Thursday 28 May 2015

ရန်ကုန်မြို့တွင်း အန္တရာယ်ရှိ ဓာတ်ကြိုးအားလုံးနီးပါး လဲလှယ်ထားပြီးဟုဆို

မိုးရာသီတွင် ဓာတ်ကြိုး ပြတ်ကျမှုများ လျော့နည်းစေရန် ရန်ကုန်မြို့တွင်းမှ အန္တရာယ်ရှိ ဓာတ်ကြိုးအားလုံးနီးပါး လဲလှယ် ထားပြီးဖြစ်ကြောင်း ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းမှ သတင်းရရှိသည်။သက်ဆိုင်ရာ လျှပ်စစ်ဌာန အနေဖြင့် ယင်းတို့လက်လှမ်းမီရာ အန္တရာယ်ရှိနေသည့် ဓာတ်ကြိုး များကို လိုက်လံလဲလှယ်တပ်ဆင် မှုများ ပြုလုပ်ထားခဲ့ပြီး အိကျနေ သော ဓာတ်ကြိုးများကိုလည်းပြင် ဆင်ထားသည်ဟု ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်ကပြောကြား သည်။

‘‘ကျွန်တော်တို့တွေမြင်ထား သလောက် အရည်အသွေးကျ ဆင်းနေတဲ့ မီးကြိုးတွေကို အား လုံးနီးပါး လိုက်လဲထားပေးပြီးပြီ။ ဒီကြားထဲ ကျန်ခဲ့တာမျိုးလည်းရှိ ကောင်းရှိမယ်။ ရှိခဲ့ရင်လည်းကျွန် တော်တို့ကိုအကြောင်းကြားပေး စေလိုပါတယ်။ အကြောင်းကြား ချက်ရတာနဲ့ ချက်ချင်းလာရောက် လဲလှယ်ပေးသွားမယ်’’ဟု ဦးစော ၀င်းမောင်ကပြောကြားသည်။

ပြီးခဲ့သည်နှစ် မိုးရာသီက ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျ မှုကြောင့် လူသေဆုံးမှုများဖြစ်ပေါ် ခဲ့ပြီး လျှပ်စစ်ဌာန၏ ကြိုးသွယ် တန်းမှုများအပေါ် ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ သည်။

ယခုအခါ မိုးစတင်ရွာသွန်း လာပြီဖြစ်၍ ဓာတ်ကြိုးပြတ်ကျမှု များ ထပ်မံဖြစ်ပေါ်လာမည်ကိုရန် ကုန်မြို့နေပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်းသိရသည်။

‘‘ဟိုတစ်လောလေးကပဲ မန္တ လေးက ကလေးတစ်ယောက် ဓာတ်လိုက်သေသွားတော့ မိုးရွာ ရင် အိမ်ကကလေးတွေကို အ ပြင်လွှတ်ဖို့ စိတ်မချဖြစ်နေရတယ်။ မိုးရာသီရောက်ရင် ဒီဓာတ်ကြိုး ကိစ္စက လူတွေစိတ်ထဲ စိတ္တဇလို တောင် ဖြစ်နေပြီ’’ဟု အင်းစိန်မြို့ နယ်မှ ဒေါ်သန္တာက ပြောသည်။

ယခုမိုးရာသီတွင် ရာနှုန်း ပြည့်စိတ်ချရသည့် အဆင့်ဖြစ်ပြီ ဟု အာမ မခံနိုင်သော်လည်း ကြို တင်ပြင်ဆင်မှုများ အားကောင်း  ကောင်းဖြင့် ပြုလုပ်ထားနိုင်၍ ယ ခင်ကာလများထက် စိတ်ချလုံ ခြုံမှုမျိုး ပိုရှိလာမည်ဟုဆိုနိုင် ကြောင်း  ဦးစောဝင်းမောင်ကပြော သည်။

ထို့ပြင် မီးကြိုးပြတ်ကျသည့် ဖြစ်စဉ်များ၏ ထက်ဝက်ကျော်မှာ အိမ်များသို့သွယ်တန်းသော မီး ကြိုးများ၏ အရည်အသွေးအား နည်းချက်ကြောင့်လည်းဖြစ်၍ ဌာ နပိုင် မီးကြိုးများပြုပြင်ထိန်းသိမ်း နေရုံဖြင့် လုံလောက်မှုမရှိနိုင် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

‘‘အိမ်တွေက ဓာတ်တိုင်ကို သွယ်တန်းသုံးနေတဲ့ဆားဗစ်ကြိုး တွေဆိုရင်လည်း တော်တော်အ ရည်အသွေးကျနေတာတွေ တွေ့ ရတယ်။ မန္တလေးမှာဖြစ်တဲ့ကိစ္စ ဆိုရင် အဲဒီကြိုးကြောင့်ဖြစ်ရတာ။ ဒါမျိုးကျတော့ ဌာနကလုပ်လို့မရ ဘူး။ အိမ်ရှင်တွေ၊ ပြည်သူတွေက ပါ ပူးပေါင်းပါဝင်မှရမှာပါ’’ဟု ဦး စောဝင်းမောင်ကပြောကြားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ရန် ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျမှု ကြောင့် သေဆုံးသူ ခြောက်ဦး ကျော် ရှိခဲ့သည်။
7 day

No comments:

Post a Comment