Thursday 28 May 2015

လွန်ခဲ့သည့် ၈၅ နှစ်ကတည်းက လက်တွဲခဲ့ဖူးသော ဂျာမန်ကုမ္ပဏီ ပြန်လည်မြှုပ်နှံမည်

 ဂျာမနီနိုင်ငံမှ Thyssen Krupp ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း ဆိုင်ရာ နည်းပညာ အပါအဝင် ကုန်ထုတ်လုပ်ငန်း များ၌ ပြန်လည်ရင်းနှီးမြှုပ်နှံသွားမည်ဟု သတင်းရရှိ သည်။အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၃၀ မှ စတင်၍၁၉၈၇ ခုနှစ်အထိ မီးရထားဆိုင်ရာ လုပ်ငန်းများ ၌ လာရောက်ရင်းနှီးမြှုပ်နှံခဲ့သော ကုမ္ပဏီ ဖြစ်သည်။ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ခြင်းနှင့် ပတ် သက်၍လိုအပ်သည့်နည်းပညာအထောက်အကူများနှင့် ဓာတ်လှေကား ဆိုင်ရာ နည်းပညာများ၊စက်မှုပစ္စည်းများကုန်သွယ်ရေးနှင့် မော်တော်ယာဉ် နည်းပညာ နယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံသွားမည်ဟုဆိုသည်။

‘‘လွန်ခဲ့တဲ့ (၈၅)နှစ်ကတည်းက မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်မှုတွေအများကြီးရှိခဲ့တာပါ။ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပြည်တွင်းက ကျွမ်းကျင်မှုတွေနဲ့ချိတ်ဆက်လုပ် ဆောင်ပေးသွားမယ်’’ဟု ThyssenKrupp ၏ အမှုဆောင်အရာရှိချုပ် Dr.Stefan Schmitt က ပြောသည်။
အဆိုပါကုမ္ပဏီ၏ရုံးခန်း သစ်ကို မေလ ၂၆ ရက်တွင် ရန်ကုန်မြို့ Strand ကွန်ဒို၌ စတင်ဖွင့်လှစ်ခဲ့ပြီး ကုမ္ပဏီအနေ ဖြင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမည့် ငွေကြေးနှင့်လုပ်ငန်းစဉ်အသေး စိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ThyssenKrupp သည် မြန်မာနိုင်ငံတွင် ၁၉၃၀ ပြည့်နှစ် ကစ၍ မီးရထားဆိုင်ရာ လုပ် ငန်းများအပြင် ဓာတုဆေးဝါး စက်ရုံတည်ဆောက်ခဲ့သော ကုမ္ပဏီဖြစ်သည်။
7 day

No comments:

Post a Comment