Friday 28 March 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Photo: တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
Friday, March 28, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ် (၆၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ကျင်းပသည်။ရှေးဦးစွာ ဂုဏ်ပြု ညစာစားပွဲ စတင်ကျင်းပချိန်တွင် (၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ၂၀၁၄ ခုနှစ် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် ဇေယျာသီရိဗိမာန်ဥပစာရင်ပြင်သို့ ည ၇ နာရီတွင်ရောက်ရှိလာပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့်ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး ဒေါ်အေးအေးသန်း တို့နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ကြက်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ကျောင်း ဆရာများနှင့် ကျောင်းသားများ၊ နယ်ခြားစောင့် တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တပ်မတော်အငြိမ်းစားအရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။

(၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏မြ၀တီတေးဂီတ အဖွဲ့က တေးသံသာ များဖြင့် ဧည့်ခံဖြေဖျော်ကြသည်။ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင် ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှု အကပဒေသာ များဖြင့်ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ် (၆၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ကျင်းပ သည်။ရှေး ဦးစွာ ဂုဏ်ပြု ညစာစားပွဲ စတင်ကျင်းပချိန်တွင် (၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ၂၀၁၄ ခုနှစ် တပ်မတော်နေ့ အထိမ်း အမှတ်ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် ဇေယျာသီရိဗိမာန်ဥပစာရင်ပြင်သို့ ည ၇ နာရီ တွင်ရောက်ရှိလာပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ် မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့်ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး ဒေါ်အေးအေးသန်း တို့နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင် စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင် ရာနိုင်ငံခြားစစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ ၊ကြ က်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ကျောင်း ဆရာများနှင့် ကျောင်းသားများ၊ နယ်ခြားစောင့် တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တပ်မတော် အငြိမ်းစား အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။

(၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏မြ၀တီတေးဂီတ အဖွဲ့က တေးသံသာ များဖြင့် ဧည့်ခံဖြေဖျော်ကြသည်။ ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင် ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှု အကပဒေသာ များဖြင့်ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment