Friday 28 March 2014

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ

Photo: အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ
Friday, March 28, 2014

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။

မတ်လ ၂၄ ရက်နေ့က Thaichote ဂြိုဟ်တုမှရုပ်ပုံများတွင် ရေပေါ်တွင် မျောနေသော အရာဝတ္ထု ၃၀၀ ခန့် တွေ့ရှိရခြင်းဖြစ်ကာ ယမန်နေ့ကလည်း ပြင်သစ် ဂြိုဟ်တုတစ်ခုက အပိုင်းအစ ၁၂၂ ခုကို တွေ့ရှိခဲ့ရသေးသည်။

လေယာဉ် ခရီးစဉ်အမှတ် MH 370 သည် မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးလျက်ရှိရာ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး ပါဝင်သွားခဲ့သည်။

ယခုအချိန်အထိ ပင်လယ်ပြင်ထဲမှ အပျက်အစီး အပိုင်းအစများကို ပြန်တွေ့နိုင်ခြင်း မရှိသဖြင့် တိတိကျကျ သက်သေဖြင့် အဖြေထုတ်ရန် ခက်ခဲလျက် ရှိသည်။

တောင်အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် မြင်နိုင်စွမ်းက အလွန်ကျဆင်း နေသဖြင့် လေယာဉ်ဖြင့် ရှာဖွေသည့် လုပ်ငန်းများကို ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်။

ရာသီဥတုက မကောင်းသော်လည်း သင်္ဘောများက ခက်ခဲစွာဖြင့် ရှာဖွေရေး လုပ်ငန်းများကို လုပ်လျက်ရှိကြောင်း သြစတြေးလျ အရာရှိများက ပြောကြားသည်။

ထိုင်းသတင်းစာ the nation က ဂြိုဟ်တုမှ ရရှိထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့ကာ ယင်းအရာဝတ္ထုများသည် ပြင်သစ်ဂြိုဟ်တုက ရရှိထားသော ဓာတ်ပုံပါ အရာဝတ္ထုများနှင့် ကီလိုမီတာ ၂၀၀ ခန့်ဝေးနေသည်။

ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော မလေးရှားအဖွဲ့သို့ ယင်း သတင်းအချက်အလက်များ လွှဲပြောင်း ပေးလိုက်ပြီး ဖြစ်သည်ဟု ထိုင်းသတင်းစာက ဖော်ပြထားသည်။

တွေ့ရှိရသော အရာဝတ္ထုများသည် ၂ မီတာမှ ၁၅ မီတာအထိ အရှည်ရှိပြီး မျောနေသည်ဟု ထိုင်းဘူမိ သတင်း အချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီမှ အနွန်စနစ်ဗွန်စ်က ပြောကြားခဲ့သည်။

လေယာဉ်မှ အပျက်အစီးများ ဟုတ် မဟုတ်ကိုမူ သဲသဲကွဲကွဲ အတည်မပြုနိုင်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

The Voice Journal
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။
မတ်လ ၂၄ ရက်နေ့က Thaichote ဂြိုဟ်တုမှရုပ်ပုံများတွင် ရေပေါ်တွင် မျောနေသော အရာဝတ္ထု ၃၀၀ ခန့် တွေ့ရှိရခြင်းဖြစ်ကာ ယမန်နေ့ကလည်း ပြင်သစ် ဂြိုဟ်တုတစ်ခုက အပိုင်းအစ ၁၂၂ ခုကို တွေ့ရှိခဲ့ ရသေးသည်။

လေယာဉ် ခရီးစဉ်အမှတ် MH 370 သည် မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံး လျက်ရှိရာ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး ပါဝင်သွားခဲ့သည်။

ယခုအချိန်အထိ ပင်လယ်ပြင်ထဲမှ အပျက်အစီး အပိုင်းအစများကို ပြန်တွေ့နိုင်ခြင်း မရှိသဖြင့် တိတိကျကျ သက်သေဖြင့် အဖြေထုတ်ရန် ခက်ခဲလျက် ရှိသည်။

တောင်အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် မြင်နိုင်စွမ်းက အလွန်ကျဆင်း နေသဖြင့် လေယာဉ်ဖြင့် ရှာဖွေသည့် လုပ်ငန်းများကို ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်။

ရာသီဥတုက မကောင်းသော်လည်း သင်္ဘောများက ခက်ခဲစွာဖြင့် ရှာဖွေရေး လုပ်ငန်းများကို လုပ်လျက် ရှိကြောင်း သြစတြေးလျ အရာရှိများက ပြောကြားသည်။

ထိုင်းသတင်းစာ the nation က ဂြိုဟ်တုမှ ရရှိထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့ကာ ယင်းအရာဝတ္ထု များသည် ပြင်သစ်ဂြိုဟ်တုက ရရှိထားသော ဓာတ်ပုံပါ အရာဝတ္ထုများနှင့် ကီလိုမီတာ ၂၀၀ ခန့်ဝေးနေသည်။

ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော မလေးရှားအဖွဲ့သို့ ယင်း သတင်းအချက်အလက်များ လွှဲပြောင်း ပေးလိုက်ပြီး ဖြစ်သည်ဟု ထိုင်းသတင်းစာက ဖော်ပြထားသည်။

တွေ့ရှိရသော အရာဝတ္ထုများသည် ၂ မီတာမှ ၁၅ မီတာအထိ အရှည်ရှိပြီး မျောနေသည်ဟု ထိုင်းဘူမိ သတင်း အချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီမှ အနွန်စနစ်ဗွန်စ် က ပြော ကြားခဲ့သည်။

လေယာဉ်မှ အပျက်အစီးများ ဟုတ် မဟုတ်ကိုမူ သဲသဲကွဲကွဲ အတည်မပြုနိုင်ဟု ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။

The Voice Journal

No comments:

Post a Comment