Thursday 28 May 2015

ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်၍ လူနှစ်ဦး သစ်ပင်ပိ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီးတ မူးမြို့နယ်ရှိ အိုးဘိုကတောက် ကျေးရွာအနီးတွင် မိုးသက်လေ ပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် လဲကျပိမိ၍ လူနှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မေလ ၂၆ရက် ည ၇နာရီ မိနစ် ၄၀ တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟုမ္မလင်းမြို့နယ် အိုးဘိုကတောက်ကျေးရွာအနောက် ဘက် နှစ်မိုင်ခန့်အကွာရှိ လယ် တောတဲအပေါ်သို့ လုံးပတ် ၄ပေ၊ အမြင့်ပေ ၆၀ ခန့်ရှိ အင်ပင်ကြီးလဲကျခဲ့သည်။
လယ်တောတဲအတွင်း ၀င် ရောက် ခိုနားနေသည့် အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၂၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့မှာ အင်ပင်ပိမိပြီး ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

အလားတူ တမူးမြို့နယ်အ တွင်း မေလ၂၆ရက် မွန်းလွဲ ၃နာရီ ကျော်က မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် ဇမ္ဗူရတနာမီးကွင်း ကျောင်းမှ ကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့ပြီး ရာဇမုနိစေတီတော်မှ စိန်ဖူးတော် မြေခခဲ့သည်။
ထို့အပြင် မြို့သစ်မြို့ နောင်ကတ်ကျေးရွာသစ် မူလွန်ကျောင်းဆောင်တစ်ဆောင် နောင်ကတ်ကျေးရွာဟောင်း မူလတန်းလွန်ကျောင်း ကျောင်းဆောင် တစ်ဆောင်၊ မြို့သစ်မြို့ ထုံကတင်ကျေးရွာ မူလတန်းလွန်ကျောင်းဆောင်တစ်ဆောင်နှင့် ဆရာစံကျေးရွာလူနေ အိမ်တစ်လုံးတို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment