ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။အိမ်အနီးက လယ်ကွင်းတခုမှာ နွားကြောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မောင်လှကျော်ဟာ မပေါက် ကွဲသေးတဲ့ ၄၀ မမ တလုံးကို တွေ့ရှိပြီး အိမ်ကို ယူလာခဲ့ပြီး အိမ်အောက်မှာ ထုကစားရင်းနဲ့ အဲဒီ လက်နက်ကြီး ကျည်ပေါက်ကွဲတဲ့အတွက် မောင်လှကျော်ဟာ ပွဲချင်းပြီး သေဆုံးပြီး သူညီမတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မကျူကီးနဲ့ အသက် ၅ နှစ်အရွယ် မစုဒါးက ဦးခေါင်းနဲ့ ကိုယ်လက်တွေ မှာ ပေါက်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဘားအံမြို့ခံ ဦးပွင့်ဆန်းက ပြောပါတယ်။
ဒဏ်ရာရရတဲ့ ကလေးငယ်တွေကို လက်ရှိ ဘားအံပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက် အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။
DVB
No comments:
Post a Comment