Friday 28 March 2014

ကမ္ဘာ့ဒုတိယ အရပ်အရှည်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ Georg Wessels ကုမ္ပဏီမှ ဖိနပ်လက်ဆောင် ပေးအပ်

Photo: ကမ္ဘာ့ဒုတိယ အရပ်အရှည်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ Georg Wessels ကုမ္ပဏီမှ ဖိနပ်လက်ဆောင် ပေးအပ်
Friday, March 28, 2014

မြန်မာနိုင်ငံ၌ အရပ်အရှည်ဆုံးနှင့် ကမ္ဘာ့သက်ရှိထင်ရှား ဒုတိယ အရပ်အရှည်ဆုံး မှတ်တမ်းဝင် မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ၏ ကမ္ဘာကျော် Georg Wessels ဖိနပ်ကုမ္ပဏီမှ ဖိနပ်လက်ဆောင် ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ M3 Food Center၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရခြင်းနှင့် ပတ်သက်၍ စီစဉ်သူ အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ''ဂျာမနီနိုင်ငံ Vreden မြို့မှာရှိတဲ့ နှစ်ပေါင်းနှစ်ရာ့ ရှစ်ဆယ်ကျော်သက်တမ်းဖြင့် ရပ်တည်နေသော ကမ္ဘာကျော် Georg Wessels ဖိနပ်ကုမ္ပဏီကြီးအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံရုံးမှ တစ်ဆင့် ကိုဝင်းဇော်ဦးနှင့် အဆက် အသွယ်ရယူပြီး တကူးတက လာရောက်ကာ ရှူးဖိနပ်၊ ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်များကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လှူဒါန်းခဲ့မှု အပေါ်ကျေးဇူးတင်ပါတယ်'' ဟု ပြောပြခဲ့သည်။

ဆက်လက်၍ ဂျာမနီနိုင်ငံ Georg Wessels ဖိနပ်ကုမ္ပဏီမှ တာဝန်ရှိသူက ''ကျွန်တော်တို့ ဖိနပ် ကုမ္ပဏီအနေနဲ့ ဖိနပ်လုပ် ငန်းတွေကို ဆွေစဉ်မျိုးဆက် လုပ်ကိုင်လာခဲ့ တာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ အရပ်အရှည်ဆုံး အမျိုးသမီး၊ အမျိုးသားတွေကို ဖိနပ်တွေ ပြုလုပ်ပြီး လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦး ကတော့ စတုတ္ထမြောက် ပေးအပ် လှူဒါန်းခွင့် ရခဲ့တာပါ''ဟု ရှင်းပြသည်။

အဆိုပါ ကမ္ဘာ့ဒုတိယ အရပ်အရှည်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးသည် မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ် ဇာတိချက်မြှုပ် ကျေးရွာငယ် တစ်ခုတွင် နေထိုင် လျက်ရှိပြီး ဦးခေါင်း၏ နောက်ပိုင်းတွင် အကျိတ်အဖုငယ် တစ်ခုဖြစ်ပေါ်ပြီး ကြီးထွားမှု ဟိုမှုန်းများပြားကာ ပုံမှန်ထက် ခန္ဓာကိုယ် ကြီးထွားသည့်ရောဂါ ဝေဒနာကိုခံစားခဲ့ရ ကြောင်းသိရသည်။ အဆိုပါ ရောဂါကို အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ဦးစီး၍ စင်ကာပူနိုင်ငံသို့ သွားရောက် ခွဲစိတ်ကုသမှုများ ပြုလုပ်ပြီး အသက်ချမ်းသာခွင့် ရရှိခဲ့သည်။ ဆေးကုသစရိတ် မှာ ဒေါ်လာခြောက်သောင်း ကုန်ကျကြောင်း သိရသည်။

လက်ရှိတွင် ကိုဝင်းဇော်ဦး အနေဖြင့် ကျန်းမာရေး ကောင်းမွန်လာပြီး မိမိဇာတိမြေတွင် နေထိုင်ရင်း မကြာမီတွင် အိမ်ထောင် ပြုရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ထိုမင်္ဂလာဆောင်နှင့် ပတ်သက်၍ ယခုဖိနပ်များ လာရောက် လှူဒါန်းသော ဂျာမနီနိုင်ငံ GeorgWessels ဖိနပ်ကုမ္ပဏီ မိသားစုဝင်များအား ကိုဝင်းဇော်ဦး နေရပ်ဇာတိကျေးရွာ သို့ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း၏ ပြောကြားချက် အရ သိရသည်။ 

မြ၀တီ
မြန်မာနိုင်ငံ၌ အရပ်အရှည်ဆုံးနှင့် ကမ္ဘာ့သက်ရှိထင်ရှား ဒုတိယအရပ်အရှည်ဆုံး မှတ်တမ်းဝင် မြန်မာနိုင်ငံ သား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ၏ ကမ္ဘာကျော် Georg Wessels ဖိနပ်ကုမ္ပဏီမှ ဖိနပ် လက်ဆော င် ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ M3 Food Center၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရခြင်းနှင့် ပတ်သက်၍ စီစဉ်သူ အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ''ဂျာမနီနိုင်ငံ Vreden မြို့မှာရှိတဲ့ နှစ်ပေါင်းနှစ်ရာ့ ရှစ်ဆယ်ကျော်သက်တမ်းဖြင့် ရပ်တည်နေသော ကမ္ဘာကျော် Georg Wessels ဖိနပ်ကုမ္ပဏီကြီးအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံရုံးမှ တစ်ဆင့် ကိုဝင်းဇော်ဦးနှင့် အဆက် အသွယ်ရယူပြီး တကူးတက လာရောက်ကာ ရှူးဖိနပ်၊ ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်များကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လှူဒါန်းခဲ့မှု အပေါ်ကျေးဇူးတင်ပါတယ်'' ဟု ပြောပြခဲ့သည်။

ဆက်လက်၍ ဂျာမနီနိုင်ငံ Georg Wessels ဖိနပ်ကုမ္ပဏီမှ တာဝန်ရှိသူက ''ကျွန်တော်တို့ ဖိနပ် ကုမ္ပဏီအနေနဲ့ ဖိနပ်လုပ် ငန်းတွေကို ဆွေစဉ်မျိုးဆက် လုပ်ကိုင်လာခဲ့ တာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည် ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ အရပ်အရှည်ဆုံး အမျိုးသမီး၊ အမျိုးသားတွေကို ဖိနပ်တွေ ပြုလုပ်ပြီး လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦး ကတော့ စတုတ္ထမြောက် ပေးအပ် လှူဒါန်းခွင့် ရခဲ့တာပါ''ဟု ရှင်းပြသည်။

အဆိုပါ ကမ္ဘာ့ဒုတိယ အရပ်အရှည်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးသည် မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ် ဇာတိချက်မြှုပ် ကျေးရွာငယ် တစ်ခုတွင် နေထိုင် လျက်ရှိပြီး ဦးခေါင်း၏ နောက်ပိုင်းတွင် အကျိတ် အဖုငယ် တစ်ခုဖြစ်ပေါ်ပြီး ကြီးထွားမှု ဟိုမှုန်းများပြားကာ ပုံမှန်ထက် ခန္ဓာကိုယ် ကြီးထွား သည့်ရော ဂါ ဝေဒနာကိုခံစားခဲ့ရ ကြောင်းသိရသည်။ အဆိုပါ ရောဂါကို အသည်းရောဂါ အထူးကု ဆရာ ဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ဦးစီး၍ စင်ကာပူနိုင်ငံသို့ သွားရောက် ခွဲစိတ်ကုသ မှုများ ပြု လုပ်ပြီး အသက်ချမ်းသာခွင့် ရရှိခဲ့သည်။ ဆေးကုသစရိတ် မှာ ဒေါ်လာခြောက်သောင်း ကုန်ကျကြောင်း သိရသည်။

လက်ရှိတွင် ကိုဝင်းဇော်ဦး အနေဖြင့် ကျန်းမာရေး ကောင်းမွန်လာပြီး မိမိဇာတိမြေတွင် နေထိုင်ရင်း မကြာမီတွင် အိမ်ထောင် ပြုရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ထိုမင်္ဂလာဆောင်နှင့် ပတ်သက်၍ ယခုဖိနပ်များ လာရောက် လှူဒါန်းသော ဂျာမနီနိုင်ငံ GeorgWessels ဖိနပ်ကုမ္ပဏီ မိသားစုဝင်များအား ကိုဝင်းဇော်ဦး နေရပ်ဇာတိကျေးရွာ သို့ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း၏ ပြောကြားချက် အရ သိရသည်။

မြ၀တီ

No comments:

Post a Comment