Friday 28 March 2014

ယူနိုက်တက်၏ ကျဆင်းမှုသည် ပရီးမီးယားလိဂ်ကို ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း စကူဒါမိုး ဝန်ခံ

Photo: ယူနိုက်တက်၏ ကျဆင်းမှုသည် ပရီးမီးယားလိဂ်ကို ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း စကူဒါမိုး ဝန်ခံ
Friday, March 28, 2014

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ကျဆင်းနေခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပရီးမီးယားလိဂ် အပေါ် ဆိုးကျိုး သက်ရောက်စေကြောင်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် စကူဒါမိုးက ဝန်ခံပြောကြားခဲ့သည်။

ယူနိုက်တက်၏ ဆိုးရွားသော ဘောလုံးရာသီ ဖြတ်သန်းမှုသည် ပြိုင်ဘက်အသင်းများအတွက် ကျေနပ်စရာ ဖြစ်နိုင်သည့်တိုင် ပရီးမီးယားလိဂ်ဆိုသော ပုံရိပ်အတွက်မူ ဩဇာ ကျဆင်းစေမည်ကို မိမိတို့ အလွန်စိုးရိမ်ကြောင်း စကူဒါမိုးက ဖွင့်ဟခဲ့သည်။ ယူနိုက်တက်၏ အမှတ်တံဆိပ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အားကစားဆိုင်ရာ သင်္ကေတစ်ခုအဖြစ် ရပ်တည်နေရာ ယူနိုက်တက်၏ အရှိန်အဝါက ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုလုံးကို ရာခိုင်နှုန်း အတော်များများ ကိုယ်စားပြုထားကြောင်း စကူဒါမိုးက ယုံကြည်နေသည်။ဆာအဲလက်စ် ဖာဂူဆန် လက်ထဲမှ ဒေးဗစ်မိုယက်စ် လွှဲပြောင်းကိုင်တွယ်သည့် ဘောလုံးရာသီတွင် ယူနိုက်တက် အနေဖြင့် အခြေအနေဆိုးများ ကြုံနေရာ ယင်းနှင့် ပတ်သက်ပြီး နှစ်ဖက်သွားဓား တစ်လက်နှင့် တူညီကြောင်း မှတ်ချက်ပြုခဲ့သည်။ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ ပရီးမီးယားလိဂ် Promotion အစီအစဉ် တစ်ခုတွင် စကူဒါမိုးက “အဲဒီအခြေအနေဟာ တကယ့်ကို နှစ်ဖက်လွှ ဓားတစ်စင်းလိုပဲ။ ကိုယ့်ရဲ့လိဂ်က လူကြိုက်အများဆုံး အသင်းက အခြေအနေ မကောင်းဘူးဆိုရင် တချို့နေရာတွေက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအပေါ် သက်ရောက်သွားမှာပဲ။ ကမ္ဘာပေါ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အမြဲတမ်း အောင်မြင်နေစေချင်တဲ့ ပရိသတ်တွေ အများကြီး ရှိတယ်လေ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း ဒီအခြေအနေဟာ ပြိုင်ပွဲရဲ့ အနေအထားကို ပိုပြီး ဟန်ချက်ညီ မျှတလာစေပါတယ်”ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်သည် ကမ္ဘာတဝှမ်းတွင် ပွဲစဉ်များ ရုပ်သံထုတ်လွှင့် ပြသခွင့်အတွက် (၂၀၁၃)မှ (၂၀၁၆)ခုနှစ်ထိ (၃)ရာသီစာ မူပိုင်ခွင့်ကို ပေါင်စတာလင် (၂.၂၃)ဘီလျံဖြင့် ရောင်းချထားပြီး ယင်းတို့အနက် အာရှဒေသမှ ဝယ်ယူမှု တန်ဖိုးအမြင့်ဆုံးအဖြစ် ပေါင်စတာလင် (၉၄၁)သန်းဖိုးမျှ ရှိနေသည်။ အာရှတိုက်သည် ယူနိုက်တက်ကို အားပေးသည့် ပရိသတ် အရေအတွက် အထူပြောဆုံး ဒေသကြီးလည်း ဖြစ်ကြောင်း သိရှိရသည်။

Ref:Dailymail
Soccer Myanmar
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ကျဆင်းနေခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပရီးမီးယားလိဂ် အပေါ် ဆိုးကျိုး သက်ရောက်စေကြောင်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် စကူဒါမိုး က ဝန်ခံပြောကြားခဲ့သည်။
ယူနိုက်တက်၏ ဆိုးရွားသော ဘောလုံးရာသီ ဖြတ်သန်းမှုသည် ပြိုင်ဘက်အသင်းများ အတွက် ကျေနပ် စရာ ဖြစ်နိုင်သည့်တိုင် ပရီးမီးယားလိဂ်ဆိုသော ပုံရိပ်အတွက်မူ ဩဇာ ကျဆင်းစေမည်ကို မိမိတို့ အလွန်စိုးရိမ်ကြောင်း စကူဒါမိုးက ဖွင့်ဟခဲ့သည်။ ယူနိုက်တက်၏ အမှတ်တံဆိပ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အားကစားဆိုင်ရာ သင်္ကေတစ်ခုအဖြစ် ရပ်တည်နေရာ ယူနိုက်တက်၏ အရှိန်အဝါက ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုလုံးကို ရာခိုင်နှုန်း အတော်များများ ကိုယ်စားပြုထားကြောင်း စကူဒါမိုးက ယုံကြ ည်နေ သည်။ ဆာအဲလက်စ် ဖာဂူဆန် လက်ထဲမှ ဒေးဗစ်မိုယက်စ် လွှဲပြောင်းကိုင်တွယ် သည့် ဘောလုံး ရာသီတွင် ယူနိုက်တက် အနေဖြင့် အခြေအနေဆိုးများ ကြုံနေရာ ယင်းနှင့် ပတ်သက်ပြီး နှစ်ဖက်သွားဓား တစ်လက်နှင့် တူညီကြောင်း မှတ်ချက်ပြုခဲ့သည်။ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ ပရီးမီးယားလိဂ် Promotion အစီအစဉ် တစ်ခုတွင် စကူဒါမိုးက “အဲဒီအခြေအနေဟာ တကယ့်ကို နှစ်ဖက်လွှ ဓားတစ်စင်းလိုပဲ။ ကိုယ့်ရဲ့လိဂ်က လူကြိုက်အများဆုံး အသင်းက အခြေအနေ မကောင်းဘူးဆိုရင် တချို့နေရာတွေက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအပေါ် သက်ရောက်သွားမှာပဲ။ ကမ္ဘာပေါ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အမြဲတမ်း အောင်မြင်နေစေချင်တဲ့ ပရိသတ်တွေ အများကြီး ရှိတယ်လေ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း ဒီအခြေအနေဟာ ပြိုင်ပွဲရဲ့ အနေအထားကို ပိုပြီး ဟန်ချက်ညီ မျှတလာစေပါတယ်” ဟု ပြော ကြားခဲ့သည်။

ပရီးမီးယားလိဂ်သည် ကမ္ဘာတဝှမ်းတွင် ပွဲစဉ်များ ရုပ်သံထုတ်လွှင့် ပြသခွင့်အတွက် (၂၀၁၃)မှ (၂၀၁၆)ခုနှစ် ထိ (၃)ရာသီစာ မူပိုင်ခွင့်ကို ပေါင်စတာလင် (၂.၂၃)ဘီလျံဖြင့် ရောင်းချထားပြီး ယင်းတို့အနက် အာရှဒေသ မှ ဝယ်ယူမှု တန်ဖိုးအမြင့်ဆုံးအဖြစ် ပေါင်စတာလင် (၉၄၁)သန်းဖိုးမျှ ရှိနေသည်။ အာရှတိုက်သည် ယူနိုက် တက် ကို အားပေးသည့် ပရိသတ် အရေအတွက် အထူပြောဆုံး ဒေသကြီးလည်း ဖြစ်ကြောင်း သိရှိရသည်။

Ref:Dailymail
Soccer Myanmar

No comments:

Post a Comment