Thursday 28 May 2015

အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ၀ဲလ်ဘက်မပါ

လန်ဒန် - အာဆင်နယ်နည်းပြ ၀င်းဂါးက အသင်းတိုက်စစ်မှူးဒန် နီဝဲလ်ဘက်သည် ဒဏ်ရာမသက် သာသောကြောင့် လာမည့်စနေ နေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း အတည်ပြုသည်။ဝဲလ်ဘက်မှာ ယခုတစ်ပတ် အစောပိုင်းတွင် ဗိုလ်လုပွဲအမီပြန် ကောင်းလာနိုင်မည်ဟု မျှော်လင့် ခဲ့သော်လည်း ၎င်း၏အခြေအနေ မှာ နာလန်ထလာခြင်းမရှိပေ။

‘‘၀ဲလ်ဘက်က ကျွန်တော်တို့ အသင်းအတွက်ရော အင်္ဂလန်လက်ရွေးစင် အသင်းအတွက်ပါ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ဘောလုံး အဖွဲ့ချုပ်ကိုလည်း မနေ့ကဖုန်းဆက်ရှင်းပြပြီး သူ့ဒူးကအရိုးမှာ ဒဏ်ရာမသက်သာသေးတာ ပြောပြခဲ့ပါတယ်။ သူအနားယူဖို့ လိုနေပါတယ်’’ဟု ၀င်းဂါးကဆိုသည်။ စနေနေ့ ဗိုလ်လုပွဲတွင် ဂိုး သမားနှစ်ဦးဖြစ်သည့် အိုစပီနာနှင့် ဆက်ဇီနီတို့နှစ်ဦးအနက် မည်သူ့ကိုရွေးချယ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၀င်းဂါးက ဆိုသည်။ သို့သော် နောက်ခံလူ ဒီဘူချီနှင့်ကွင်းလယ်လူချိန်ဘာလိန်တို့မှာမူ ကြံ့ခိုင်မှုပြည့်နေ၍ ပထမပွဲထွက်စာရင်းတွင် ပါဝင်လာနိုင်ကြောင်းသိရသည်။ဤအတောအတွင်း အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အာဆင်နယ်နှင့်ကစားမည့် ဗီလာအသင်းမှ ကွင်းလယ်လူ ၀က်စ်ဝုဒ်ကလည်း ၎င်းတို့၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘင်တီကီမှာ လက်ရှိချန်ပီယံ အာဆင်နယ်ကို အိပ်မပျော်သည့်ညများဖြစ်အောင် လုပ်နိုင်ကြောင်း ချီးကျူးထားသည်။

ဘင်တီကီမှာ လက်ရှိတွင် တန်ကြေး ယူရို ၃၈ သန်းရှိပြီး ချယ်လ်ဆီးနှင့် လီဗာပူးတို့က ၎င်းကိုစိတ်ဝင်စားချိတ်ဆက်ခြင်း ခံနေရသူဖြစ်သည်ဟု ဆိုသည်။

ESPN/ Goal

No comments:

Post a Comment