Monday 13 October 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ကယ်ဆယ်ရေးတွင် ထိုင်း B4 ရဟတ်ယာဉ် မတော်တဆမှုနှင့် ပတ်သက်ပြီးလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စုံစမ်းစစ်ဆေးနေ

Photo: ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ကယ်ဆယ်ရေးတွင် ထိုင်း B4 ရဟတ်ယာဉ်
မတော်တဆမှုနှင့် ပတ်သက်ပြီးလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာနက စုံစမ်းစစ်ဆေးနေ
Monday, October13, 2014

ခါ ကာဘိုရာဇီတောင်တက်သမားနှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးဆောင် ရွက်နေစဉ် မတော်တဆမှုဖြစ်ပေါ် ခဲ့သောထိုင်း B4 ရဟတ်ယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ထိုင်း B4 ရဟတ်ယာဉ်သည် စက်တင်ဘာ၂၇ရက်မှစတင်ကာ မြေ ပြင်အဖွဲ့နှင့်အဆက်အသွယ်ပြတ် တောက်ခဲ့ပြီး၊ လိုက်ပါသူသုံးဦးမှာ လည်း ဆယ်ရက်ခန့် ကြာမြင့်စွာ ပျောက် ဆုံးနေခဲ့ခြင်းကြောင့် ယင်း နှင့်ပတ်သက်၍ ရဟတ်ယာဉ်၏မတော်တဆဖြစ်စဉ်များကို သိရှိနိုင် ရန် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ် ကြောင်း သိရသည်။

''မတော်တဆဖြစ်သွားတာဆို တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ ပြီး စစ်ဆေးနေပါပြီ။ ဖြစ်စဉ်တောက် လျှောက်ကိုလဲ သတင်းမီဒီယာတွေ က ဖော်ပြကြတယ်ဆိုတော့ မတော် တဆဖြစ်ပွားမှုရဲ့စစ်ဆေးချက်တွေ၊ ထူးခြားမှုတွေရပြီဆိုရင် သတင်းထုတ် ပြန်မှာပါ။ အခုတော့ ဘာမှမသိသေး ဘူး။ စုံစမ်းနေတုန်းပဲ''ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။
အဆိုပါရဟတ်ယာဉ်စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံသား စုံစမ်းစစ်ဆေးမည့်သူလေးဦးပါဝင် ပြီး၊ အောက်တိုဘာ၁ဝရက်မှစတင်ဖွဲ့ စည်းကာ ဖြစ်စဉ်များကို စစ်ဆေးနေ ပြီဖြစ်ကြောင်း သိရသည်။

မတော်တဆမှုဖြင့် ပျောက်ဆုံး သွားသောရဟတ်ယာဉ်တွင် မြန်မာ နိုင်ငံသား ရဟတ်ယာဉ်မှူးဦးအောင် မြတ်တိုး၊ ထိုင်းနိုင်ငံသားရဟတ်ယာဉ် မှူး Mr.Chatchawal နှင့် ရဟတ် ယာဉ်တွင်လိုက်ပါသွားသူခါကာဘို ရာဇီတောင်ထိပ် တွင်ခြေချဖူးသည့် နမားဂျွန်ဆင်၏ တူတော်သူ ရွှေရင် တော်ကြီးလည်း ပါဝင်ကြောင်း၊ ယင်း သုံးဦးအနက် နှစ်ဦးကို အသက်ရှင် လျက်တွေ့ရသော်လည်း မြန်မာ ရဟတ်ယာဉ်မှူးမှာမူ ရဟတ်ယာဉ် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

MMA
Yangon Media Group
ခါ ကာဘိုရာဇီတောင်တက်သမားနှစ် ဦးကိုရှာဖွေကယ်ဆယ်ရေးဆောင် ရွက်နေစဉ် မတော်တဆမှုဖြစ်ပေါ် ခဲ့သောထိုင်း B4 ရဟတ်ယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေပြီဖြ စ်ကြော င်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြော သည်။
ထိုင်း B4 ရဟတ်ယာဉ်သည် စက်တင်ဘာ၂၇ရက်မှစတင်ကာ မြေ ပြင်အဖွဲ့နှင့် အဆက် အသွယ်ပြ တ် တောက်ခဲ့ပြီး၊ လိုက်ပါသူသုံးဦးမှာ လည်း ဆယ်ရက်ခန့် ကြာမြင့်စွာ ပျောက် ဆုံးနေခဲ့ခြင်းကြောင့် ယင်း နှင့်ပတ်သက်၍ ရဟတ်ယာဉ်၏မတော်တဆဖြစ်စဉ်များကို သိရှိနိုင် ရန် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ် ကြောင်း သိရသည်။

''မတော်တဆဖြစ်သွားတာဆို တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ ပြီး စစ်ဆေးနေပါပြီ။ ဖြစ် စဉ်တောက် လျှော က် ကိုလဲ သတင်းမီဒီယာတွေ က ဖော်ပြကြတယ်ဆိုတော့ မတော် တဆဖြစ်ပွား မှုရဲ့စစ်ဆေးချက်တွေ၊ ထူးခြားမှုတွေရပြီဆိုရင် သတင်းထုတ် ပြန်မှာပါ။ အခုတော့ ဘာမှမသိသေး ဘူး။ စုံစမ်းနေတုန်းပဲ'' ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။

အဆိုပါရဟတ်ယာဉ်စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံသား စုံစမ်းစစ်ဆေးမည့်သူလေးဦးပါဝင် ပြီး၊ အော က် တိုဘာ၁ဝရက်မှစတင်ဖွဲ့ စည်းကာ ဖြစ်စဉ်များကို စစ်ဆေးနေ ပြီဖြစ်ကြောင်း သိရသည်။

မတော်တဆမှုဖြင့် ပျောက်ဆုံး သွားသောရဟတ်ယာဉ်တွင် မြန်မာ နိုင်ငံသား ရဟတ် ယာဉ်မှူး ဦးအောင် မြတ်တိုး၊ ထိုင်းနိုင်ငံသားရဟတ်ယာဉ် မှူး Mr.Chatchawal နှင့် ရဟတ် ယာဉ်တွင်လိုက်ပါ သွားသူခါကာဘို ရာဇီတောင်ထိပ် တွင်ခြေချဖူးသည့် နမားဂျွန်ဆင်၏ တူတော်သူ ရွှေရင် တော်ကြီးလည်း ပါဝင်ကြောင်း၊ ယင်း သုံးဦးအနက် နှစ်ဦးကို အသက်ရှင် လျက်တွေ့ရသော်လည်း မြန်မာ ရဟတ်ယာဉ် မှူးမှာမူ ရဟတ်ယာဉ် မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

MMA
Yangon Media Group

No comments:

Post a Comment