Wednesday 23 July 2014

လုပ်ကြံထားသည့် MH17 လေယာဉ်ဖြစ်ရပ် ဇာတ်လမ်းများကို ရုရှားပြည်သူများ ယုံကြည်နေကြ

မလေးရှားလေကြောင်းလိုင်း ပိုင် MH-17 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံသားများကို ရုရှားအာဏာပိုင်များက မီဒီယာမှ တစ်ဆင့် သတင်းမှားများပေးကာ အယုံသွင်းနေသည်ဟု အေပီသတင်း ဌာနတွင် ဖော်ပြထားသည်။လေယာဉ်ပေါ်ပါ လူစုစုပေါင်း ၂၉၈ ဦးလုံးသေဆုံးခဲ့ရသည့် MH-17 လေယာဉ်အဖြစ်ဆိုးနှင့် ပတ်သက် ၍ ရုရှားမီဒီယာများက ကြေညာ ချက်အမျိုးမျိုး ထုတ်ပြန်နေသော် လည်း ထိုထုတ်လွှင့်မှုများအားလုံး သည် ယူကရိန်းနိုင်ငံကိုသာ အပြစ် တင်ထားသည်။၎င်းတို့တွင် လေယာဉ်ဖြစ်ရပ် ဆိုး၌ ရုရှားနိုင်ငံပါဝင်နိုင်ဖွယ်ရှိ သည်ဟူ၍ပင် မထုတ်လွှင့်ကြပေ။လေယာဉ်ဖြစ်ရပ်နှင့်ပတ်သက် ၍ အနောက်နိုင်ငံများအားလုံးနီးပါး တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည့် MH-17 လေယာဉ်အား ယူကရိန်းသူပုန်များက ရုရှားနိုင်ငံမှ လက်နက်ဖြင့် ပစ်ချခဲ့ သည်ဟူသော ပြောစကားကိုယုံကြည် နေကြသော်လည်း ရုရှားနိုင်ငံသား အများစုကမူ ထိုဖြစ်ရပ်ကို ယူကရိန်းစစ်တပ်အပေါ် အပြစ်တင်ထား သည့် လုပ်ကြံဇာတ်လမ်းများကို ယုံကြည်နေကြသည်ဟု အေပီသတင်း အရသိရသည်။လေယာဉ်ပျက်ကျခဲ့သည်ဟူသော သတင်းပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ရုရှားနိုင်ငံ၏ ထင်ရှားသော ရုပ်သံတင်ဆက်သူ တစ်ဦးက ယင်းသည် ဘရာဇီးမှပြန် လာသော ရုရှားသမ္မတပူတင်အား လုပ်ကြံရန် ကြိုးပမ်းမှုဟု ဆိုသည်။

ထိုအစီအစဉ်တင်ဆက်သူ၏ အဆိုအရ မလေးရှားလေယာဉ်ပစ်ချ ခံရပြီးနောက် တစ်နာရီအကြာတွင် ထိုဧရိယာနားသို့ ပူတင်လိုက်ပါလာ သည့် လေယာဉ်ပျံသန်းခဲ့သည်ဟု သိရသည်။
ယူကရိန်းစစ်တပ်က ပူတင်၏ လေယာဉ်နှင့် မလေးရှားလေယာဉ် တို့ကို မှားယွင်းစွာပစ်ချခဲ့ခြင်းဟု လည်း ယင်းက မှတ်ချက်ပြုသည်။
ရုရှားနိုင်ငံပိုင် Rossiya ရုပ်သံ လိုင်းကလည်း MH-17 လေယာဉ် အား Buk ဒုံးကျည်ဖြင့် ပစ်ချခဲ့ ကြောင်း၊ ခွဲထွက်ရေးသူပုန်များတွင် Buk ဒုံးကျည်ပစ်စင်များ မရှိကြောင်း နှင့် ယူကရိန်းတပ်ဖွဲ့များသည်မကြာ သေးမီက ၄င်းတို့ ပိုင်နက်အတွင်း Buk ဒုံးပစ်စင်များ တပ်ဆင်နေသည် ကို မြင်တွေ့ခဲ့ရသည်ဟုဆိုကာ လေယာဉ်အဖြစ်ဆိုးအား ယူကရိန်းစစ် တပ်ဘက်သို့ အပြစ်တင်ရန် ကြိုးပမ်း သည်။
Rossiya ၏ အခြားထုတ်လွှင့် မှုတစ်ခုတွင်လည်း မလေးရှားလေယာဉ်လိုင်း၏ အမှတ်တံဆိပ်ဖြစ်သော အဖြူ၊ အနီ၊ အပြာသုံးရောင်ခြယ် လိုဂိုသည် ရုရှားနိုင်ငံအလံနှင့် ဆင် တူသည့်အတွက် ယူကရိန်းစစ်တပ် က ရုရှားလေယာဉ်နှင့် မှား၍ပစ်ချ မိခြင်းဟုဆိုသည်။ ရုရှားသတင်းစာ တစ်စောင်တွင်လည်း ယူကရိန်းလေကြောင်း အာဏာပိုင်များသည်မလေး ရှားလေယာဉ်အား လမ်းကြောင်း ပြောင်းစေခဲ့ပြီး ထိုလေယာဉ်ကို ပစ်ချကာ ယင်းကို သူပုန်များ၏ တိုက်ခိုက်မှုဟု အသံလွှင့်၍ ယူကရိန်း အရှေ့ပိုင်းမှ တိုက်ပွဲတွင် အနောက် နိုင်ငံများ ပါဝင်တိုက်ခိုက်လာစေရန် ပရိယာယ်ဆင်ခြင်းဟု ဆိုပြန်သည် ဟူ၍ အေပီသတင်းဌာနတွင် ဖော် ပြထားသည်။

Ref: AP
Yangon Media Group

No comments:

Post a Comment