Friday 28 March 2014

မြန်မာအစိုးရ ခွင့်ပြုပါက ကျေးလက်ဒေသတွင် အသေးစားချေးငွေများ အိန္ဒိယနိုင်ငံပိုင်ဘဏ် ထုတ်ချေးမည်ဟုဆို

မြန်မာအစိုးရက ခွင့်ပြုပါက မြန်မာနိုင်ငံ၏ လူဦးရေ အများစုနှင့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြ စ်သော ကျေး လက်ဒေသသို့ အသေးစား ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံပိုင် ဘဏ်ဖြစ်သည့် Bank of India ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya က ပြော ကြားသည်။
ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် Bank of India ၏ မြန်မာနိုင်ငံရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“မြန်မာအစိုးရကသာ ခွင့်ပြုမယ်ဆိုရင် ကျေးလက်က ဆင်းရဲနွမ်းပါးသူတွေ အထိ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသေးစားချေးငွေတွေ ပံ့ပိုးသွားချင်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ဘဏ်လုပ်ငန်းတွင် နိုင်ငံတကာဘဏ်များ ဝင်ရောက်လာမည်ကို ခွင့်ပြုပေးရမည် ဖြစ်ပြီး ယင်းဘဏ် များ မဝင်ရောက်ခင် ပြည်တွင်းဘဏ်များ၏ လုပ်ပိုင်ခွင့်များကို ပိုမို ခွင့်ပြုပေး သင့်ကြောင်း ပြည်တွင်းဘဏ် လုပ်ငန်းရှင်များက ဆိုသည်။

“နိုင်ငံတကာဘဏ်တွေ ဝင်လာရင် ပြည်တွင်းဘဏ်တွေ အနေနဲ့ ဓနအင်အား၊ ဝန်ဆောင်မှု အပိုင်းတွေမှာ ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်” ဟု ပြည်တွင်းဘဏ် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

အိန္ဒိယဘဏ်၏ မြန်မာနိုင်ငံရုံးခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည့် အတွက် နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတွင် အဓိက အထောက်အကူ ပြုနိုင်တော့မည် ဖြစ်ပြီး မြန်မာနိုင်ငံရောက် အိန္ဒိယနွယ်ဖွားများ အတွက်လည်း ဘဏ်နှင့်ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်တော့မည် ဖြစ်ကြောင်း Bank of India က ပြောဆို သည်။

အဆိုပါဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဖွင့်လှစ်ရန် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ၂၀၁၂ ခုနှစ် မြန် မာနိုင်ငံ ခရီးစဉ်အတွင်း ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂ နှစ်နီးပါးအကြာ ၂၀၁၄ ခုနှစ်တွင်မှ တရားဝင် ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဘဏ်လုပ်ငန်း လုပ်ကိုင် ခွင့် ပေး သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် မြန် မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားထားသည်။

ပြည်တွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်၍ စောင့်ဆိုင်းနေသော နိုင်ငံတကာ ဘဏ်ပေါင်း ၃၀ ကျော်ရှိကြောင်း ပြည်တွင်းဘဏ် လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment