Friday 28 March 2014

၉၂ မျိုးဆက် ကစားသမားဟောင်းများ မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့

Photo: ၉၂ မျိုးဆက် ကစားသမားဟောင်းများ မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့
Friday, March 28, 2014

၉၂ မျိုးဆက် မန်ယူ အသင်းသားများမှာ ကာတာ လုပ်ငန်းရှင်တစ်ဦး၏ ကျောထောက်နောက်ခံ ငွေကြေးဖြင့် မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။

ဘက်ခမ်း ဦးဆောင်သည့် ၉၂ မျိုးဆက် မန်ယူ အသင်း သားဟောင်းများကို ကာတာလုပ်ငန်း ရှင်က ပေါင် ၂ဘီလီယံဖြင့် မန်ယူအား ကမ်းလှမ်းစေခဲ့ခြင်းဖြစ်ပြီး ဂလေဇာကလည်း အသင်း၏ ရလဒ်ဆိုးများကြောင့် ရောင်းချ ဖွယ်ရှိနေသည်ဟု သိရသည်။

ဂလေဇာမှာ လက်ရှိအချိန်တွင် မန်ယူအသင်း၏ ရှယ်ယာ (၉၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး နယူးယော့ခ် စတော့ရှယ်ယာဈေးကွက်တွင် မန်ယူ၏ ရှယ်ယာတစ်စု ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၆.၁၄ တန်ကြေး ရှိနေသည်။ ယင်းအတွက်ကြောင့် မန်ယူအသင်း တန်ကြေးမှာ ပေါင် (၁.၆)ဘီလီယံသာ ရှိပြီး ဘက်ခမ်းတို့အဖွဲ့၏ ပေါင် (၂)ဘီလီယံဖြင့် ကမ်းလှမ်းမှု အောင်မြင်ဖွယ်ရှိနေသည်ဟု ဂလေဇာနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်နေသည်။

@z (ရိုးရာလေး)
၉၂ မျိုးဆက် မန်ယူ အသင်းသားများမှာ ကာတာ လုပ်ငန်းရှင်တစ်ဦး၏ ကျောထောက်နောက်ခံ ငွေကြေးဖြင့် မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။
ဘက်ခမ်း ဦးဆောင်သည့် ၉၂ မျိုးဆက် မန်ယူ အသင်း သားဟောင်းများကို ကာတာလုပ်ငန်း ရှင်က ပေါင် ၂ဘီလီယံဖြင့် မန်ယူအား ကမ်းလှမ်းစေခဲ့ခြင်းဖြစ်ပြီး ဂလေဇာကလည်း အသင်း၏ ရလဒ်ဆိုး များကြော င့် ရောင်းချ ဖွယ်ရှိနေသည်ဟု သိရသည်။

ဂလေဇာမှာ လက်ရှိအချိန်တွင် မန်ယူအသင်း၏ ရှယ်ယာ (၉၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး နယူးယော့ခ် စတော့ရှယ်ယာဈေးကွက်တွင် မန်ယူ၏ ရှယ်ယာတစ်စု ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၆.၁၄ တန်ကြေး ရှိနေသည်။ ယင်းအတွက်ကြောင့် မန်ယူအသင်း တန်ကြေးမှာ ပေါင် (၁.၆)ဘီလီယံသာ ရှိပြီး ဘက်ခမ်းတို့အဖွဲ့၏ ပေါင် (၂)ဘီလီယံဖြင့် ကမ်းလှမ်းမှု အောင်မြင်ဖွယ်ရှိနေသည်ဟု ဂလေဇာနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်နေသည်။

ရိုးရာလေး

No comments:

Post a Comment