Wednesday 26 March 2014

စစ်ကိုင်းနှင့်ချင်းတွင် သတ္တုအကျိုးတူ တူးဖော်ရန် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်းလာမှုအပေါ် မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေ သကြီး၊ ကလေးမြို့၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန် ကြီး ဦးကျော်ငြိမ်းက The Voice သို့ ပြောကြားသည်။
မူလက မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဆွေးနွေးရန် စီစဉ်ထားသော်လည်း အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ လာရောက်နိုင်ခြင်း မရှိသဖြင့် ၂၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယကောင် စစ်ဝန် အပါအဝင် သတ္တုတွင်း ပညာရှင်များနှင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် အစိုးရ အဖွဲ့တို့နှင့် တွေ့ ဆုံဆွေးနွေး မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဘယ်လိုဖြစ်မလဲ ဆိုတာတော့ ဆွေးနွေးပွဲပြီးမှ သိရမှာပါ” ဟု ဝန်ကြီး ဦးကျော်ငြိမ်းက ပြောသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် ထန်တလန်မြို့နယ်မှအပ ကျန်ရှစ်မြို့နယ်တွင် ခရိုမိုက်၊ နီကယ်၊ သံ၊ ကြေးနီ၊ အလူမီနီယမ်၊ ထုံးကျောက်၊ ကျောက်မီးသွေး၊ ရေနံ၊ သလင်းကျောက်တို့ ထွက်ရှိကြောင်း၊ ချင်းပြည်နဂါး၊ ခေါနူး နဂါး၊ ပတ္တမြားနဂါး၊ လင်းထက်တောင်ကြာ၊ ထွန်းသွင်၊ အင်ကြင်း၊ ရတနာကမ္ဘာ၊ North Mining စသော ကုမ္ပဏီများက အဆိုပါ သယံဇာတများ တူးဖောက် ထုတ်လုပ်ရန် လာရော က် လျှောက်ထားခြင်း ရှိပြီး ယင်းကဲ့သို့ လျှောက်ထားမှုများအား ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ် ကာ အကျိုးအမြတ် ခွဲဝေရေးကိုလည်း ပြည်ထောင်စု အစိုးရနှင့်ပင် ညှိနှိုင်းရန် လိုအပ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့နယ်အတွင်း ထွန်းသွင် ကုမ္ပဏီက ၅၄၀ မဂ္ဂါဝပ် ထုတ်လုပ် မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းအား စင်ကာပူ ကုမ္ပဏီတစ်ခုနှင့် ပြုလုပ်ရန် စီစဉ်နေပြီး ဒေသခံတို့၏ သဘောထားများကို ကောက်ယူနေကြောင်း ယင်းကုမ္ပဏီနှင့် ဒေသခံများ ထံမှသိရပြီး ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာ ထုံးကျောက်တောင် ဒေသတွင် အိန္ဒိယ ကုမ္ပဏီတစ်ခုဖြစ်သော ဘီလာ ကုမ္ပဏီ (Birla Corporation Limited) ကအမေရိကန်ဒေါ်လာ သန်းတစ် ရာခန့် ရင်းနှီးမြှုပ်နှံပြီး တစ်ရက်လျှင် တန် ၂၀၀၀ ထုတ်လုပ်မည့် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စီစဉ်ေ နကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဇူလိုင်လ ၁၁ ရက်နေ့ မြို့မိမြို့ဖ များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment