ပြည်တွင်းဈေးကွက်သို့ မကြာမီရောက်ရှိတော့မည့် ရေစိုခံတန်းမြင့် စမတ်ဖုန်း တစ်လုံးဖြစ်သည့ှ်Samsung Galaxy S5 အား လက်တွေ့စမ်းသပ်ပြသ မိတ်ဆက်သည့် ပွဲအား ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ပန်းလှိုင်ဂေါက်ကွင်း တွင်ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် Galaxy S5 ၊၄င်းနှင့်တွဲဖက် အသုံးပြုနိုင်သည့်
ထုတ်တဲ့ကာလာက ၄ ရောင်ရှိတယ်။ဒီကိုတော့ နှစ်ရောင်လာမှာပါ။အနက် နဲ့ အဖြူ ပေါ့။Storage ကတော့ 16 GB နဲ့ပဲဝင်မှာပါ။ဈေးနှုန်းကတော့ Galaxy S5 က ၆၄၅၀၀၀၊Gear 2 က ၂၅၀၀၀၀ ၀န်းကျင်၊Gear Fit က ၁၈၀၀၀၀ ၀န်းကျင်နဲ့ရောင်းချပေးသွားမှာပါ ဟုပြောသည်။ Galaxy S5၊Gear 2 နှင့် Gear Fit တို့အား မီဒီယာများ၊ဖိတ်ကြားထားသူများဖြင့် ကြိုတင်စမ်းသပ် သုံးစွဲသည့် ပွဲတွင် Galaxy ကျွမ်းကျင်သူများမှ Rich Tone HDR Camera၊လက်ဗွေစနစ်ဖြင့်လုံခြုံရေးစနစ်၊နှလုံးခုန်နှုန်းတိုင်းတာပေးသည့် ထူးခြားသည့်စနစ်များ အား ရှင်း လင်းပြသ ခဲ့သည်။ Galaxy S5 အနေဖြင့် 0.3 စက္ကန့်အတွင်းစွမ်းဆောင်ရည်မြင့်ကင်မရာ၊ အမြန်ဆုံးကွန်ရက်ချိတ်ဆက်နိုင်မှု၊ကျန်းမာရေးအတွက် အထောက်အကူပြုစွမ်းဆောင်နိုင်သည့်စနစ် များ၊ လက်ဗွေ စနစ် သုံးလုံခြုံရေးစနစ်၊၁ မီတာတွင် မိနစ်၃၀ ထိရေစိမ်ခံ ရေစိုခံနိုင်သည့်လုပ်ဆောင်ချက် အသစ်များပေါင်းစပ်ပါဝင်ထားသည့် တန်းမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်းသိရသည်။
Gear 2 အနေဖြင့် ပိုမိုကောင်းမွန်သည့် ကွန်ရက်ချိတ်ဆက်မှု၊တ ကိုယ်ရည်ဝတ်ဆင်မှုအတွက် ကြိုးအရောင် သုံးရောင်လဲလှယ် တပ်ဆင်နိုင်မှုများရရှိမည်ဖြစ်ပြီး Gear Fit အနေဖြင့် Super AMOLED မျက်နှာပြင် အခုံးနှင့်အတူ၊ကျန်းမာရေးဆိုင်ရာအထောက်အကူပြုနည်းပညာ၊သပ်ရပ်စတိုင်ကျမှုနှင့် မိုဘိုင်းချိတ်ဆက်မှု တို့အား ရရှိစေနိုင်မည့် နည်းပညာမြင့် ပစ္စည်းများဖြစ်ကြောင်းသိရသည်။Samsung Electronic Co.Ltd အနေဖြင့် လက်ရှိတွင် နိုင်ငံပေါင်း ၈၀ မှဝန်ထမ်းပေါင်း ၂၈၆၀၀၀ ကျော်ဖြင့် လည်ပတ်နေသည့် ကုမ္ပဏီဖြစ်ပြီး နှစ်စဉ်ရောင်းရငွေံ ၂၁၆.၇ ဘီလီယံရှိနေကြောင်းသိရသည်။
ရာဇကိုကို
TechSpace Journal
No comments:
Post a Comment