Friday 28 March 2014

နှစ်သစ်ကူးပွဲတော်အကြို နေရပ်သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

Photo: နှစ်သစ်ကူးပွဲတော်အကြို နေရပ်သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ
Friday, March 28, 2014

နှစ်သစ်ကူးပွဲတော်အကြို မိမိနေရပ်သို့ ပြန်လာကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၌ ၀င်ငွေမရှိ၊ အသုံးစရိတ် မြင့်တက်ခြင်းကြောင့် သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာနေကြရပြီ ဖြစ်သည်။

“ဘယ်ပြန်ထွက်ချင်မလဲဗျာ။ ထိုင်းမှာ အလုပ်သွားလုပ်တာ သုံး၊ လေးနှစ်၊ ရေမကစားရတာလည်း ကြာပြီ။ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပေါ့။ လာကတည်းက သင်္ကြန်မှာပျော်ဖို့  ကိုယ့်ရွာကို ပြန်လာတာ။ ခုက ပါတဲ့ငွေတွေ ကုန်၊ ၀င်ငွေရမယ့်အလုပ်က မရှိတော့ စိတ်မချမ်းမြေ့စွာနဲ့ သင်္ကြန်မတိုင်ခင် ပြန်သွားနေရတာပါ” ဟု မတ် ၂၆ ရက်က လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံ မဟာချိုင်သို့ ပြန်လည်ထွက်ခွာသူ ဘီလူးကျွန်းမှ ကိုမောင်မောင်က ဆိုသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော် နီးကပ်လာ၍ မတ်လ တတိယပတ်တွင် နေရပ်မြန်မာနိုင်ငံသို့  ပြန်လာသူ ပိုမိုများပြားလာသော်လည်း ဖေဖော်ဝါရီလအတွင်းက အကြိုပြန်လာသူများမှာ နွေရာသီ အလှူအတန်းနှင့် ပျော်ပွဲရွှင်ပွဲများကြောင့် အသုံးစရိတ် ပြတ်လပ်ကာ သင်္ကြန်ပွဲတော်နှင့် လွဲခဲ့ရပြီဖြစ်သည်။

“လာတုန်းကတော့ သင်္ကြန်ပြီးမှ ပြန်သွားဖို့ ပါ။ မိဘတွေလည်း အသက်ကြီးပြီလေ။ပွဲဆက်တွေများတော့ ပါလာတဲ့ငွေတွေက သင်္ကြန်မရောက်ခင် ကုန်သွားတယ်။ ၀င်ငွေကလည်း မရှိတော့ နေမပျော်တော့ဘူး။ တစ်နှစ်မှာ တစ်ကြိမ် ပျော်စရာအကောင်းဆုံး သင်္ကြန်ကို ကိုယ့်မြို့မှာ မနေခဲ့ရတာတော့ စိတ်မကောင်းအဖြစ်ဆုံးပါ” ဟု မော်လမြိုင် ရိုးဂိုးကျေးရွာမှ ကိုနိုင်က ဆိုသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာဉ်တန်း အတက်နေ့တိုင်း ရာ၊ ထောင်ချီနေပြီး ချစ်ကြည်ရေးတံတားထိပ် (မဲဆောက်ဘက်ခြမ်း) အ၀င် (ဘတ်-၂၀) တံဆိပ်တုံး ထုရန် နေပူကျဲကျဲတွင် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းကြရသည်။ မစောင့်နိုင်သူ၊ နေပူ မခံနိုင်သူများမှာ တာဝန်ရှိသူနှင့် ချိတ်ဆက်ထားသူ (ဒေသအခေါ် တုံးပွဲစား) များထံ ဘတ် ၁၂၀၊ ၁၅၀ ပေးပြီး တံဆိပ်တုံး ထုကြရကြောင်း သိရသည်။
“တံတားပေါ်မှာ အ၀င်/အထွက် တုံးထုတာ ပုံမှန်ကြေးနဲ့ အမြန်ကြေးဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ မစောင့်နိုင်တဲ့အတွက် အမြန်တုံးနဲ့ပဲ သွားပါတယ်” ဟု မတ် ၂၆ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မတ်၂၆ ရက်က တွေ့ရစဉ်

Eleven Media Group
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ထွက်ခွာ မည့် မြန် မာရွှေ့ပြောင်းလုပ်သားများအား မတ်၂၆ ရက်က တွေ့ရစဉ်

နှစ်သစ်ကူးပွဲတော်အကြို မိမိနေရပ်သို့ ပြန်လာကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၌ ၀င်ငွေ မရှိ၊ အသုံးစရိတ် မြင့်တက်ခြင်းကြောင့် သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက် ခွာနေကြရပြီ ဖြစ်သည်။
“ဘယ်ပြန်ထွက်ချင်မလဲဗျာ။ ထိုင်းမှာ အလုပ်သွားလုပ်တာ သုံး၊ လေးနှစ်၊ ရေမကစားရတာလည်း ကြာပြီ။ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပေါ့။ လာကတည်းက သင်္ကြန်မှာပျော်ဖို့  ကိုယ့်ရွာကို ပြန်လာတာ။ ခုက ပါတဲ့ငွေတွေ ကုန်၊ ၀င်ငွေရမယ့်အလုပ်က မရှိတော့ စိတ်မချမ်းမြေ့စွာနဲ့ သင်္ကြန်မတိုင်ခင် ပြန်သွားနေရ တာပါ” ဟု မတ် ၂၆ ရက်က လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံ မဟာချိုင်သို့ ပြန်လည်ထွက်ခွာသူ ဘီလူးကျွန်းမှ ကိုမောင်မောင်က ဆိုသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော် နီးကပ်လာ၍ မတ်လ တတိယပတ်တွင် နေရပ်မြန်မာနိုင်ငံသို့  ပြန်လာသူ ပိုမိုများပြား လာသော်လည်း ဖေဖော်ဝါရီလအတွင်းက အကြိုပြန်လာသူများမှာ နွေရာသီ အလှူ အတန်းနှင့် ပျော် ပွဲ ရွှင်ပွဲ များကြောင့် အသုံးစရိတ် ပြတ်လပ်ကာ သင်္ကြန်ပွဲတော်နှင့် လွဲခဲ့ရပြီဖြစ်သည်။

“လာတုန်းကတော့ သင်္ကြန်ပြီးမှ ပြန်သွားဖို့ ပါ။ မိဘတွေလည်း အသက်ကြီးပြီလေ။ပွဲဆက်တွေများတော့ ပါလာတဲ့ငွေတွေက သင်္ကြန်မရောက်ခင် ကုန်သွားတယ်။ ၀င်ငွေကလည်း မရှိတော့ နေမပျော်တော့ဘူး။ တစ်နှစ်မှာ တစ်ကြိမ် ပျော်စရာအကောင်းဆုံး သင်္ကြန်ကို ကိုယ့်မြို့မှာ မနေခဲ့ရတာတော့ စိတ်မကောင်း အဖြစ်ဆုံးပါ” ဟု မော်လမြိုင် ရိုးဂိုးကျေးရွာမှ ကိုနိုင်က ဆိုသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာဉ်တန်း အတက်နေ့တိုင်း ရာ၊ ထောင် ချီနေပြီး ချစ်ကြည်ရေးတံတားထိပ် (မဲဆောက်ဘက်ခြမ်း) အ၀င် (ဘတ်-၂၀) တံဆိပ်တုံး ထု ရန် နေ ပူ ကျဲကျဲတွင် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းကြရသည်။ မစောင့်နိုင်သူ၊ နေပူ မခံနိုင်သူများမှာ တာဝန်ရှိသူနှင့် ချိတ်ဆက်ထားသူ (ဒေသအခေါ် တုံးပွဲစား) များထံ ဘတ် ၁၂၀၊ ၁၅၀ ပေးပြီး တံဆိပ်တုံး ထုကြရကြောင်း သိရသည်။

“တံတားပေါ်မှာ အ၀င်/အထွက် တုံးထုတာ ပုံမှန်ကြေးနဲ့ အမြန်ကြေးဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ မစောင့်နိုင်တဲ့အတွက် အမြန်တုံးနဲ့ပဲ သွားပါတယ်” ဟု မတ် ၂၆ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ မည့် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment