Friday 28 March 2014

ပေါ့ပါး ပါးလွှာတဲ့ ပုံစံအသစ်နဲ့ Acer E1-470G

Photo: ပေါ့ပါး ပါးလွှာတဲ့ ပုံစံအသစ်နဲ့ Acer E1-470G
Friday, March 28, 2014

Acer ကြိုက်နှစ်သက်သူများအတွက် ပေါ့ပါးပါး လွှာသော Model အသစ် Acer E1-470G Laptop ထွက်ရှိလာကြောင်း သိရသည်။

3th Generation CPU, Core i5 M-3337 ကို အသုံးပြုထားပြီး 2.4 Ghz ရရှိစေမည်ဖြစ်သည်။ ၁၄ လက်မ Screen Size HD ကို အသုံးပြုထားပြီး Acer ရဲ့ Cine Crystal LED LCD ကို အသုံးပြုထားကာ Ram 4GB DDR3 ကို အသုံးပြုထားကြောင်း သိရသည်။ Data သိမ်းဆည်းရန် အတွက် HDD 500GB ကို အသုံးပြုထားပြီး Graphic အနေနဲ့ Nvidia Gefore GT 720M တပ်ဆင်ထားကာ 2GB အထိ ရရှိနိုင်သည့်အတွက် Gamer တွေ အကြိုက်တွေ့စေမည် ဖြစ်သည်။ Auto Cut သုံးရန်နှင့် တခြား Project ပိုင်းတွေအတွက်ပါ အဆင်ပြေနိုင်ပြီး CD နှင့် DVD ကို ရေးနိုင်ဖတ်နိုင်သော SuperMulti DL Drive ပါဝင်ကာ 802.1 b/g/n ရှိတဲ့ Wireless LAN လည်း ပါဝင်မည် ဖြစ်သည်။

ဒါ့အပြင် HD Webcam တစ်ခုပါဝင်မည် ဖြစ်ပြီး မြန်နှုန်းမြင့် USB 3.0Port, Blue tooth, HDMI နှင့် 4Cell Li-ion Batteryကို တပ်ဆင်ထား ကြောင်း သိရသည်။ ပေါ့ပါးပြီး ပါးလွှာသောကြောင့် ခရီးသွားရင်းဖြစ်စေ၊ သယ်ဆောင် အသုံးပြုသူတွေ အတွက်ဖြစ်စေAcer E1-470G က အသင့်တော်ဆုံး ဖြစ်ပြီး Colour အနက်ရောင်ဖြင့် ရရှိနိုင်ကာ ဈေးနှုန်းငွေကျပ် ၅၃ဝဝဝဝ ဖြင့် SCS Computer ဖုန်း- ဝ၁- ၂၉ဝ၃၈၄ နှင့် ကွန်ပျူတာ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment