Friday 28 March 2014

သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို မှတ်တမ်းတင်သူ တစ်ဦးစီထားကာ စောင့်ကြည့် သတိပေး မည်

Photo: သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို မှတ်တမ်းတင်သူ တစ်ဦးစီထားကာ စောင့်ကြည့် သတိပေး မည်
Friday, March 28, 2014

ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေးတားမြစ်မည်
ဖြစ်ကြောင်း တိုင်းဒေသကြီးယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ်က
ပြောကြားသည်။

ယမန်နှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်တွင်းရှိ မဏ္ဍပ်တချို့တွင် မိန်းကလေးများ၏ သရုပ်ပျက် ဝတ်စား ဆင်ယင်ပြီး ရေကစားသည့် 
ဓါတ်ပုံများ လူမှုကွန်ရက် ဖေ့ဘုတ်နှင့် အင်တာနက် ဝက်ဆိုဒ် အချို့တွင် ပျံနှံခဲ့သောကြောင့် ယခုနှစ် သင်္ကြန်၌ ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီ ၁၀ ရပ်အနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် မဆီလျော်သော ဝတ်စား ဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်တိုင်းတွင် တာဝန်ရှိသူ တစ်ဦးထားကာ ဓါတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်၍ ခေါ်ယူ သတိပေး တားမြစ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး က ရှင်းပြသည်။

The Voice Weekly
ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်ေ သာ သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေးတားမြစ်မည်
ဖြစ်ကြောင်း တိုင်းဒေသကြီးယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောကြားသည်။
ယမန်နှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်တွင်းရှိ မဏ္ဍပ်တချို့တွင် မိန်းကလေးများ၏ သရုပ်ပျက် ဝတ်စား ဆင်ယင်ပြီး ရေကစားသည့်ဓါတ်ပုံများ လူမှုကွန်ရက် ဖေ့ဘုတ်နှင့် အင်တာနက် ဝက်ဆိုဒ် အချို့တွင် ပျံနှံခဲ့သောကြောင့် ယခုနှစ် သင်္ကြန်၌ ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီ ၁၀ ရပ်အနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် မဆီလျော်သော ဝတ်စား ဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီက မဏ္ဍပ်တိုင်းတွင် တာဝန်ရှိသူ တစ်ဦးထားကာ ဓါတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်၍ ခေါ်ယူ သတိပေး တားမြစ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး က ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment