Thursday 28 May 2015

ထိုင်းနိုင်ငံမှ ကြက်သားနှင့် ကြက်ကလီစာ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ၀င်ရောက်နေ

ထိုင်းနိုင်ငံမှ ကြက်သား နှင့် ကြက်ကလီစာများသည်ကရင် ပြည်နယ်မှတစ်ဆင့် ရန်ကုန်ဈေး ကွက်သို့ ကုန်တင်ယာဉ်ကြီးများ ဖြင့် နေ့စဉ်တရားမ၀င်တင်သွင်း နေကြောင်း မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရ ရှိသည်။
 ထိုင်းနိုင်ငံ တရားမ၀င် တင်သွင်းနေသည့် ကြက်ဒိုင်များ ကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကြေညာချက်ထုတ် ပြန်ထားသော်လည်း အရေးယူ ဆောင်ရွက်မှု မရှိသေး၍ ယခုကဲ့သို့ တင်သွင်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

‘‘ကြက်သား အပါအ၀င် ကြက်ကလီစာ၊  ကြက်ခေါင်း၊ ကြက်တောင်ပံတွေကို နေ့စဉ် ၁၂ ဘီးကားကြီးတွေနဲ့အပြည့် ကရင် ပြည်နယ်၊ မြ၀တီမြို့ကနေရန်ကုန် ဈေးကွက်ထဲကို ၀င်ရောက်နေ တာ တားဆီးပေးဖို့ တိုင်စာပို့ထား တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောကြား သည်။

ဥပဒေများ အားနည်းနေမှု နှင့် တရားဥပဒေစိုးမိုးမှု လျော့ နည်းနေမှုကြောင့် မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ ကုန်ပစ္စည်းများ တရားမ၀င် ၀င်ရောက်နေပြီးပြည် တွင်းဈေးကွက်တွင် ဒေသတွင်း ထွက်ကုန်များ စိန်ခေါ်မှုနှင့်ရင် ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါ မွေးမြူရေးထွက် ကုန်များသည် ထိုင်းနိုင်ငံမှ ကရင် ပြည်နယ် မြ၀တီမြို့မှတစ်ဆင့် ရန်ကုန်မြို့အထိ တရားမ၀င်တင် သွင်းနေ၍ ကရင်ပြည်နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သို့ တိုင်ကြားစာပေးပို့ထားကြောင်းဦးဝင်းကြိုင်ကပြောကြားသည်။

‘‘ကျွန်တော်တို့က မျက်ခြည်ပြတ်နေတော့ အပြင်ကဈေးပေါ ပေါနဲ့ဝင်နေကြတယ်။ ၀ိသမစီး ပွားရေးသမားတွေက လုပ်ချင် တိုင်းလုပ်နေကြတယ်’’ဟု မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြား သည်။
7 day

No comments:

Post a Comment