Friday 28 March 2014

မီတာခ တိုးမြှင့်ကောက်ခံမှု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့ ဆန္ဒထုတ်ဖော်

Photo: မီတာခ တိုးမြှင့်ကောက်ခံမှု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၂၇

မီတာခ တိုးမြှင့် ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းကို ကန့်ကွက်သည့် အနေနှင့် အလုံမြို့နယ် အတွင်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး ရှေ့သို့ မတ်လ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ  ၃၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်မှ စတင်ကာ အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ရုံးရှေ့သို့ ဖယောင်းတိုင်များ ထွန်းညှိ ကိုင်ဆောင်ကာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ စီတန်း လမ်းလျှောက်ရာတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံမှု အလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ် ထားရှိရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ဆန္ဒ ပြည်သူ့သဘောထားကို နားထောင်တယ်ဆိုတဲ့ လွှတ်တော်ကြီးက အခု ပြည်သူတွေ ဒုက္ခရောက်မယ့် ကိစ္စကို ဘာလို့ အတည်ပြုလိုက်သလဲ ဆိုတာ မေးခွန်းထုတ်ပါရစေ” ဟု လူ့ဘောင်သစ် လူငယ်အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ကိုထက်က ဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံးလျှပ်စစ် မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း ကောက်ခံမည် ဖြစ်ပြီး ယူနစ်တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ်နှစ်သိန်း အထိ ၁၅၀ ကျပ်အထိ လည်းကောင်း သီးသီး တိုးမြှင့်ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် လျှောက်ထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူ မယူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

“လောလောဆယ်တော့ အတည်ပြုပေးလို့ မရဘူး။ ကျွန်တော်တို့က လုပ်ထုံး လုပ်နည်းများအရ လုပ်ဆောင်သွားမှာပါ” ဟု  ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင်လည်း မြို့တော်ခန်းမရှေ့တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ရာ ဆန္ဒထုတ်ဖော်သူ အချို့ကို ကျောက်တံတား မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
မီတာခ တိုးမြှင့် ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းကို ကန့်ကွက်သည့် အနေနှင့် အလုံမြို့နယ် အတွင်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး ရှေ့သို့ မတ်လ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူ များက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်မှ စတင်ကာ အလုံမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ရုံးရှေ့သို့ ဖယောင်းတိုင်များ ထွန်းညှိ ကိုင်ဆောင်ကာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ စီတန်း လမ်းလျှောက်ရာတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံမှု အလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ် ထားရှိရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ဆန္ဒ ပြည်သူ့သဘောထားကို နားထောင်တယ်ဆိုတဲ့ လွှတ်တော်ကြီးက အခု ပြည်သူတွေ ဒုက္ခရောက်မယ့် ကိစ္စကို ဘာလို့ အတည်ပြုလိုက်သလဲ ဆိုတာ မေးခွန်းထုတ်ပါရစေ” ဟု လူ့ဘောင်သစ် လူငယ်အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ကိုထက်က ဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံးလျှပ်စစ် မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း ကောက်ခံမည် ဖြစ်ပြီး ယူနစ်တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ်နှစ်သိန်း အထိ ၁၅၀ ကျပ်အထိ လည်းကောင်း သီးသီး တိုးမြှင့်ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ခဲ့ခြ င်း ဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် လျှောက်ထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများက ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူ မယူ ထုတ်ဖော်ပြော ကြားခြင်း မရှိပေ။

“လောလောဆယ်တော့ အတည်ပြုပေးလို့ မရဘူး။ ကျွန်တော်တို့က လုပ်ထုံး လုပ်နည်းများအရ လုပ်ဆောင် သွားမှာပါ” ဟု ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင်လည်း မြို့တော် ခန်းမရှေ့ တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ရာ ဆန္ဒထုတ်ဖော်သူ အချို့ကို ကျောက်တံတား မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment