Thursday 28 May 2015

ကမ္ဘာ့ရော်ဘာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်း မြင့်တက်

 ရော်ဘာအစေးခြစ်ရာ သီကျော်လွန်၍ ခြံပိတ်ချိန်တွင် ကမ္ဘာ့ရော်ဘာဈေးမြင့်တက်မှု ကြောင့် ပြည်တွင်းရော်ဘာဈေး နှုန်း မြင့်တက်လာကြောင်း မြန် မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းမှ သတင်းရရှိ သည်။‘‘ခြံပိတ်ချိန်ရောက်မှ ဈေး တက်တော့ တကယ်စိုက်တဲ့ သူ တွေအခွင့်အရေးလက်လွတ်သ လိုပါပဲ’’ဟု အထက်ပါအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြော သည်။

လက်ရှိကမ္ဘာ့ဈေးကွက်တွင် ရော်ဘာဈေးနှုန်းသည် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁,၈၀၀ ကျော် ရှိနေသည်။ ယင်းနှုန်း ထားသည် သင်္ကြန်ပွဲတော်မတိုင်မီ နှင့် နှိုင်းယှဉ်ပါက ရော်ဘာတစ် တန်လျှင် ကန်ဒေါ်လာ ၂၀၀ ခန့် ဈေးတက်လာခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကမ္ဘာ့ရော်ဘာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းမှ ရော်ဘာဈေးနှုန်းလည်း တစ်ပေါင်လျှင် ၁၅၀ ကျပ်ခန့် ဈေးတက်လာသည်။ သင်္ကြန်မတိုင်မီက Rss-3 အမျိုးအစား ရော်ဘာတစ်ပေါင်လျှင် ကျပ် ၅၅၀ ကျော်သာရှိရာမှ ယခုအခါတွင် ၆၅၀ မှ ၇၀၀ ကျပ်ကြားဈေးရှိလာသည်။
‘‘ခြံက အစေးခြစ်ရပ်ထား တာကြာပြီ။ ထုတ်လုပ်စရိတ်နဲ့ ရောင်းရတယ့် ဈေးနှုန်းမကိုက်လို့ ပါ။ အခုလိုမျိုးဈေးတက်လာရင် တော့ ပွင့်လင်းရာသီမှာ အလုပ် ဖြစ်မှာပါ’’ဟု ဘီးလင်းမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြော ကြားသည်။
ကမ္ဘာ့ရော်ဘာဈေးကျဆင်း မှုကြောင့် ရော်ဘာလုပ်ငန်းရှင် များ ထုတ်လုပ်စရိတ်သည် ရောင်းချရသည့် ဈေးထက် ပိုများနေ၍ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တရားဝင် ရော်ဘာ တင်ပို့မှုမှာ တန်ချိန် ၇၀,၀၀၀ ခန့် ရှိခဲ့သည်။ နှစ်စဉ် ပြည်ပသို့ ရော် ဘာတင်ပို့မှု တိုးတက်နေပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းခန့်ထိရှိနေသည်။ ထို့ကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည် ပသို့ ရော်ဘာတင်ပို့မှု တန်ချိန် တစ် သိန်းကျော် ခန့်မှန်းခဲ့သော်လည်း ဈေးနှုန်းကျဆင်းမှုကြောင့် တန် ၇၀,၀၀၀ သာ တင်ပို့နိုင်ကြောင်း သိရသည်။
ရော်ဘာတစ်ဧကစိုက်ပျိုး လျှင် မျိုးစရိတ်အပါအ၀င် ခြံရှင်း၊ ပေါင်းရှင်း၊ ကျင်းတူးစသော အ ထွေထွေစရိတ်များကြောင့် အရင်းအနှီးအနည်းဆုံး ကျပ်ငါးသိန်းခန့်ကုန် ကျသည်။
ထို့အပြင် နှစ်စဉ် ပေါင်းရှင်း၊ မြေသြဇာ ကျွေးခြင်းတို့ဖြင့် အစေးခြစ်ချိန်ထိ ကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းကျော်ရှိသည်။ ယင်းသို့ ကုန်ကျစရိတ်များပြီး အ လုပ်သမားစရိတ်မြင့်တက်နေချိန် တွင် ကမ္ဘာ့ရော်ဘာဈေးမှာ ကျ ဆင်းပြီး ဈေးကွက် ပျောက်နေ သောကြောင့် နိုင်ငံတော်က ထောက် ပံ့ကြေးပေးရန် လွှတ်တော်တွင် ကိုယ်စားလှယ်က မေးမြန်းခဲ့ရာ လက်တလော ချေးငွေထုတ်ပေး ရန် အစီအစဉ်မရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦး အုန်းသန်းက ပြန်လည်ဖြေကြားခဲ့သည်။
ကမ္ဘာ့ရော်ဘာဈေးကျဆင်း မှုကြောင့် တောင်သူများ အစေး ထုတ်ရန် ခက်ခဲနေချိန်တွင် အစိုးရထံမှ ချေးငွေထောက်ပံ့ပေးရန် မျှော်လင့်နေကြသော်လည်း လတ်တလော၌ ချေးငွေထုတ်ပေးရန် မရှိသေးကြောင်း လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုဝန်ကြီး ဦးအုန်းသန်းက ဆက်လက်ပြောကြားသည်။
7 day

No comments:

Post a Comment