Friday 28 March 2014

ချင်းပြည်နယ် ကလေး၌ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

Photo: ချင်းပြည်နယ် ကလေး၌ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Friday, March 28, 2014

ချင်းပြည်နယ်၊ ကလေးမြို့၊ စံပြလမ်းနှင့်လမ်းမတော်လမ်းထောင့်၌မတ်လ(၂၈)ရက်နေ့ နံနက် ၉နာရီအချိန်မှ စတင်ကာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာပုဒ်မ ၄၃၆ ဖျက်သိမ်းပေး ၊ပုဒ်မ ၅၉(စ) ဖျက်သိမ်းပေး ၊ ပုဒ်မ-၅၉(ဃ)ဖျက်သိမ်းပေးဟူသော ခေါင်းစဉ်များဖြင့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈မျိုးဆက်များ ၊ ၈၈ အင်အားစုများ၊အထက်ချင်းတွင်း ကွန်ယက်မှ လူငယ်များ ၊တက္ကသိုလ် ကျောင်းသားများသမဂ္ဂဝင်များ၊ ချင်းကျောင်းသားမိသားစုဝင်များ ၊ ကျောင်းသား မိသားစုဝင်များ၊တိုင်းရင်းသား မျိုးနွယ်စုများ ၊ခွပ်ဒေါင်းနီ သွေးလှုအသင်းဝင်များ၊နိုင်ငံရေးပါတီအသီးသီးမှ လူငယ်များ ၊ကျေးရွာအသီးသီးမှ ဒီမိုကရက်တစ်လူငယ်များ ၊ ရပ်ကွက်အသီးသီးမှ ဒီမိုကရက်သစ်လူငယ်များ၊အခြားအရပ်ဖွဲ့လူမှုအဖွဲ့အစည်းများမှလူငယ်များပါဝင်မည်ဖြစ်သည်ဟု ၄င်းတို့ထုတ်ပြန်ထားသည့်လက်ကမ်းစာစောင်များအရ သိရှိရသည်။

 အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ၌ ပါဝင်သူ ၁၅၀ ခန့်ရှိပြီး ဆန္ဒထုတ်ဖော်သူများကိုအာပေးကြည့်ရှုသည့် တိုင်းရင်းသား ၂၀၀ ၀န်းကျင် ရှိကြောင်းနှင့်ဆန္ဒထုတ်ဖော်သူများမှာ အသီးသီးဆန္ဒထုတ်ဖော်ပြီးနောက် စီးတန်းလှည့်လည်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရီတာ-ကလေး(မြစ်မခ)
ချင်းပြည်နယ်၊ ကလေးမြို့၊ စံပြလမ်းနှင့်လမ်းမတော်လမ်းထောင့်၌မတ်လ(၂၈)ရက်နေ့ နံနက် ၉နာရီအချိန်မှ စတင်ကာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာပုဒ်မ ၄၃၆ ဖျက်သိမ်းပေး ၊ပုဒ်မ ၅၉(စ) ဖျက်သိမ်းပေး ၊ ပုဒ်မ-၅၉(ဃ)ဖျက်သိမ်းပေးဟူသော ခေါင်းစဉ်များဖြင့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကျင်းပခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈မျိုးဆက်များ ၊ ၈၈ အင်အားစုများ၊အထက်ချင်းတွင်း ကွန်ယက်မှ လူငယ်များ ၊တက္ကသိုလ် ကျောင်းသားများသမဂ္ဂဝင်များ၊ ချင်းကျောင်းသားမိသားစုဝင်များ ၊ ကျောင်းသား မိသားစုဝင်များ ၊ တိုင်း ရင်းသား မျိုးနွယ်စုများ ၊ခွပ်ဒေါင်းနီ သွေးလှုအသင်းဝင်များ၊နိုင်ငံရေးပါတီအသီးသီးမှ လူငယ်များ ၊ကျေးရွာအသီးသီးမှ ဒီမိုကရက်တစ်လူငယ်များ ၊ ရပ်ကွက်အသီးသီးမှ ဒီမိုကရက်သစ်လူငယ်များ၊ အခြား အရပ်ဖွဲ့လူမှုအဖွဲ့အစည်းများမှလူငယ်များပါဝင်မည်ဖြစ်သည်ဟု ၄င်းတို့ထုတ်ပြန်ထားသည့် လက်ကမ်း စာစောင် များအရ သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ၌ ပါဝင်သူ ၁၅၀ ခန့်ရှိပြီး ဆန္ဒထုတ်ဖော်သူများကိုအာပေးကြည့်ရှုသည့် တိုင်း ရင်းသား ၂၀၀ ၀န်းကျင် ရှိကြောင်းနှင့်ဆန္ဒထုတ်ဖော်သူများမှာ အသီးသီးဆန္ဒထုတ်ဖော်ပြီးနောက် စီးတန်း လှည့်လည်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရီတာ-ကလေး(မြစ်မခ)

No comments:

Post a Comment