Friday 28 March 2014

သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ

Photo: သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ
Friday, March 28, 2014

ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသော သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာ (ခေတ်မိုး) က စာနယ်ဇင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးဇော်ဝင်းမောင်က သတင်းကျင့်ဝတ် အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်သူ သတင်းစာ ဆရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ပဲခူးအခြေစိုက် သတင်းဂျာနယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“စာနယ်ဇင်း အလုပ်ရုံ ဆွေးနွေးပွဲ ဆိုတာထက် ကျင့်ဝတ် စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့တာပဲ ဖြစ်သလို စာနယ်ဇင်း ဥပဒေနဲ့ ပတ်သက်ပြီး ရှေ့ဆက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေးတဲ့ သဘောပါပဲ” ဟု ၎င်းကဆိုသည်။

ယခုလ ဒုတိယအပတ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းသော သတင်းမီဒီယာ ဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြု လက်မှတ် ထိုးလိုက်သည့်အတွက် ဥပဒေ အသက်ဝင်ပြီ ဖြစ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ အနေဖြင့် ညှိနှိုင်း ဖြေရှင်းပေးခြင်းသာ လုပ်ဆောင်နိုင်ပါကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာက ဆိုသည်။

သတင်းမီဒီယာ ကျင့်ဝတ်နှင့် ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ မည်ကဲ့သို့ ရပ်တည်နေကြောင်းနှင့် နိုင်ငံတော်အစိုးရက သတင်းစာဆရာများနှင့် သတင်းမီဒီယာ ဥပဒေအပေါ် မည်ကဲ့သို့ သဘောထားသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပဲခူးမြို့ခံ သတင်းစာဆရာ ဦးအောင်ထိပ်က သုံးသပ် ပြောကြားသည်။

နိုင်ငံတော်အစိုးရက မီဒီယာဥပဒေကို လွတ်လပ်စွာ ရေးဆွဲနိုင်ပါကြောင်း ကတိပေး ပြောကြားခဲ့သော်လည်း မတ်လ ဒုတိယပတ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ အကြံပြုထားသော ပြင်ဆင်သင့်သည့် အချက်များကို လျစ်ရှုရှုကာ အတည်ပြု ရေးဆွဲ ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့ ပူးပေါင်းစီစဉ် ကျင်းပသော စာနယ်ဇင်းကျင့်ဝတ် အလုပ်ရုံ ဆွေးနွေးပွဲကို စစ်တွေ၊ မန္တလေး၊ မကွေး၊ မုံရွာနှင့် တောင်ကြီးမြို့များတွင် ဖေဖော်ဝါရီလမှ စတင် ပြုလုပ်ခဲ့ပြီး ပဲခူးမြို့ပေါ်အတွက် ယခုကျင်းပသည့် ဆွေးနွေးပွဲသို့ သတင်းစာဆရာ စုစုပေါင်း အယောက် ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသော သတင်း ကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာ (ခေတ်မိုး) က စာနယ်ဇင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးဇော်ဝင်းမောင်က သတင်းကျင့်ဝတ် အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်သူ သတင်းစာ ဆရာများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ပဲခူးအခြေစိုက် သတင်းဂျာနယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

“စာနယ်ဇင်း အလုပ်ရုံ ဆွေးနွေးပွဲ ဆိုတာထက် ကျင့်ဝတ် စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ တာပဲ ဖြစ်သလို စာနယ်ဇင်း ဥပဒေနဲ့ ပတ်သက်ပြီး ရှေ့ဆက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေးတဲ့ သဘော ပါပဲ” ဟု ၎င်းကဆိုသည်။

ယခုလ ဒုတိယအပတ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းသော သတင်းမီဒီယာ ဥပဒေ ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အတည်ပြု လက်မှတ် ထိုးလိုက်သည့်အတွက် ဥပဒေ အသက်ဝင်ပြီ ဖြစ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ အနေဖြင့် ညှိနှိုင်း ဖြေရှင်းပေးခြင်းသာ လုပ်ဆောင်နိုင် ပါကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာက ဆိုသည်။

သတင်းမီဒီယာ ကျင့်ဝတ်နှင့် ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ မည်ကဲ့သို့ ရပ်တည်နေကြော င်းနှင့် နိုင်ငံတော် အစိုးရက သတင်းစာဆရာများနှင့် သတင်းမီဒီယာ ဥပဒေအပေါ် မည်ကဲ့သို့ သဘောထား သည်ကို မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပဲခူးမြို့ခံ သတင်းစာဆရာ ဦးအောင်ထိပ်က သုံးသပ် ပြော ကြား သည်။

နိုင်ငံတော်အစိုးရက မီဒီယာဥပဒေကို လွတ်လပ်စွာ ရေးဆွဲနိုင်ပါကြောင်း ကတိပေး ပြောကြားခဲ့သော်လည်း မတ်လ ဒုတိယပတ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ အကြံပြု ထားေ သာ ပြင်ဆင် သင့်သည့် အချက်များကို လျစ်ရှုရှုကာ အတည်ပြု ရေးဆွဲ ထုတ်ပြန် ခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့ ပူးပေါင်းစီစဉ် ကျင်းပသော စာနယ် ဇင်း ကျင့်ဝတ် အလုပ်ရုံ ဆွေးနွေးပွဲကို စစ်တွေ၊ မန္တလေး၊ မကွေး၊ မုံရွာနှင့် တောင်ကြီးမြို့ များ တွင် ဖေဖော် ဝါရီလမှ စတင် ပြုလုပ်ခဲ့ပြီး ပဲခူးမြို့ပေါ်အတွက် ယခုကျင်းပသည့် ဆွေးနွေးပွဲသို့ သတင်းစာ ဆရာ စုစုပေါင်း အယောက် ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment