Friday 28 March 2014

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်

Photo: အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်
Friday, March 28, 2014

အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက လုပ်ငန်းရှင်များကပါ စိုးရိမ်ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။

‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခတိုးကောက်တာခံရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာရင် ကုန်ဈေးနှုန်းက တက်တာပဲ’’ဟု ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြင့်လာတိုင်း ပုဂ္ဂလိက၀န်ထမ်းများနှင့် ပြည်သူများ အခက်အခဲတွေ့ကြုံရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အမြဲခံစားရကြောင်း တောင်ဥက္ကလာပတွင် နေထိုင်သူ အိမ်ရှင်မ ဒေါ်သန္တာကပြောသည်။

‘‘ဒီတစ်ခါက ပိုဆိုးတယ်။ မီတာခပါ တိုးကောက်မှာ၊ လစာနည်းလို့ တိုးပေးတာမှန်ပေမယ့် ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြတယ်’’ဟု ၎င်းကပြောသည်။

ယခင်အစိုးရ၀န်ထမ်းများ လစာတိုးခဲ့သည့်အချိန်များတွင်လည်း ပုဂ္ဂလိကစက်မှုဇုန်များ၌ လုပ်ခလစာနည်းပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ရာနှင့်ချီ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

‘‘အစိုးရ၀န်ထမ်းတွေလစာတိုးတိုင်း ကျွန်တော်တို့က ကြားထဲက မြေစာပင်ဖြစ်ရတယ်။ အလုပ်ရှင်တွေကလည်း မတိုးပေးနိုင်၊ ရတဲ့လစာလေးကို ချွေတာပြီးနေရတာပေါ့’’ဟု Gallent Ocean အအေးခန်းစက်ရုံမှ လုပ်သား မလှလှကပြောသည်။

အစိုးရအနေဖြင့် မူဘောင်ကောင်းပြီး သန့်ရှင်းသောအစိုးရတစ်ရပ် တည်ဆောက်လိုလျှင် ၀န်ထမ်းများကို လစာတိုးပေးခြင်းမှာ မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကပြောသည်။

‘‘အားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ လစာနည်းတယ်။ မလုံလောက်လို့ တိုးပေးတယ်။ ပုဂ္ဂလိကလည်း လိုချင်မှာပဲ။ အလုပ်ရှင်တွေဘက်ကလည်း သယ်ယူပို့ဆောင်ရေးစရိတ် ကြီးနေတာလည်းပါတယ်။ အဲဒါတွေကို လျှော့ချနိုင်ဖို့ အရေးကြီးတယ်’’ဟု ၎င်းကသုံးသပ်သည်။

အထက်ပါပုဂ္ဂိုလ်များ စိုးရိမ်ပူပန်နေသကဲ့သို့ လစာတိုးခြင်းခံရသော အစိုးရ၀န်ထမ်းများမှာလည်း ထိုသို့မြင့်တက်လာမှုအပေါ် ထပ်တူပူပန်မှုများရှိနေကြသည်။

သမ္မတဦးသိန်းစိန်သက်တမ်း သုံးနှစ်အတွင်း အစိုးရ၀န်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးငွေ သုံးကြိမ်တိတိ တိုးမြှင့်ပေးထားသော်လည်း ၀န်ထမ်းများ၏ လူနေမှုဘ၀မှာ တိုးတက်လာခြင်းမရှိသည့်အပြင် ကုန်ဈေးနှုန်းကို အမီလိုက်၍ ပြေလည်ရန် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။

‘‘ကျွန်မကတော့လစာတိုးမယ့်အစား ကုန်ဈေးနှုန်းကိုပဲ ထိန်းချုပ်စေချင်တယ်။ လစာတိုးလို့ လူအထင်ကြီးလာတာပဲရှိတယ်။ ဘာမှမထူးဘူး။ လစာတိုးချိန် မတက်ဘဲ သင်္ကြန်ရက်ဆို တက်တာပဲ’’ ဟု အသက်နှစ်ဆယ်ကျော်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သူ မနှင်းနှင်းကပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးလာလျှင် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများလည်း မလုံလောက်မှု များရှိလာ၍ လုပ်ခလစာတိုးမြှင့် ပေးရန်အလုပ်ရှင်များမှာလည်း အခက်အခဲများရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။

