Thursday 28 May 2015

စာရေးဆရာသင်းရီ ကွယ်လွန်ခြင်း တစ်လပြည့် ဇာတိမြေ သဲကုန်းမြို့တွင် ပြုလုပ်


စာရေးဆရာသင်းရီ(ခ) ဦးသိန်းထွန်း ကွယ်လွန်ခြင်း တစ် လပြည့်ဆွမ်းကပ်လှူဒါန်းခြင်းနှင့် အောက်မေ့ သတိရဖွယ် အခမ်း အနားကို ဇာတိမြေသဲကုန်းမြို့ တွင် မေလ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီဝင်များ၊ လူ့ဘောင်သစ် ပါတီ အဖွဲ့ဝင်များ၊ စာပေအနု ပညာရှင်များ၊ ကာတွန်းဆရာများ က ဆရာသင်းရီ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားသို့ တက်ရောက်၍ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။

‘‘ဆရာကွယ်လွန်သွားတဲ့အ တွက် မြန်မာနိုင်ငံ အရေးမှာရော စာပေ အနုပညာဘက်မှာရော ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။ ဆရာ ဟာ နှလုံးသားကောင်းတဲ့ နိုင်ငံ ရေးသမား တစ်ယောက်ဖြစ်ပြီး အတုယူဖွယ်ဖြစ်တယ်။ ဇာတိမြေ သဲကုန်းမြို့က လူငယ်တွေကို လူ မှုရေး၊ ပရဟိတရေး၊ နိုင်ငံရေး စတာတွေကို နိုးကြားတက်ကြွ စွာ လှုပ်ရှားပါဝင်စေချင်သူဖြစ် တယ်။ သူ့ဇာတိမြေ တိုးတက်ဖွံ့ ဖြိုးတာကို အလွန်ဆန္ဒရှိသူပါ’’ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်က ပြောသည်။

ဆရာသင်းရီကွယ်လွန်ခြင်း တစ်လပြည့်တွင် သံဃာတော်အရှင် သူမြတ်များအား ဆွမ်းကပ်လှူ ဒါန်းခြင်း၊ ဘီးတပ်ကုလားထိုင် တစ်ခုနှင့် အောက်ဆီဂျင်အိုးနှစ် လုံးကို သဲကုန်းမြို့နယ် ဆေးရုံ ကြီးသို့ လှူဒါန်းခြင်းတို့ ပြုလုပ် ခဲ့သည်။

 ဆရာသင်းရီသည်  ပြီးခဲ့ သည့် ဧပြီ ၂၇ ရက်က ကွယ်လွန် သွားခဲ့ပြီး မကွယ်လွန်မီ ကာလ အထိ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာများတွင် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများစွာ ရေးသားခဲ့ကာ ချယ်ရီ၊ ရနံ့သစ်၊ ခေတ်ရနံ့မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖွဲ့ဝင်အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

‘‘ကိုသိန်းထွန်း ကွယ်လွန် ခြင်း တစ်လပြည့်နေ့ရက်က ၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်နဲ့ သွားတိုက်ဆိုင်နေတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တယ်။ ၉၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး လိမ်လည်မှုကြီးကို ခံခဲ့ရသူတွေပေါ့။ တကယ်ဆို သူ့ကို မြန်မာ့ဒီမိုကရေစီ အရေးမှာ ချန်လှပ်ထားလို့ မရတဲ့ နိုင်ငံရေးသမား အဖြစ်က ကျွန်တော်တို့စိတ်မှာ ပိုမိုရှိနေပါတယ်’’ဟု ပြည်မြို့မှ ဒီချုပ်ပါတီဝင်တစ်ဦးက ပြောကြားသည်။
7 day

No comments:

Post a Comment