဒေသများမှ ကုန်းမြင့်များသို့ ငှက်ဖျားပိုး သယ်ဆောင်သောခြင်များ ရွှေ့ပြောင်း ရောက်ရှိလာရန် အလားအလာများ ဖြစ်ပေါ်နေကြောင်း အမေရိကန်ထုတ် Scienceဂျာနယ်တွင် ဖော်ပြပါရှိသည်။

ကမ္ဘာကြီး ပူနွေးလာမှုကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံ အများအပြားတွင် ငှက်ဖျားရောဂါ ထကြွလာနိုင်သည့် အခြေအနေရှိကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်သည့် ခြင်များသည် ယခင်ထက် ပိုမို၍ မြင့်မားသည့် ဒေသများထိ နေရာရွှေ့ပြောင်း ပျံသန်းမှု ရှိလာသည်။ အဆိုပါ အခြေအနေများကြောင့် ကုန်းမြင့်ဒေသ အများအပြားတွင် ငှက်ဖျားကူးစက်မည့် အခြေအနေ စိုးရိမ်လာရကြောင်း သုတေသီများက ဆိုသည်။ အဓိကအားဖြင့် အာဖရိက၊ အာရှ၊ အလယ်အမေရိကနှင့် တောင်အမေရိက ဒေသများမှ ကုန်းမြင့်များသို့ ငှက်ဖျားပိုး သယ်ဆောင်သောခြင်များ ရွှေ့ပြောင်း ရောက်ရှိလာရန် အလားအလာများ ဖြစ်ပေါ်နေကြောင်း အမေရိကန်ထုတ် Scienceဂျာနယ်တွင် ဖော်ပြပါရှိသည်။

ငှက်ဖျားသည် (၂၀၁၂)ခုနှစ်အတွင်းက လူပေါင်း(၆၂၀၀၀၀)မျှကို သေကြေပျက်စီးစေခဲ့သည့် ရောဂါဖြစ်သည်။ ပညာရှင်များက ကမ္ဘာကြီး ပူနွေးလာမှုသည် ငှက်ဖျားရောဂါ ပျံ့နှံ့မှု ဖြစ်ပေါ်ရန် ပိုမို၍ လွယ်ကူချောမွေ့လာစေကြောင်း သတိပေးခဲ့သည်။ အီသီယိုးပီးယား တစ်နိုင်ငံတည်းတွင်ပင် အပူချိန် (၁)ဒီဂရီ ဆဲလ်စီးရပ်စ် တိုးလာတိုင်း ငှက်ဖျားရောဂါ ပျံ့နှံ့ကူးစပ်မှုသည် မီတာ(၁၅၀)စာ အထက်သို့ မြင့်တက်လာမည်ဟု လန်ဒန်ရှိ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် သမပိုင်းဒေသဆိုင်ရာ ဆေးပညာ သုတေသန ဌာနမှ ဒေါက်တာမန်နိုဘူးမားက ပြောကြားခဲ့သည်။

“ဒီသတ်မှတ်ချက်ထဲမှာ နောက်ထပ် လူပေါင်း(၆)သန်းကနေ (၉)သန်းလောက်ထိ အကျုံးဝင်မယ်လို့ ယူဆနိုင်တယ်။ အဓိပ္ပါယ်ကတော့ ငှက်ဖျားရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လူစာရင်းမှာ ဒီအရေအတွက် တိုးပွားလာတဲ့ သဘောပေါ့။ ငှက်ဖျားဟာ ခုချိန်ထိ အမြစ်ပြတ် သုတ်သင်လို့ မရသေးတဲ့ ရောဂါပါ။ ဘာပဲဖြစ်ဖြစ် အဆင့်သတ်မှတ်ချက်တော့ နိမ့်ပါးသွားတဲ့ အနေအထားမျိုး ရှိနေပြီ။ ဒါပေမဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ ငှက်ဖျားရောဂါရဲ့ သက်ရောက်နိုင်စွမ်းဟာ ပြန်ပြီး တိုးပွားများပြားလာနိုင်နေတယ်”ဟု ဘူးမားက မှတ်ချက်ပြုခဲ့သည်။

ဘူးမားက ငှက်ဖျားရောဂါ ကူးစက်မှု ရှိတတ်သည့် ဒေသများနှင့် ဆက်စပ်နေသော ကုန်းမြင့်အပိုင်းတွင် ရောဂါကူးစက်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထို့ကြောင့် ပီရူး၊ အီကွေဒေါ၊ ကင်ညာ၊ ယူဂန္ဓာ၊ တန်ဇန်းနီးယား၊ မာဒါဂါစကား၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနှင့် ပါပူအာနယူးဂီနီ နိုင်ငံများမှ ကုန်းမြင့်ဒေသများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆက်နွယ်သည့် ငှက်ဖျားရောဂါ ပျံ့နှံ့လာနိုင်ခြေကို ကြုံရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network
အဓိကအားဖြင့် အာဖရိက၊ အာရှ၊ အလယ်အမေရိကနှင့် တောင်အမေရိက ဒေသများမှ ကုန်းမြင့်များသို့ ငှက်ဖျားပိုး သယ်ဆောင်သောခြင်များ ရွှေ့ပြောင်း ရောက်ရှိလာရန် အလားအလာများ ဖြစ်ပေါ်နေကြောင်း အမေရိကန်ထုတ် Scienceဂျာနယ်တွင် ဖော်ပြပါရှိသည်။
ကမ္ဘာကြီး ပူနွေးလာမှုကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံ အများအပြားတွင် ငှက်ဖျားရောဂါ ထကြွလာနိုင်သည့် အခြေအနေရှိကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်သည့် ခြင်များသည် ယခင်ထက် ပိုမို၍ မြင့်မားသည့် ဒေသများ ထိ နေ ရာရွှေ့ပြောင်း ပျံသန်းမှု ရှိလာသည်။ အဆိုပါ အခြေအနေများကြောင့် ကုန်းမြင့်ဒေသ အများအပြား တွင် ငှက်ဖျားကူးစက်မည့် အခြေအနေ စိုးရိမ်လာရကြောင်း သုတေသီများက ဆိုသည်။ အဓိကအားဖြင့် အာ ဖရိက၊ အာရှ၊ အလယ်အမေရိကနှင့် တောင်အမေရိက ဒေသများမှ ကုန်းမြင့်များသို့ ငှက်ဖျားပိုး သယ်ဆောင်သောခြင် များ ရွှေ့ပြောင်း ရောက်ရှိလာရန် အလားအလာများ ဖြစ်ပေါ်နေကြောင်း အမေရိကန် ထုတ် Scienceဂျာနယ်တွင် ဖော်ပြပါရှိသည်။

ငှက်ဖျားသည် (၂၀၁၂)ခုနှစ်အတွင်းက လူပေါင်း(၆၂၀၀၀၀)မျှကို သေကြေပျက်စီးစေခဲ့ သည့် ရောဂါဖြစ် သည်။ ပညာရှင်များက ကမ္ဘာကြီး ပူနွေးလာမှုသည် ငှက်ဖျားရောဂါ ပျံ့နှံ့မှု ဖြစ်ပေါ်ရန် ပိုမို၍ လွယ် ကူချောမွေ့လာစေကြောင်း သတိပေးခဲ့သည်။ အီသီယိုးပီးယား တစ်နိုင်ငံတည်းတွင်ပင် အပူချိန် (၁)ဒီဂရီ ဆဲလ်စီးရပ်စ် တိုးလာတိုင်း ငှက်ဖျားရောဂါ ပျံ့နှံ့ကူးစပ်မှုသည် မီတာ(၁၅၀)စာ အထက်သို့ မြင့်တက် လာမည်ဟု လန်ဒန်ရှိ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် သမပိုင်းဒေသဆိုင်ရာ ဆေးပညာ သုတေသန ဌာနမှ ဒေါက်တာမန်နိုဘူးမားက ပြောကြားခဲ့သည်။

“ဒီသတ်မှတ်ချက်ထဲမှာ နောက်ထပ် လူပေါင်း(၆)သန်းကနေ (၉)သန်းလောက်ထိ အကျုံးဝင်မယ်လို့ ယူဆနိုင် တယ်။ အဓိပ္ပါယ်ကတော့ ငှက်ဖျားရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လူစာရင်းမှာ ဒီအရေအတွက် တိုးပွား လာတဲ့ သဘောပေါ့။ ငှက်ဖျားဟာ ခုချိန်ထိ အမြစ်ပြတ် သုတ်သင်လို့ မရသေးတဲ့ ရောဂါပါ။ ဘာပဲဖြစ်ဖြစ် အဆင့်သတ်မှတ်ချက်တော့ နိမ့်ပါးသွားတဲ့ အနေအထားမျိုး ရှိနေပြီ။ ဒါပေမဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ ငှက်ဖျားရောဂါရဲ့ သက်ရောက်နိုင်စွမ်းဟာ ပြန်ပြီး တိုးပွားများပြားလာနိုင်နေတယ်”ဟု ဘူးမားက မှတ် ချက်ပြုခဲ့ သည်။

ဘူးမားက ငှက်ဖျားရောဂါ ကူးစက်မှု ရှိတတ်သည့် ဒေသများနှင့် ဆက်စပ်နေသော ကုန်းမြင့်အပိုင်း တွင် ရောဂါ ကူးစက်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထို့ကြောင့် ပီရူး၊ အီကွေဒေါ၊ ကင်ညာ၊ ယူဂန္ဓာ၊ တန်ဇန်း နီးယား၊ မာဒါဂါစကား၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနှင့် ပါပူအာနယူးဂီနီ နိုင်ငံများမှ ကုန်းမြင့်ဒေသ များသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆက်နွယ်သည့် ငှက်ဖျားရောဂါ ပျံ့နှံ့လာနိုင်ခြေကို ကြုံရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment