Friday 28 March 2014

ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ ?

Photo: ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ ?
Friday, March 28, 2014

ဒီမေးခွန်းလေးကို စဉ်းစားဖို့အတွက် အောက်ပါမေးခွန်းတွေကို အရင်ဆုံးဖတ်ကြည့်ရအောင်

၁ ။ ကိုယ့်ဘ၀မှာ ဂုဏ် ဒြပ်ငွေကြေးနဲ့ ကိုယ်လက်အဂါင်္နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ

၂ ။ ကိုယ်လက်အဂါင်္နဲ့ အသက် နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ

၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ နဲ့ တစ်ခုရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ

ကျွန်တော်တို့ နေနေကြတဲ့ပုထုဇဉ်လောကကြီးဟာတကယ်တော့ သိပ်ကို ရှုပ်ထွေး မှုနဲ့ပြည့်နှက်ပါတယ် ။ အထက်ပါ မေးခွန်းသုံးခုကို ယေဘူယျဖြေကြည့်မယ်ဆိုရင်

၁ ။ ကိုယ်လက်အဂါင်္ကိုပဲ အများစုရွေးချယ်ကြပါလိမ့်မယ်
ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်အဂါင်္ သန်စွမ်းနေသရွေ့ ငွေကြေးဥစ္စာ ဂုဏ်ဒြပ်တွေဆိုတာ အလွယ်တကူ ရှာဖွေနိုင်တယ်မဟုတ်လား ။ တစ်ခါတုန်း နိုင်ငံခြား မှာ အလုပ်လုပ်နေတဲ့အလုပ်သမားတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ ထိခိုက်ဒါဏ်ရာရပါတယ် ။ သူ့ရဲ့ လက် ၂ ဆစ်ဟာတစ်ပတ်အတွင်း ခွဲစိတ်ရမယ့်အခြေအနေမှာရှိပါတယ် ။ အဲဒီ လက် ၂ ဆစ်ဟာ မခွဲစိတ်ရင် လက် ၂ ဆစ်လုံးဖြတ်ပစ်ရမှာဖြစ်ပါတယ် ။ တစ်ခုရှိတာက အဲဒီ လူ အလုပ်လုပ်နေတဲ့နိုင်ငံမှာ လျော်ကြေးဥပဒေရှိတယ် ။ လက်တစ်ဆစ်ကို သိန်း ၁၀၀ လက်၂ ဆစ်ဆိုတော့ သူသာ လက်ဖြတ်ဖို့ရွေးချယ်လိုက်ရင် သိန်း ၂၀၀ ရမှာပါ ။ ဒီတော့ အလုပ်သမားက စဉ်းစားတယ် သူ တစ်နှစ်လုံးလုပ်ရင်တောင် သိန်း ၁၀၀ မရဘူး ။ အခု လက်ကလေး ၂ ဆစ်ဖြတ်လိုက်တာနဲ့ သိန်း ၂၀၀ တောင်ရမှာဆိုတော့ လက်ဖြတ်ခံပြီး မြန်မာနိုင်ငံပြန်လာ ရင်းနှီးဖို့စဉ်းစားတယ် ဒါပေမယ့် သူ့ဘ၀မှာ ကိုယ်လက်အဂါင်္မပြည့်မစုံနဲ့လည်းသူမနေချင်ဘူး ။ ကိုယ့်လူတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ ။ တစ်ပတ်လုံးလုံးစဉ်းစားပြီးတဲ့အခါ နောက်ဆုံး အလုပ်သမားဟာ လက်ကို အဖြတ်မခံတော့ပဲ ငွေ သိန်း ၂၀၀ ကိုပဲ အဆုံးရှုံးခးံလိုက်တော့တယ် ။ သူ့အတွေးထဲမှာ ငွေကြေးဥစ္စာဟာ အချိန်မရွေးပြန်ရှာလို့ရတယ် လက် ၂ ဆစ်ကတော့ဘယ်တော့မှ ပြန်မရပဲ ထာဝဆုံးရှုံးသွားမယ့်အရာလို့ သတ်မှတ်ခဲ့လို့ပါပဲ ။

၂ ။ အသက်ကိုပဲ အများစု ရွေးချယ်ကြပါလိမ့်မယ်
ဒီမေးခွန်းက ရှင်းပါတယ် ဘယ်သူကမှ လက်တစ်ဆစ်ဖြတ်မလား အသေခံမလားဆိုရင် လက်တစ်ဆစ်ပဲဖြတ်ကြမှာပါ ။ အသက်က ပိုတန်ဖိုးရှိတာကိုး ။ လူ ၁၀၀မှာ လူ ၉၉ ယောက်က ဒီအဖြေကို ရွေးကြပါလိမ့်မယ် ။ ကဲ ဒါဆို ဥစ္စာပစ္စည်းထက် ကိုယ်လက်အဂါင်္က ပိုတန်ဖိုးရှိတယ် ကိုယ်လက်အဂါင်္ထက် အသက်က ပိုတန်ဖိုးရှိတယ်ပေါ့ ။

၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ ခင်ဗျား ဘာကိုရွေးမလဲ
အတော်စဉ်းစားရကြပ်တဲ့မေးခွန်းပါ ။ လူအများစု ပေါ့ ကျွန်တော်အပါအ၀င် အသက်တော့ အဆုံးမခံနိုင်ဘူး ကိုယ်ကျင့်သီလတော့တစ်ခါလောက် ဖောက်လိုက်ပါ့မယ်ဆိုတဲ့လူတွေ တော်တော်များပါလိမ့်မယ် ။ ကိုယ်ကျင့်သီလ ကို အသက်နဲ့ရင်းပြီး စောင့်ထိမ်းနိုင်တဲ့ လူ ဒီခေတ်ကြီးမှာ ရှိပါ့မလားဆိုတာ တွေးစရာတောင်သိပ်မလိုတော့ပါဘူး ။ အခု စာရေးသူကိုယ်တိုင် လည်း ဒီမေးခွန်းကို အကြိမ်ကြိမ်စဉ်းစားဖူးပါတယ် ။ တစ်ခါတုန်းက လူတစ်ယောက်က မေးဖူးတယ် ။ ကိုယ်ကျင့်တရားကို ဖောက်ဖျက်လိုက်လို့ ငွေသိန်း ၂၀၀၀ ရမယ် တစ်ခါလေးပဲ ဖောက်ဖျက်မယ် သိန်း ၂၀၀၀ ယူပြီး နောက်ပိုင်းအကျင့်သီလကို ပြန်ဆောက်တည်မယ် ကုသိုလ်တွေလုပ်မယ် အဲဒါဆို အဲဒီတစ်ခါဖောက်ဖျက်မိတဲ့အပြစ်ထက် သူနောက်ပိုင်းလုပ်မယ့်ကုသိုလ်က ပိုများနေရင် သူ တစ်ခါလောက်တော့ ကိုယ်ကျင့်သီလကို ဖောက်ဖျက်သင့်ပါသလားဆိုတဲ့မေးခွန်းပါပဲ ။ အတော်ဖြေရခက်တဲ့မေးခွန်းပါ ။ ကျွန်တော့်အမြင်ပြောရရင်တော့ဒါဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေကို ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မူတည်မယ်ထင်ပါတယ် ။ ကိုယ်ကျင့်သီလကို အသက်ထက်ပိုတန်ဖိုးထားတဲ့လူတွေကတော့ ငတ်ရင်ငတ်ပါစေ ကိုယ်ကျင့်သီလကိုစောင့်ထိမ်းကျပါလိမ့်မယ် ။ အစွန်းထင်းခံမှာမဟုတ်ပါဘူး ။ ကိုယ်ကျင့်သီလဆိုတာ အသက်လောက် ဘ၀လောက် အရေးမကြီးဘူးလို့ ခံယူထားတဲ့သူတွေကတော့ ဖောက်ဖျက်ကြမှာပါ ။ တစ်ခုရှိတာက တစ်ခါဖောက်ဖျက်ပြီးတဲ့လူဟာ အကြိမ်ကြိမ်ဖောက်ဖျက်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး ။ ဥပမာ အရက် တစ်ပုလင်းသောက်တဲ့လူဟာ နောက်ထပ်ပုလင်းပေါင်းများစွာ သောက်မိသလိုမျိုး ဆေးလိပ်တစ်လိပ်သောက်တဲ့လူဟာ နောက်ထပ်ဆေးလိပ်ပေါင်းများစွာသောက်မိသလိုမျိုးပေါ့ ။

ဒီတော့ ကိုယ်ကျင့်သီလကို စောင့်ထိမ်းဖို့ဆိုတာ အသက်ကို ဆုံးရှုံးခံရတာထက် ပိုခက်ခဲ ပိုအဖိုးတန်ပါတယ်လို့ ယေဘူယျကောက်ချက်ချရအောင် ။

ကျွန်တော့်ရဲ့ မူရင်း ရေးသားလိုတဲ့ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဆိုတာ
၁ ။ ကျန်းမာရေး ( မှန်ပါတယ် ဘုရားဟောတဲ့အထဲမှာလည်းပါတယ် ဂုဏ်ရှိတယ် ငွေရှိမယ် သုံးမကုန်အောင် ချမ်းသာတယ် ဒါပေမယ့် ကိုယ့်လူ ကျန်းမာရေးမကောင်းဘူးဆိုရင် အရာရာဟာ အလကားပါပဲ ငွေးပေးလို့ကုနိုင်တယ်ဆိုပေမယ့်ငွေပေးလို့မကုနိုင်တဲ့အရာတွေအများကြီးပါပဲ )

၂ ။ ချစ်ခြင်းမေတ္တာ ( သိပ်မှန်တယ် ငွေပေးတိုင်းလည်း လူတစ်ယောက်မေတ္တာ ကိုရချင်မှရလိမ့်မယ် ရလည်းအတုအယောာင်ပဲရလိမ့်မယ် ချစ်ခြင်းမေတ္တာဆိုတာ ငွေကြေးဥစ္စာနဲပမပတ်သတ်တဲ့ တန်ဖိုးရှိတဲ့အဖြည်ထည် အကြည်သက်သက်ပါ )

၂ ။ သီလ သမာဓိ ( ဒီအချက်ကလည်း မှန်ပါတယ် သီလသမာဓိဆိုတာ လည်းရှိသင့်တဲ့အချက်ပါ ဥပမာ ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ ငွေတွေရှာနေတယ် အလုပ်တွေလုပ်ကြရတယ်ကိုယ့်မိသားစုအတွက် သားတွေသမီးတွေနောင်ရေးအတွက် ဒါပေမယ့် ဒီနေရာမှာ အကျယ်ချဲ့လေး ကျွန်တော်နည်းနည်းရှင်းပြချင်တယ် )

သင့်ဘေးကလူတွေ သင့်ကိုတကယ်ချစ်ကြသလား သူတို့ ထက်သင့်ကို ပိုချစ်ကြသလား ဆိုတာကို ပြန်စဉ်းစားကြည့်ရအောင် ။ ဥပမာ ခင်ဗျား သေသွားပြီဆိုပါတော့ ချစ်ပါတယ်ဆိုတဲ့သားသမီးတွေ မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ချစ်သူတွေ လင်ဖြစ်စေ မယားဖြစ်စေ ခင်ဗျားနောက်ကို ဘယ်သူ လိုက်ပါကြမှာလဲ ။ သူတို့အများဆုံးလိုက်ကြရင်ဖြင့် ရေဝေးအထိပါပဲ ။ ရေဝေးမှာ တောင် မီးခိုးလေးတွေ ထွက်တာကို ကြည့်ပြီးကားပေါ်ပြေးတတ်ကြမယ် နေရာမရမှာစိုးလို့ နေပူလို့တဲ့ ပရိတ်သတ်ရဲ့ ။ ဘယ်သူမှ မလိုက်ဘူးနော် ဘယ်သူမှ မလိုက်ဘူး ခင်ဗျားတစ်ယောက်တည်းပဲ အဲဒီခရီးကိုဆက်လျှောက်ရမှာ ။

ဒါကြောင့်ပြောတာ သူတပါးအတွက်လည်းရှာတာရှာတာပေါ့သားသမီးအတွက် မိသားစုအတွက် ဒါပေမယ့် ကိုယ့်အအတွက်လည်း ကိုယ် စိတ်ချမ်းသာအောင်နေပါဦး ကိုယ့်အတွက်လည်းကိုယ် သေရင်ပါသွားမယ့်အရာတွေလုပ်ပါဦးလို့ ရှေးလူကြီးက ဆုံးမခဲ့ကြတာပါ ။ မှန်တာပေါ့ ခင်ဗျားသေသွားရင်လေ .. ခင်ဗျားလုပ်တဲ့ ကုသိုလ် အကုသိုလ် ဒီ ၂ ခုပဲပါသွားမှာပါ ကျန်တာအားလုံးကို ခ၀ါချပြီး ဒီကမ္ဘာမှာထားခဲ့ရမှာပါ ။ ကုသိုလ်လုပ်တယ်ဆိုတာ တကယ်တော့ပေးဆပ်ခြင်းတစ်မျိုးပါပဲ ။ သူတစ်ပါးကိုပေးဆပ်လိုက်လို့ ကိုယ်ကြည်နူးသွားတာ အဲ့ဒါ အလိုလိုကုသိုလ်ရတယ်လို့ခေါ်တယ် ။ ကိုယ့်ကြောင့်သူတစ်ပါးစိတ်ချမ်းသာသွားတာ အဲဒါကုသိုလ်လို့ခေါ်တယ် ။ ကုသိုလ်များများလုပ်နိုင်ဖို့ဆိုတာကိုယ့်မှာသီလ သမာဓိ ဆိုတာလိုပါတယ် ။သီလဆိုတာ စောင့်ထိမ်းခြင်း သမာဓိဆိုတာ တည်ကြည်ခြင်း လေးနက်ခြင်းပဲဆိုကြပါစို့ ။

ဒီလောက်ဆို တန်ဖိုးအရှိဆုံးအရာတွေကိုသိလောက်ပြီထင်ပါတယ် တန်ဖိုးရှိအောင်လည်း ဘယ်လိုနေရမယ်ဆိုတာသိလောက်ပြီထင်ပါတယ် ။
ကျွန်တော့် ရဲ့ သူငယ်ချင်းတွေ အတွက်ကျွန်တော်ပေးတဲ့ လက်ဆောင်လို့မှတ်ယူကြပါ ။

တန်ဖိုးမရှိဘူးဆိုပြီး ကျော်သွားလို့လည်းရပါတယ် ။ အသုံးတည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ ဒီစာလေးရဲ့အနှစ်သာရကို ဖမ်းဆုပ်ကိုင်နိုင်ကြပါစေ ။

သက်တန့်ချို
ဒီမေးခွန်းလေးကို စဉ်းစားဖို့အတွက် အောက်ပါမေးခွန်းတွေကို အရင်ဆုံးဖတ်ကြည့်ရအောင်
၁ ။ ကိုယ့်ဘ၀မှာ ဂုဏ် ဒြပ်ငွေကြေးနဲ့ ကိုယ်လက်အဂါင်္နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၂ ။ ကိုယ်လက်အဂါင်္နဲ့ အသက် နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ နဲ့ တစ်ခုရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
ကျွန်တော်တို့ နေနေကြတဲ့ပုထုဇဉ်လောကကြီးဟာတကယ်တော့ သိပ်ကို ရှုပ်ထွေး မှုနဲ့ပြည့်နှက်ပါတယ် ။ အထက်ပါ မေးခွန်းသုံးခုကို ယေဘူယျဖြေကြည့်မယ်ဆိုရင်

၁ ။ ကိုယ်လက်အဂါင်္ကိုပဲ အများစုရွေးချယ်ကြပါလိမ့်မယ်
ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်အဂါင်္ သန်စွမ်းနေသရွေ့ ငွေကြေးဥစ္စာ ဂုဏ်ဒြပ်တွေဆိုတာ အလွယ်တကူ ရှာဖွေနိုင်တယ်မဟုတ်လား ။ တစ်ခါတုန်း နိုင်ငံခြား မှာ အလုပ်လုပ်နေတဲ့အလုပ်သမား တစ်ယောက် ဟာ လုပ်ငန်းခွင်မှာ ထိခိုက်ဒါဏ်ရာရပါတယ် ။ သူ့ရဲ့ လက် ၂ ဆစ်ဟာတစ်ပတ်အတွင်း ခွဲစိတ်ရမယ့် အခြေအနေမှာရှိပါတယ် ။ အဲဒီ လက် ၂ ဆစ်ဟာ မခွဲစိတ်ရင် လက် ၂ ဆစ်လုံးဖြတ်ပစ် ရမှာဖြစ် ပါတယ် ။ တစ်ခုရှိတာက အဲဒီ လူ အလုပ်လုပ်နေတဲ့နိုင်ငံမှာ လျော်ကြေးဥပဒေရှိတယ် ။ လက် တစ်ဆစ်ကို သိန်း ၁၀၀ လက်၂ ဆစ်ဆိုတော့ သူသာ လက်ဖြတ်ဖို့ရွေးချယ်လိုက်ရင် သိန်း ၂၀၀ ရမှာပါ ။ ဒီတော့ အလုပ်သမားက စဉ်းစားတယ် သူ တစ်နှစ်လုံးလုပ်ရင်တောင် သိန်း ၁၀၀ မရဘူး ။ အခု လက် ကလေး ၂ ဆစ်ဖြတ်လိုက်တာနဲ့ သိန်း ၂၀၀ တောင်ရမှာဆိုတော့ လက်ဖြတ်ခံပြီး မြန်မာနိုင်ငံပြန်လာ ရင်းနှီးဖို့ စဉ်းစားတယ် ဒါပေမယ့် သူ့ဘ၀မှာ ကိုယ်လက်အဂါင်္မပြည့်မစုံနဲ့လည်းသူမနေချင်ဘူး ။ ကိုယ့်လူ တို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ ။ တစ်ပတ်လုံးလုံးစဉ်းစားပြီးတဲ့အခါ နောက်ဆုံး အလုပ်သမားဟာ လက်ကို အဖြတ်မခံတော့ပဲ ငွေ သိန်း ၂၀၀ ကိုပဲ အဆုံးရှုံးခးံလိုက်တော့တယ် ။ သူ့အတွေးထဲ မှာ ငွေကြေးဥစ္စာဟာ အချိန်မရွေးပြန်ရှာလို့ရတယ် လက် ၂ ဆစ်ကတော့ဘယ်တော့မှ ပြန်မရပဲ ထာဝဆုံးရှုံး သွားမယ့်အရာလို့ သတ်မှတ်ခဲ့လို့ပါပဲ ။

၂ ။ အသက်ကိုပဲ အများစု ရွေးချယ်ကြပါလိမ့်မယ်
ဒီမေးခွန်းက ရှင်းပါတယ် ဘယ်သူကမှ လက်တစ်ဆစ်ဖြတ်မလား အသေခံမလားဆိုရင် လက် တစ်ဆစ် ပဲဖြတ်ကြမှာပါ ။ အသက်က ပိုတန်ဖိုးရှိတာကိုး ။ လူ ၁၀၀မှာ လူ ၉၉ ယောက်က ဒီအဖြေကို ရွေးကြပါ လိမ့်မယ် ။ ကဲ ဒါဆို ဥစ္စာပစ္စည်းထက် ကိုယ်လက်အဂါင်္က ပိုတန်ဖိုးရှိတယ် ကိုယ်လက်အဂါင်္ထက် အသက်က ပိုတန်ဖိုးရှိတယ်ပေါ့ ။

၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ ခင်ဗျား ဘာကိုရွေးမလဲ
အတော်စဉ်းစားရကြပ်တဲ့မေးခွန်းပါ ။ လူအများစု ပေါ့ ကျွန်တော်အပါအ၀င် အသက်တော့ အဆုံးမခံနိုင်ဘူး ကိုယ်ကျင့်သီလတော့တစ်ခါလောက် ဖောက်လိုက်ပါ့မယ်ဆိုတဲ့လူတွေ တော်တော်များပါလိမ့်မယ် ။ ကိုယ်ကျင့်သီလ ကို အသက်နဲ့ရင်းပြီး စောင့်ထိမ်းနိုင်တဲ့ လူ ဒီခေတ်ကြီးမှာ ရှိပါ့မလား ဆိုတာ တွေး စရာတောင် သိပ်မလိုတော့ပါဘူး ။ အခု စာရေးသူကိုယ်တိုင် လည်း ဒီမေးခွန်းကို အကြိမ်ကြိမ်စဉ်းစားဖူး ပါတယ် ။ တစ်ခါတုန်းက လူတစ်ယောက်က မေးဖူးတယ် ။ ကိုယ်ကျင့်တရားကို ဖောက်ဖျက်လိုက် လို့ ငွေသိန်း ၂၀၀၀ ရမယ် တစ်ခါလေးပဲ ဖောက်ဖျက်မယ် သိန်း ၂၀၀၀ ယူပြီး နောက်ပိုင်းအကျင့် သီလ ကို ပြန်ဆောက်တည်မယ် ကုသိုလ်တွေလုပ်မယ် အဲဒါဆို အဲဒီတစ်ခါဖောက်ဖျက်မိတဲ့အပြစ်ထက် သူနောက်ပိုင်းလုပ်မယ့်ကုသိုလ်က ပိုများနေရင် သူ တစ်ခါလောက်တော့ ကိုယ်ကျင့်သီလကို ဖောက်ဖျက် သင့် ပါသလားဆိုတဲ့မေးခွန်းပါပဲ ။ အတော်ဖြေရခက်တဲ့မေးခွန်းပါ ။ ကျွန်တော့်အမြင်ပြောရရင်တော့ဒါဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တွေကို ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့အပေါ်မူတည်မယ်ထင်ပါတယ် ။ ကိုယ်ကျင့် သီလ ကို အသက်ထက်ပိုတန်ဖိုးထားတဲ့လူတွေကတော့ ငတ်ရင်ငတ်ပါစေ ကိုယ်ကျင့်သီလကိုစောင့်ထိမ်း ကျပါလိမ့်မယ် ။ အစွန်းထင်းခံမှာမဟုတ်ပါဘူး ။ ကိုယ်ကျင့်သီလဆိုတာ အသက်လောက် ဘ၀လောက် အရေးမကြီး ဘူးလို့ ခံယူထားတဲ့သူတွေကတော့ ဖောက်ဖျက်ကြမှာပါ ။ တစ်ခုရှိတာက တစ်ခါဖောက် ဖျက်ပြီးတဲ့ လူဟာ အကြိမ်ကြိမ်ဖောက်ဖျက်ဖို့ဝန်မလေးတတ်ကြတော့ပါဘူး ။ ဥပမာ အရက် တစ်ပုလင်းသောက်တဲ့လူဟာ နောက်ထပ်ပုလင်းပေါင်းများစွာ သောက်မိသလိုမျိုး ဆေးလိပ် တစ်လိပ်သောက်တဲ့ လူဟာ နောက်ထပ်ဆေးလိပ်ပေါင်းများစွာသောက်မိသလိုမျိုးပေါ့ ။

ဒီတော့ ကိုယ်ကျင့်သီလကို စောင့်ထိမ်းဖို့ဆိုတာ အသက်ကို ဆုံးရှုံးခံရတာထက် ပိုခက်ခဲ ပိုအဖိုးတန်ပါ တယ်လို့ ယေဘူယျကောက်ချက်ချရအောင် ။

ကျွန်တော့်ရဲ့ မူရင်း ရေးသားလိုတဲ့ ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဆိုတာ
၁ ။ ကျန်းမာရေး ( မှန်ပါတယ် ဘုရားဟောတဲ့အထဲမှာလည်းပါတယ် ဂုဏ်ရှိတယ် ငွေရှိမယ် သုံး မကုန်အောင် ချမ်းသာတယ် ဒါပေမယ့် ကိုယ့်လူ ကျန်းမာရေးမကောင်းဘူးဆိုရင် အရာရာဟာ အလကား ပါပဲ ငွေးပေးလို့ကုနိုင်တယ်ဆိုပေမယ့်ငွေပေးလို့မကုနိုင်တဲ့အရာတွေအများကြီးပါပဲ )

၂ ။ ချစ်ခြင်းမေတ္တာ ( သိပ်မှန်တယ် ငွေပေးတိုင်းလည်း လူတစ်ယောက်မေတ္တာ ကိုရချင်မှရလိမ့်မယ် ရလည်း အတုအယောာင်ပဲရလိမ့်မယ် ချစ်ခြင်းမေတ္တာဆိုတာ ငွေကြေးဥစ္စာနဲပမပတ်သတ်တဲ့ တန်ဖိုးရှိတဲ့ အဖြည် ထည် အကြည်သက်သက်ပါ )

၂ ။ သီလ သမာဓိ ( ဒီအချက်ကလည်း မှန်ပါတယ် သီလသမာဓိဆိုတာ လည်းရှိသင့်တဲ့အချက်ပါ ဥပမာ ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ ငွေတွေရှာနေတယ် အလုပ်တွေလုပ်ကြရတယ်ကိုယ့်မိသားစုအတွက် သားတွေ သမီးတွေနောင်ရေးအတွက် ဒါပေမယ့် ဒီနေရာမှာ အကျယ်ချဲ့လေး ကျွန်တော်နည်းနည်းရှင်းပြချင်တယ် )

သင့်ဘေးကလူတွေ သင့်ကိုတကယ်ချစ်ကြသလား သူတို့ ထက်သင့်ကို ပိုချစ်ကြသလား ဆိုတာ ကို ပြန်စဉ်းစားကြည့်ရအောင် ။ ဥပမာ ခင်ဗျား သေသွားပြီဆိုပါတော့ ချစ်ပါတယ်ဆိုတဲ့သားသမီးတွေ မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ချစ်သူတွေ လင်ဖြစ်စေ မယားဖြစ်စေ ခင်ဗျားနောက်ကို ဘယ်သူ လိုက်ပါကြ မှာလဲ ။ သူတို့အများဆုံးလိုက်ကြရင်ဖြင့် ရေဝေးအထိပါပဲ ။ ရေဝေးမှာ တောင် မီးခိုးလေးတွေ ထွက်တာကို ကြည့်ပြီးကားပေါ်ပြေးတတ်ကြမယ် နေရာမရမှာစိုးလို့ နေပူလို့တဲ့ ပရိတ်သတ်ရဲ့ ။ ဘယ်သူမှ မလိုက်ဘူးနော် ဘယ်သူမှ မလိုက်ဘူး ခင်ဗျားတစ်ယောက်တည်းပဲ အဲဒီခရီးကိုဆက်လျှောက်ရမှာ ။

ဒါကြောင့်ပြောတာ သူတပါးအတွက်လည်းရှာတာရှာတာပေါ့သားသမီးအတွက် မိသားစုအတွက် ဒါပေမယ့် ကိုယ့်အအတွက်လည်း ကိုယ် စိတ်ချမ်းသာအောင်နေပါဦး ကိုယ့်အတွက်လည်းကိုယ် သေရင်ပါသွားမယ့် အရာတွေလုပ်ပါဦးလို့ ရှေးလူကြီးက ဆုံးမခဲ့ကြတာပါ ။ မှန်တာပေါ့ ခင်ဗျားသေသွားရင်လေ .. ခင်ဗျား လုပ်တဲ့ ကုသိုလ် အကုသိုလ် ဒီ ၂ ခုပဲပါသွားမှာပါ ကျန်တာအားလုံးကို ခ၀ါချပြီး ဒီကမ္ဘာမှာထားခဲ့ရမှာပါ ။ ကုသိုလ်လုပ်တယ်ဆိုတာ တကယ်တော့ပေးဆပ်ခြင်းတစ်မျိုးပါပဲ ။ သူတစ်ပါးကိုပေးဆပ်လိုက်လို့ ကိုယ်ကြည်နူးသွားတာ အဲ့ဒါ အလိုလိုကုသိုလ်ရတယ်လို့ခေါ်တယ် ။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်ချမ်း သာသွားတာ အဲဒါကုသိုလ်လို့ခေါ်တယ် ။ ကုသိုလ်များများလုပ်နိုင်ဖို့ဆိုတာကိုယ့်မှာသီလ သမာဓိ ဆိုတာ လိုပါ တယ် ။သီလဆိုတာ စောင့်ထိမ်းခြင်း သမာဓိဆိုတာ တည်ကြည်ခြင်း လေးနက်ခြင်းပဲဆိုကြပါစို့ ။

ဒီလောက်ဆို တန်ဖိုးအရှိဆုံးအရာတွေကိုသိလောက်ပြီထင်ပါတယ် တန်ဖိုးရှိအောင်လည်း ဘယ်လိုနေရ မယ်ဆိုတာသိလောက်ပြီထင်ပါတယ် ။ ကျွန်တော့် ရဲ့ သူငယ်ချင်းတွေ အတွက်ကျွန်တော်ပေးတဲ့ လက်ဆောင် လို့မှတ်ယူကြပါ ။

တန်ဖိုး မရှိဘူး ဆိုပြီး ကျော်သွားလို့လည်းရပါတယ် ။ အသုံးတည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ ဒီစာလေးရဲ့ အနှစ်သာရကို ဖမ်းဆုပ်ကိုင်နိုင်ကြပါစေ ။

သက်တန့်ချို

No comments:

Post a Comment