Friday 28 March 2014

မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA ၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ၂ စင်းဆုံးရှုံးမှုနဲ့ပတ်သတ်ပြီးတပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို

Photo: မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA ၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ၂ စင်းဆုံးရှုံးမှုနဲ့ပတ်သတ်ပြီးတပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို
Friday, March 28, 2014

မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA စစ်သားများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ် ၂ စင်းနှင့် စစ်သည် ၅၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးလက်နက်ခဲယမ်းများကိုလည်း KIA မှ အများ အပြားရရှိခဲ့တယ်လို့စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားမှု နှင့်ပတ်သတ်ပြီးမှန်ကန်မှု မရှိကြောင်းတပ်မတော်အရာရှိကြီးတစ်ဦးမှငြင်းဆိုသွားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတပ်မတော်နဲ့ KIA တို့ ၂၀၁၁ခုနှစ်မှစပြီးတိုက်ပွဲတွေဖြစ်ပွား ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပါတယ်။ တပ်မတော်နဲ့ KIAတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ (၂) နှစ်ကျော် ၃ နှစ်ထဲတောင် ရောက်လာပြီဖြစ်ပါသည်။

Online ပေါ်တွင် ပျံ့နှံ့လာသော IHS Jane’s Defence စာစောင်မှ ဖော်ပြချက်များနှင့်ပတ်သတ်၍ တပ်မတော်မှ အရာရှိကြီးတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ အဲ့ဒီစာစောင်မှာ KIA ရဲ့ ပြောပြချက်တွေကို အခြေခံပြီး ရေးသား ထားတာဖြစ်မယ်လို့ ယူဆရပါတယ်…ရဟတ်ယာဉ် ၂ စင်း ပျက်ကျခဲ့တယ် ဆိုတာလဲမဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက စက်ပိုင်းဆိုင်ရာချို့ယွင်းလို့ ပျက်ကျခဲ့တဲ့တစ်စင်းတော့ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ယင်းစာစောင်တွင် စစ်သည် ၅၀၀၀ ကျော် ထိခိုက်ကျဆုံးခဲ့ကြောင်း ရေးသားထားမှုနှင့် ပတ်သတ်ပြီး တော့လည်း “စာစောင်မှာ ဖော်ပြတဲ့ ပမာဏက အရမ်းများလွန်းပါတယ်။ ကျွန်တော်တို့ဆီကို ပြည်တွင်းဂျာနယ်တွေ က ကျဆုံးတဲ့ စစ်သည်အင်အားစားရင်းကို လှမ်းတောင်းပြီး ဖော်ပြခဲ့မှုတွေလဲ မရှိပါဘူး။ တကယ့်မြေပြင်မှာလဲ အဲ့ လောက် ပမာဏမရှိပါဘူး။ ကျွန်တော်တို့ တပ်မတော်မှာ သေဆုံး၊ နှုတ်ထွက်၊ ပင်စင်စား၊ အပြစ်ကျ စတာတွေကို မှတ်တမ်း၊ မှတ်ရာတွေနဲ့ စနစ်တကျထားရှိတာကြောင့် ဒီ ၂ နှစ်ကျော် ကာလအတွင်း ကချင်ဒေသစစ်ပွဲများကြောင့် ထိခိုက်ဒက်ရာရခဲ့တာက ရာဂဏန်း ကျော်ပဲရှိပါတယ်…”ဟု ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲများတွင် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း ၎င်းစာစောင်တွင် ရေးသားဖော်ပြ ထားသည့် ပမာဏလောက် ထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့် KIA မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ် ၂ စင်း ပျက်ကျခဲ့သည်ဟူသော သတင်းမှာလည်း တိုက်ပွဲကာလများတွင် ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း ကချင်ပြည်နယ် တိုက်ပွဲများတွင် ကိုယ်တိုင် ပါဝင်ခဲ့သော အရာရှိ၊ စစ်သည်များထံမှ သိရပါသည်။

မောင်ဇော်(မြစ်ကြီးနား)
https://www.facebook.com/profile.php?id=100004684952735
မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA စစ်သားများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ့ တပ်မတော်မှ ရဟတ်ယာဉ် ၂ စင်းနှင့် စစ်သည် ၅၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ကိုလည်း KIA မှ အများ အပြားရရှိခဲ့တယ်လို့စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားမှု နှင့်ပတ်သတ်ပြီးမှန်ကန်မှု မရှိကြောင်းတပ်မတော်အရာရှိကြီး တစ်ဦး မှငြင်း ဆိုသွားခဲ့ပါတယ်။
ကချင်ပြည်နယ်မှာတပ်မတော်နဲ့ KIA တို့ ၂၀၁၁ခုနှစ်မှစပြီးတိုက်ပွဲတွေဖြစ်ပွား ခဲ့သော်လည်း ၂၀၁၃ ခုနှစ် တွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပါတယ်။ တပ်မတော်နဲ့ KIAတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ (၂) နှစ်ကျော် ၃ နှစ် ထဲတော င် ရော က်လာပြီဖြစ်ပါသည်။

Online ပေါ်တွင် ပျံ့နှံ့လာသော IHS Jane’s Defence စာစောင်မှ ဖော်ပြချက်များနှင့်ပတ်သတ်၍ တပ်မတော်မှ အရာရှိကြီးတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ အဲ့ဒီစာစောင်မှာ KIA ရဲ့ ပြောပြချက်တွေ ကို အခြေခံပြီး ရေးသား ထားတာဖြစ်မယ်လို့ ယူဆရပါတယ်…ရဟတ်ယာဉ် ၂ စင်း ပျက်ကျခဲ့တယ် ဆိုတာလဲ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက စက်ပိုင်းဆိုင်ရာချို့ယွင်းလို့ ပျက်ကျခဲ့တဲ့တစ်စင်းတော့ ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ယင်းစာစောင်တွင် စစ်သည် ၅၀၀၀ ကျော် ထိခိုက်ကျဆုံးခဲ့ကြောင်း ရေးသားထားမှုနှင့် ပတ် သတ်ပြီး တော့လည်း “စာစောင်မှာ ဖော်ပြတဲ့ ပမာဏက အရမ်းများလွန်းပါတယ်။ ကျွန်တော်တို့ ဆီကို ပြည်တွင်းဂျာနယ်တွေ က ကျဆုံးတဲ့ စစ်သည်အင်အားစားရင်းကို လှမ်းတောင်းပြီး ဖော်ပြခဲ့မှုတွေလဲ မရှိပါ ဘူး။ တကယ့်မြေပြင်မှာလဲ အဲ့ လောက် ပမာဏမရှိပါဘူး။ ကျွန်တော်တို့ တပ်မတော်မှာ သေ ဆုံး၊ နှုတ်ထွက်၊ ပင်စင်စား၊ အပြစ်ကျ စတာတွေကို မှတ်တမ်း၊ မှတ်ရာတွေနဲ့ စနစ်တကျထားရှိတာကြောင့် ဒီ ၂ နှစ်ကျော် ကာလအတွင်း ကချင်ဒေသစစ်ပွဲများကြောင့် ထိခိုက်ဒက်ရာရခဲ့တာက ရာဂဏန်း ကျော်ပဲ ရှိပါတယ်…”ဟု ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲများတွင် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း ၎င်းစာစောင် တွင် ရေးသားဖော်ပြ ထားသည့် ပမာဏလောက် ထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့် KIA မှ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ရဟတ်ယာဉ် ၂ စင်း ပျက်ကျခဲ့သည်ဟူသော သတင်းမှာလည်း တိုက်ပွဲကာလများ တွင် ဖြစ်ပွား ခဲ့ဖူးခြင်းမရှိကြောင်း ကချင်ပြည်နယ် တိုက်ပွဲများတွင် ကိုယ်တိုင် ပါဝင်ခဲ့သော အရာရှိ၊ စစ်သည်များထံမှ သိရပါသည်။

မောင်ဇော်(မြစ်ကြီးနား)
https://www.facebook.com/profile.php?id=100004684952735

No comments:

Post a Comment