အစိုးရအနေဖြင့် ၀န်ထမ်းများ၏ဘ၀ကို အမှန်တကယ်မြှင့်တင်လိုပါက တိုးမြင့်လာသော လုပ်ခလစာကို မိမိဘ၀အတွက် လိုအပ်သောနေရာတွင် အသုံးပြုနိုင်မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း လုပ်သက် ၃၀ ရှိ အစိုးရ ၀န်ထမ်းဖြစ်သူ ဒေါ်စောကပြောသည်။

‘‘ဗိုလ်ချုပ်တင်ဦးလက်ထက်တုန်းကတောင် ကုန်ဈေးနှုန်းထိန်းတဲ့အဖွဲ့ရှိတယ်။ အခုက ထိန်းမယ့်သူလည်းမရှိဘူး။ လစာတိုးလို့ ပိုက်ဆံလက်ထဲရောက်ရင် ကုန်သည်တွေကို ပေးလိုက်ရသလိုဖြစ်နေတယ်။ တိုးတဲ့လစာရဲ့ အကျိုးကျေးဇူးကို မခံစားရဘူးဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသော သွင်းကုန်ဈေးကွက်ကို အဓိကထိန်းချုပ်သင့်နေပြီး ပြည်တွင်းရှိ ထုတ်ကုန်ဈေးကွက် မြင့်တက်လာခြင်းကြောင့် ပြည်ပသွင်းကုန်များပါရော၍ ဈေးနှုန်းလိုက်မြင့်လာမည့် အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ဦးနှင်းဦးက သုံးသပ်ပြောဆိုသည်။

7Day News Journal

တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ) 
တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ) 

အစိုးရ၀န်ထမ်းများလုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏aနာက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်း မြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက လုပ်ငန်းရှင်များကပါ စိုးရိမ် ပူပန်မှု ရှိနေကြော င်း သတင်းရရှိသည်။
‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခ တိုးကောက် တာခံရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာရင် ကုန်ဈေးနှုန်းက တက်တာပဲ’’ဟု ငါးလုပ်ငန်း ရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြင့်လာတိုင်း ပုဂ္ဂလိက၀န်ထမ်းများနှင့် ပြည်သူများ အခက်အခဲတွေ့ကြုံရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အမြဲခံစားရကြောင်း တောင်ဥက္ကလာပတွင် နေထိုင်သူ အိမ်ရှင်မ ဒေါ်သန္တာ ကပြောသည်။

‘‘ဒီတစ်ခါက ပိုဆိုးတယ်။ မီတာခပါ တိုးကောက်မှာ၊ လစာနည်းလို့ တိုးပေးတာမှန်ပေမယ့် ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြတယ်’’ဟု ၎င်းကပြောသည်။

ယခင်အစိုးရ၀န်ထမ်းများ လစာတိုးခဲ့သည့်အချိန်များတွင်လည်း ပုဂ္ဂလိကစက်မှုဇုန်များ၌ လုပ်ခလစာနည်း ပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ရာနှင့်ချီ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

‘‘အစိုးရ၀န်ထမ်းတွေလစာတိုးတိုင်း ကျွန်တော်တို့က ကြားထဲက မြေစာပင်ဖြစ်ရတယ်။ အလုပ်ရှင်တွေက လည်း မတိုးပေးနိုင်၊ ရတဲ့လစာလေးကို ချွေတာပြီးနေရတာပေါ့’’ဟု Gallent Ocean အအေးခန်းစက်ရုံမှ လုပ်သား မလှလှကပြောသည်။

အစိုးရအနေဖြင့် မူဘောင်ကောင်းပြီး သန့်ရှင်းသောအစိုးရတစ်ရပ် တည်ဆောက်လိုလျှင် ၀န်ထမ်းများကို လစာတိုးပေးခြင်းမှာ မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကပြောသည်။

‘‘အားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ လစာနည်းတယ်။ မလုံလောက်လို့ တိုးပေးတယ်။ ပုဂ္ဂလိကလည်း လိုချင်မှာပဲ။ အလုပ်ရှင်တွေဘက်ကလည်း သယ်ယူပို့ဆောင်ရေးစရိတ် ကြီးနေတာလည်း ပါတယ်။ အဲဒါတွေကို လျှော့ချနိုင်ဖို့ အရေးကြီးတယ်’’ဟု ၎င်းကသုံးသပ်သည်။

အထက်ပါပုဂ္ဂိုလ်များ စိုးရိမ်ပူပန်နေသကဲ့သို့ လစာတိုးခြင်းခံရသော အစိုးရ၀န်ထမ်းများမှာလည်း ထိုသို့မြင့် တက် လာမှုအပေါ် ထပ်တူပူပန်မှုများရှိနေကြသည်။

သမ္မတဦးသိန်းစိန်သက်တမ်း သုံးနှစ်အတွင်း အစိုးရ၀န်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးငွေ သုံးကြိမ် တိတိ တိုးမြှင့်ပေးထားသော်လည်း ၀န်ထမ်းများ၏ လူနေမှုဘ၀မှာ တိုးတက်လာခြင်းမရှိသည့်အပြင် ကုန်ဈေးနှုန်း ကို အမီလိုက်၍ ပြေလည်ရန် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။

‘‘ကျွန်မကတော့လစာတိုးမယ့်အစား ကုန်ဈေးနှုန်းကိုပဲ ထိန်းချုပ်စေချင်တယ်။ လစာတိုးလို့ လူအထင်ကြီး လာတာ ပဲရှိတယ်။ ဘာမှမထူးဘူး။ လစာတိုးချိန် မတက်ဘဲ သင်္ကြန်ရက်ဆို တက်တာပဲ’’ ဟု အသက်နှစ် ဆယ်ကျော်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သူ မနှင်းနှင်းကပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးလာလျှင် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများလည်း မလုံလောက် မှု များရှိလာ၍ လုပ်ခလစာတိုးမြှင့် ပေးရန်အလုပ်ရှင်များမှာလည်း အခက်အခဲများရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။

အစိုးရအနေဖြင့် ၀န်ထမ်းများ၏ဘ၀ကို အမှန်တကယ်မြှင့်တင်လိုပါက တိုးမြင့်လာသော လုပ်ခလစာကို မိမိဘ၀အတွက် လိုအပ်သောနေရာတွင် အသုံးပြုနိုင်မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း လုပ်သက် ၃၀ ရှိ အစိုးရ ၀န်ထမ်းဖြစ်သူ ဒေါ်စောကပြောသည်။

‘‘ဗိုလ်ချုပ်တင်ဦးလက်ထက်တုန်းကတောင် ကုန်ဈေးနှုန်းထိန်းတဲ့အဖွဲ့ရှိတယ်။ အခုက ထိန်းမယ့်သူလည်း မရှိဘူး။ လစာတိုးလို့ ပိုက်ဆံလက်ထဲရောက်ရင် ကုန်သည်တွေကို ပေးလိုက်ရသလိုဖြစ်နေတယ်။ တိုးတဲ့လစာရဲ့ အကျိုးကျေးဇူးကို မခံစားရဘူးဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသော သွင်းကုန်ဈေးကွက်ကို အဓိကထိန်းချုပ်သင့်နေပြီး ပြည်တွင်းရှိ ထုတ်ကုန်ဈေးကွက် မြင့်တက်လာခြင်းကြောင့် ပြည်ပသွင်းကုန်များပါရော၍ ဈေးနှုန်းလိုက်မြင့်လာမည့် အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ဦးနှင်းဦးက သုံးသပ်ပြောဆိုသည်။

7Day News Journal

No comments:

Post a Comment